စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP + SN (VOM) ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းမှာ နေထိုင်တဲ့ အရင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကျော်ကိုရဲ့ အဖေ ဦးကျော်အေးဆိုသူဟာ မနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ခံသွားရတယ်လို့ ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဦးကျော်အေးကို မနေ့မနက်ပိုင်းက ရဲတွေလာခေါ်သွားတယ် ၊ အခုတော့ တာမွေရဲစခန်း အချုပ်မှာ ထားတယ်လို့ သိရတယ် ၊ သူ့သား ကျော်ကိုကိုက အိမ်မှာမရှိတာ ကြာပြီ “လို့ ဗညားဒလလမ်းမှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သူ့မိသားစုနဲ့ နီးစပ်သူတယောက်က ” အဖမ်းခံရတဲ့ ဦးကျော်အေးဟာ မကြာခင်ကမှ မျက်စိခွဲစိတ်ထားတယ် ၊…
Read MoreDay: September 11, 2023
မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန် ပူတင်နဲ့တွေ့ဆုံဖို့ ရုရှားကို ဦးတည်သွားရောက်နေ
ဆိုးလ်၊ စက်တင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်ဟာ ရုရှားကိုသွားရောက်နေဖွယ်ရှိကြောင်း သတင်းဌာနတွေက စက်တင်ဘာ ၁၁ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ ကင်ဂျုံအန်လိုက်ပါသွားတယ်လို့ ယူဆရတဲ့ ရထားတစင်းဟာ ရုရှားအရှေ့ဖျားပိုင်း ဗလာဒီဗော့စတော့မြို့သို့ ဦးတည်သွာရောက်နေကြောင်း အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီရထားဟာ အင်္ဂါနေ့နံနက်အစောပိုင်းမှာ ရုရှားနယ်စပ်ကို ဖြတ်ကျော်သွားခဲ့ဖွယ်ရှိကြောင်း Dong-A Ilbo သတင်းစာက ရေးသားဖော်ပြထားပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒါဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ပထမဆုံးသော ရုရှားခရီးစဉ်ဖြစ်ပြီး ကင်ဂျုံအန်ဟာ ပူတင်နဲ့ ထိပ်သီးဆွေးနွေးဖွယ်ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက် မြောက်ကိုရီးယားလက်နက်တွေကို ရုရှားကို ထောက်ပံ့ဖို့ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ Ref: NHK Photo:AP #voiceofmyanmar #VOM #KimJongUn #likelyTraveling #torussia
Read Moreယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၁ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၁ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September11
Read Moreဖားကန့်မြို့နယ်ထဲမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လူ(၅)ယောက်သေဆုံး
စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးကျေးရွာ မြောက်ဘက် ၊ ဘုန်းကြီးကျောင်းနားမှာ ဒီမနက် အစောပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူ(၅)ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက မြောက်ကျောင်း ၊ ဘုန်းကြီးကျောင်းဘက်မှာ အပြန်အလှန် ပစ်ခတ်သံတွေကြားရတယ် ၊ အဲ့ဒီလို ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် လူငယ် ၅ ယောက် သေတယ် “လို့ ဟောင်ပါးရွာခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဟောင်ပါးဘက်မှာ ဒီမနက်က နယ်မြေရှင်းလင်းရေးတွေလုပ်တယ် ၊ ရန်သူ့ဘက်က အလောင်း ၅ လောင်း ၊ သေနတ်…
Read Moreဂျပန်အစိုးရအဖွဲ့နဲ့ အာဏာရပါတီ အပြောင်းအလဲ လာမယ့်ရက်ပိုင်းအတွင်း ပြုလုပ်မယ်
တိုကျို၊ စက်တင်ဘာဘ-၁၁-၂၀၂၃ မျိုးဆက်(VOM) ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဂျပန်အစိုးရအဖွဲ့နဲ့ အာဏာရပါတီရဲ့ အမှုဆောင်တွေကို လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအလဲပြုလုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အခုလိုအစိုးရအဖွဲ့နဲ့အာဏာရပါတီ အပြောင်းအလဲပြုလုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲနဲ့ဆက်စပ်ဆွေးနွေပွဲတွေတက်ရောက်စဉ် သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကီရှီဒါဟာ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီဥက္ကဌ အာဆိုတာရိုနဲ့ အထွေထွေအတွင်းရေးမှူး မိုတီဂီတိုရှီမစ်ဆူတို့ကို ရာထူးတာဝန်မှာ ဆက်လက်တာဝန်ပေးဖွယ်ရှိနေတယ်လို့ သတင်တွေထွက်ပေါ်နေပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ရွေးကောက်ပွဲမဟာဗျူဟာကော်မတီ ဥက္ကဌ မိုရီယာမာဟီရိုရှီကို ဂျပန်အစိုးရအဖွဲ့မှာ အဓိကရာထူးတခုအတွက် တာဝန်ပေးခန့်အပ်ဖို့ ဝန်ကြီးချုပ်က စဉ်းစားနေကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ သူဟာ အာဏာရပါတီနဲ့ အခြားသော အတိုက်အခံပါတီများအကြား ကျယ်ပြန့်တဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေကြောင့် လူသိများထင်ရှားသူတဦးလည်းဖြစ်ပါတယ်။ အဲဒီလိုအပြောင်းအလဲနဲ့ ရာထူးတာဝန်ခန့်ထားမှုတွေမှာ အမျိုးသမီးတွေကို ဂျပန်အစိုးရဝန်ကြီးရာထူးတွေမှာ ထပ်မံခန့်ထားမှုရှိမရှိ နိုင်ငံရေးအကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။ Ref: NHK #voiceofmyanmar #VOM #JapanPMKishida #decideCabinet #LDP…
