ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကျော်ကိုရဲ့ အဖေ ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃
SP + SN (VOM)

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းမှာ နေထိုင်တဲ့ အရင် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကျော်ကိုရဲ့ အဖေ ဦးကျော်အေးဆိုသူဟာ မနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ခံသွားရတယ်လို့ ရန်ကုန် နိုင်ငံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဦးကျော်အေးကို မနေ့မနက်ပိုင်းက ရဲတွေလာခေါ်သွားတယ် ၊ အခုတော့ တာမွေရဲစခန်း အချုပ်မှာ ထားတယ်လို့ သိရတယ် ၊ သူ့သား ကျော်ကိုကိုက အိမ်မှာမရှိတာ ကြာပြီ “လို့ ဗညားဒလလမ်းမှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သူ့မိသားစုနဲ့ နီးစပ်သူတယောက်က ” အဖမ်းခံရတဲ့ ဦးကျော်အေးဟာ မကြာခင်ကမှ မျက်စိခွဲစိတ်ထားတယ် ၊ အသက် ၆၈ နှစ်ရှိပြီ ၊ သက်ကြီးရောဂါရှိပြီမို့ ပုံမှန်ဆေးသောက်နေရတဲ့ သူဖြစ်တယ် ၊ မိသားစုတွေ လိုက်တွေ့တယ် ၊ တွေ့ခွင့်မရခဲ့ဘူး ၊ ဒီကနေ့ မနက်ပိုင်းက ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့်ထားတယ် ၊ နိုင်ငံရေးမှုနဲ့ အရေးယူခံရတာကြောင့် ဧည့်တွေ့မပေးဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဦးကျော်အေးကို ဖမ်းဆီးဖို့နဲ့ ပတ်သက်ပြီး တယ်လီဂရမ် လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြထားတယ်လို့လည သိရပါတယ်။

ဦးကျော်အေးရဲ့သားဖြစ်သူ ဗကသ ဥက္ကဋ္ဌ ဟောင်း ကိုကျော်ကျော်ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၁ မတ်လထဲက ၅၀၅ – က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဗကသဥက္ကဋ္ဌဟောင်း #ကိုကျော်ကျော်ကို #အဖေဖြစ်သူဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW