စက်တင်ဘာ ၁၇ – ၂၀၂၃
SN (VOM)
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဟာ အရင်ကထက် များပြားလာနေတာကြောင့် စျေးကွက် ပိုမို တွင်ကျယ်လာနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုးတွေ ကျဆင်းလာပြီးနောက်ပိုင်း အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများလာတာကြောင့်တကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှာ ချက်ချင်းလာရောက် နေထိုင်ချင်သူ များပြားလာခြင်းတို့ကြောင့်တကြောင်း အဲ့ဒီ့ဒေသရဲ့ အိမ်ခြံမြေစျေးကွက်ဟာ အရောင်းအဝယ် ပိုဖြစ်လာတယ်လို့ သိရပါတယ်။
အခုကတော့ မြို့ပေါ်ပဲ ဂရန်မြေကွက်တွေ၊ (၁၀၅) ပါတဲ့အကွက်တွေပဲ အရောင်းအဝယ်ဖြစ်ပါတယ်။ တချို့က လယ်ယာမြေတွေ၊ ဥယျာဉ်ခြံမြေတွေ အိမ်အကွက်ရိုက်ရောင်းနေတာတွေရှိပေမယ့် အဲ့ဒါတွေက အခု အဆင်မပြေတော့ဘူးလေ။ အကွက်ကိုမှ မြို့မြေတွေဆိုရင်တော့ အဆင်ပြေတယ်။ ဈေးကတော့ အတိအကျ ပြောလို့မရဘူး။ အိမ်ရှင်ခေါ်တဲ့ဈေးနဲ့ ဝယ်သူ စစ်တဲ့ဈေးအတိုင်း နေရာဒေသပေါ်၊ လမ်းအခြေအနေပေါ် မူတည်ပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်နဲ့ သွားနေတယ် လို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့ထဲမှာ ကလေးတွေ ပညာရေးအတွက် ကိုယ်ပိုင်ကျောင်း (၁၅) ကျောင်း ရှိနေခြင်းနဲ့ အိမ်ရာစီမံကိန်းတွေ ရှိနေခြင်းတို့ကလည်း အဲ့ဒီ့မြို့မှာ ပြောင်းရွှေ့ လာရောက်နေထိုင်သူတွေအတွက် ရွေးချယ်စရာတခု ဖြစ်လာနေတယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #vom #တောင်ကြီး #အိမ်ခြံမြေ