Read Moreဆန်၊စပါးသိုလှောင်မယ်ဆိုရင် လိုင်စင်ရှိပြီးသား ပွဲရုံနဲ့ဆန်စက်တွေလည်း အွန်လိုင်းကနေမှတ်ပုံတင်ရမယ်
စက်တင်ဘာ ၁၁ – ၂၀၂၃ GG (VOM) ဆန်၊ စပါး သိုလှောင်မှုနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ မှတ်ပုံတင်ရမယ့် စနစ်မှာ လိုင်စင်ရှိပြီးသား ဆန်ပွဲရုံ ၊ ဆန်စက်တွေပါမကျန် အားလုံး မှတ်ပုံတင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ ဒါ့ကြောင့် ဆန် အိတ်ရေ ၁၀၀၀ နဲ့ စပါး တင်းရေ ၅၀၀၀ နဲ့အထက် သိုလှောင်မယ့်သူတိုင်း မှတ်ပုံတင်ပြီးမှသာ သိုလှောင်ခွင့်ရှိတော့မှာဖြစ်ကြောင်း၊ မှတ်ပုံတင် စနစ်ကို အခုစက်တင်ဘာလထဲမှာ စတင်နိုင်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။ ” သတ်မှတ် ဆန် စပါးအရေအတွက်လှောင်မယ်ဆိုရင် အကုန်လုံး မှတ်ပုံတင်ရမှာဖြစ်တယ်၊လိုင်စင်ရှိတဲ့ ပွဲရုံ၊ဆန်စက် အကုန်ပါတယ် ၊တောင်သူငယ်တွေတော့မပါဘူး၊ မပါဘူးဆိုတာမှာ တောင်သူတွေထဲလည်း စပါး ၅၀၀၀ လှောင်မယ်ဆိုရင် မှတ်ပုံတင်ရမှာပါ၊အခုလထဲ စတင်နိုင်အောင်လုပ်နေတယ်၊နောက်အကျဆုံးမှ နောက်လ ၁၅ ရက်နေ့ပါပဲ”လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ(၁)ဦးက ပြောပါတယ်။…
Read Moreဗြိတိန်ပါလီမန်မှာ တရုတ်သူလျှိုလုပ်ဖို့ကြိုးပမ်းမှု ဗြိတိန်ဝန်ကြီးချုပ် စိုးရိမ်ပူပန်
ဒေလီ၊ စက်တင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ကြောင်း စွပ်စွဲချက်နဲ့ ဗြိတိန်နိုင်ငံသားတွေကို ဖမ်းဆီးပြီးနောက် ဒီကိစ္စနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ခ်က တရုတ်ဝန်ကြီးချုပ် လီချန်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ နယူးဒေလီမှာကျင်းပတဲ့ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဗြိတိန်ဝန်ကြီးချုပ်ဆူနက်ခ်က အခုလိုက် ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ဟာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တဲ့ သံသယနဲ့ ဗြိတိန်နိုင်ငံသားနှစ်ဦးကို မတ်လအတွင်းက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆန်းဒေးတိုင်းမ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ သံသယရှိသူတွေထဲကတဦးဟာ နိုင်ငံခြားရေးမူဝါဒမှာ ပါဝင်ပတ်သက်နေတဲ့ ဥပဒေပြုအမတ်တွေအတွက် အချက်အလက်များစုဆောင်းပေးနေတဲ့ ပါလီမန်သုတေသနပညာရှင်ဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ မိမိတို့ရဲ့ပါလီမန်ဒီမိုကရေစီစနစ်မှာ ဝင်ရောက်စွက်ဖက်မှုတစုံတရာနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ပူပန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားခဲ့ပြီး နှစ်ဘက်စလုံးအနေနဲ့ မတူကွဲပြားမှုတွေကို ကောင်းစွာကိုင်တွယ်ဖြေရှင်းသင့်ကြောင်း တရုတ်ဝန်ကြီးချုပ်လီချန်းက ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #BritishPMExpresses #ConcernsToChina #overAllegedSpy #InParliament
Read MoreThis Day in History
This Day in History Voice of Myanmar အယ်လ်ခိုင်ဒါအဖွဲ့နှင့်ဆက်နွယ်နေသော စစ်သွေးကြွ ၁၉ ဦးက လေယာဉ်လေးစင်း ပြန်ပေးဆွဲပြီး အမေရိကန်ရှိ ကမ္ဘာ့ ကုန်သွယ်ရေးအဆာက်အအုံနှင့် ပင်တဂွန်စစ်ဌာနချုပ်တို့ကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၃၀၀၀ ကျော်သေဆုံးခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September11
Read Moreငါန်းဇွန်မှာ သေနတ်ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားတဲ့ အလောင်း ၄ လောင်းတွေ့
စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃ SP( VOM) မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ ငါန်းဇွန်မြို့နယ် ၊ သားကျင်းကျေးရွာအနီး ငါန်းဇွန် – ငါးမြာကားလမ်းဘေးမှာ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကသတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၄ လောင်း တွေ့ခဲ့ရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံထားရတဲ့သူတွေက အသက် ၃၀ နဲ့ ၄၀ ကြား ၊ အမျိုးသားတွေ ဖြစ်တယ် ၊ သေဆုံးသူ ၄ ယောက်စလုံးက သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ ဖြစ်တယ် ၊ ဘယ်ရွာက ဘယ်သူတွေဖြစ်တယ်ဆိုတာ မသိရသေးဘူး “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ တံတားဦးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က”…
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September11
Read More