ထရီပိုလီ၊ စက်တင်ဘာ-၁၃-၂၀၂၃
မျိုးဆက်(VOM)
လစ်ဗျားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀၀ ကျော် သေဆုံးသွာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံအရှေ့ပိုင်း ဒါနာမြို့မှာ သေဆုံးသူ အများဆုံးဖြစ်ကြောင်း တာ၀န်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။
လူပေါင်းတသိန်းနေထိုင်တဲ့ ဒါနာရှိ ဆည်နှစ်ခုကျိုးပေါက်မှုကြောင့် လူနေဒေသတွေရေနစ်မြုပ်ပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
ရေဘေးကြောင်း လူရာပေါင်းများစွာ ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံအရှေ့ပိုင်းနေရာအနှံ့အပြားမှာ စာသင်ကျောင်းတွေ ပိတ်ထားခြင်းအပါအ၀င် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဝေးပြေးလမ်းမကြီးအချို့ပိတ်ထားရပြီး ဆက်သွယ်ရေးတွေ ပြတ်တောက်နေကာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေက အကဲဖြတ်မှုတွေ ပြုလုပ်နေကြပါတယ်။
Ref: NHK
#voiceofmyanmar #vom #လစ်ဗျား #ရေဘေး