အသတ်ခံရတဲ့ အုပ်ကြီးနေရာမှာ ထပ်ခန့်ထားတဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြန်

စက်တင်ဘာ ၁၂ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း အနောက်ပိုင်း ၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ၊စံရွေးတန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်ဟာ မနေ့ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

” သူ့သမီးဆရာဝန်ကို ဆိုင်ကယ်နဲ့ သွားကြိုပြီးပြန်လာချိန် ညနေ ၆ နာရီကျော်လောက်မှာ ပစ်ခံရတာ၊ ခလရ ၃၅ စစ်တပ်၊ သာယာအေးကျေးရွာလမ်းနားမှာ အနီးကပ်ပစ်သွားတာ။နေရာမှာ ပွဲချင်းပြီးပဲ။သမီးဖြစ်သူကိုတော့ ဘာမှလုပ်မသွားဘူး၊ သူ့အရင် အုပ်ကြီးလည်း အခုလိုပစ်သတ်ခံရတာပဲ”လို့ သာယာဝတီဒေသခံ(၁)ဦးကပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်မှာ ဦးခေါင်း နဲ့ ရင်ဘတ်ကို သေနတ် ၃ ချက်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး အသက် ၅၀ အရွယ်ရှိတယ်လို့ သိရပါတယ်။

အခုအသတ်ခံရတဲ့ အမျိုသမီးအုပ်ချုပ်ရေးမှူးဟာ အရင် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ပစ်သတ်ခံရပြီးနောက် နစက မှ ထပ်မံခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်တယ်လို့သိရပါတယ် ။

အရင် စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

စံတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ယောက်လုံးကို သာယာဝတီဂဠုန်တပ်ဖွဲ့ က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ယက်ကနေ အသိပေးထားတာကိုလည်း တွေ့ရပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်းက မြို့နယ်တွေမှာ အရင်ကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး အချို့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #သာယာဝတီ #အမျိုးသမီးအုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW