ဆိုးလ်၊ စက်တင်ဘာ-၁၁-၂၀၂၃
မျိုးဆက်(VOM)
မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်ဟာ ရုရှားကိုသွားရောက်နေဖွယ်ရှိကြောင်း သတင်းဌာနတွေက စက်တင်ဘာ ၁၁ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
ကင်ဂျုံအန်လိုက်ပါသွားတယ်လို့ ယူဆရတဲ့ ရထားတစင်းဟာ ရုရှားအရှေ့ဖျားပိုင်း ဗလာဒီဗော့စတော့မြို့သို့ ဦးတည်သွာရောက်နေကြောင်း အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။
အဲဒီရထားဟာ အင်္ဂါနေ့နံနက်အစောပိုင်းမှာ ရုရှားနယ်စပ်ကို ဖြတ်ကျော်သွားခဲ့ဖွယ်ရှိကြောင်း Dong-A Ilbo သတင်းစာက ရေးသားဖော်ပြထားပါတယ်။ ရုရှားနဲ့မြောက်ကိုရီးယားတို့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ဒါဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ပထမဆုံးသော ရုရှားခရီးစဉ်ဖြစ်ပြီး ကင်ဂျုံအန်ဟာ ပူတင်နဲ့ ထိပ်သီးဆွေးနွေးဖွယ်ရှိနေပါတယ်။
ဒီခရီးစဉ်ဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက် မြောက်ကိုရီးယားလက်နက်တွေကို ရုရှားကို ထောက်ပံ့ဖို့ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
Ref: NHK
Photo:AP
#voiceofmyanmar #VOM #KimJongUn #likelyTraveling #torussia