ဘန်ကောက်၊ စက်တင်ဘာ-၁၂-၂၀၂၃
မျိုးဆက်(VOM)
ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာဗီဆင်ဟာ ထိုင်းအစိုးရရဲ့ အဓိကဦးစားပေးမူဝါဒတွေကို စက်တင်ဘာ ၁၁ ရက်က ပထမဆုံးလွှတ်တော် မိန့်ခွန်းမှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖွ့ဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ ခေတ်မီပြီး နှစ်ဦးနှစ်ဘက် လက်ခံနိုင်တဲ့ ဒီမိုကရက်တစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသွားမှာဖြစ်ပြီး ဒေသအားလုံးမှ နိုင်ငံသားတွေပါဝင်ကြဖို့ အရေးကြီးကြောင်း သူကပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ အရေးကြီးကြောင်း ဝန်ကြီးချူပ် ဆရက်သာဗီဆင်က အလေးပေးပြောဆိုပါတယ်။ ဒါပေမယ့်လည်း အချိန်အတိအကျကိုမူ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်အမတ်တွေကို စစ်တပ်က ရွေးချယ်ခန့်အပ်ထားပါတယ်။ ထိုင်းအစိုးရသစ်အနေနဲ့ မဖြစ်မနေစစ်မှုထမ်းစနစ်ကို ဖြေလျော့သွားမှာဖြစ်ပြီး စစ်တပ်ထိပ်တန်းအဆင့်တာဝန်ရှိသူတွေကိုလည်း လျှော့ချသွားမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဆရက်သာဟာ ဒီမိုကရေစီလိုလားသော ရှေ့သို့ပါတီပြီးနောက် မေလရွေးကောက်ပွဲမှာ ဒုတိယအများဆုံး ထောက်ခံမဲရရှိခဲ့တဲ့ ပွေထိုင်းပါတီမှဖြစ်ပြီး ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရိှခဲ့တဲ့ ရှေ့သို့ပါတီက ပီတာကတော့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်မခံခဲ့ရပါဘူး။
Ref:NHK
#voiceofmyanmar #VOM #ThaiPM #DeterminationToAmend #Constitution