တိုကျို၊ စက်တင်ဘ-၁၉-၂၀၂၃
မျိုးဆက်(VOM)
ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လူ ၁၀ ယောက်မှာ တယောက်နှုန်း အသက် ၈၀ နှစ်အထက်အရွယ်တွေ ဖြစ်နေကြောင်း ဂျပန် အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံတွင်းရှိ လူဦးရေ ၁၂၅ သန်းရဲ့ ၂၉ ဒသမ ၁ ရာခိုင်နှုန်းဟာလည်း အသက် ၆၅ နှစ်အထက် အရွယ်တွေအဖြစ် စံချိန်တင်နေကြောင်း ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံရှိတိုးပွားလာတဲ့ သက်ကြီးရွယ်အိုတွေအတွက် ဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကာလရှည်ကြာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အသက် ၆၀ ကျော်အရွယ်တွေဟာ ၂၀၄၀ ပြည့်နှစ်မှာ နိုင်ငံလူဦးရေရဲ့ ၃၄ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်လာမယ်လို့ ု အမျိုးသားလူဦးရေနဲ့ လူမှုဖူလုံရေး သုတေသနဌာနက ခန့်မှန်းထားပါတယ်။
အသက် ၆၅ နှစ်အထက် အလုပ်သမားတွေဟာလည်း နိုင်ငံလုံးဆိုင်ရာ လုပ်သားအင်အားရဲ့ ၁၃ ရာခိုင်နှုန်းကျော်ပါဝင်နေပြီး ဂျပန်နိုင်ငံဟာ သက်ကြီးရွယ်အိုအလုပ်လုပ်ကိုင်မှုနှုန်း အမြင့်ဆုံးရှိနေတဲ့ စီးပွာရေးအင်အားကြီးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #Japanpopulation #Onein10people #aged80 #Older