ဆစ်ခ်ခေါင်းဆောင်တဦး အသတ်ခံရမှု သံတမန်တွေကို အပြန်လှန်နှင်ထုတ်ပြီး ကနေဒါနဲ့ အိန္ဒိယအကြား တင်းမာမှုမြင့်တက်နေ

တိုရွန်တို၊ စက်တင်ဘာ-၁၉-၂၀၂၃
မျိုးဆက်(VOM)

ကနေဒါနိုင်ငံသား ဆစ်ခ်ခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံရမှုမှာ အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးရဲ့ စွပ်စွဲမှုကို အိန္ဒိယနိုင်ငံက စက်တင်ဘာ ၁၉ ရက်မှာ ပြင်းပြင်းထန်ထန် ပယ်ချလိုက်ပြီး ဒီကိစ္စအပေါ် နှစ်နိုင်ငံအကြားတင်းမာမှုတွေ မြင့်တက်နေပါတယ်။

လက်ရှိအခြေအနေမှာတော့ အိန္ဒိယနဲ့ ကနေဒါတို့ဟာ နှစ်နိုင်ငံသံတမန်တွေကို အပြန်အလှန်နှင်ထုတ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ဟာဒိပ်ဆစ်ခ်နစ်ဂျာဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ ဘုရားကျောင်းပြင်ပမှာ ဇွန် ၁၈ ရက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သူသေဆုံးမှုနဲ့ အိန္ဒိနိုင်ငံတို့အကြား ဆက်နွယ်မှုများရှိနေကြောင်း ကနေဒါထောက်လှမ်းရေးက ဖော်ထုတ်ခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကပြောပါတယ်။

ကနေဒါနိုင်ငံရဲ့ စွပ်စွဲပြောဆိုမှုဟာ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးအရ လှုံ့ဆော်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ တရားဥပဒေစိုးမိုးရေးအတွက် ခိုင်မာတဲ့ ကတိကဝတ်ရှိတဲ့ နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကနေဒါမြေမှာ ကနေဒါနိုင်ငံသားတဦးကို သတ်ဖြတ်ရာမှာ ပြည်ပအစိုးရပါဝင်ပတ်သက်နေမှုက မိမိတို့ရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့လုပ်ရပ်ဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကပြောပါတယ်။

ကနေဒါမှာ အကြမ်းဖက်မှုမှန်သမျှ အိန္ဒိယအစိုးရပါဝင်ပတ်သက်ကြောင်း စွပ်စွဲချက်တွေဟာ အဓိပ္ပါယ်မဲ့ပြီး နိုင်ငံရေးလှုံ့ဆော်မှုဖြစ်တာကြောင်း လုံးဝပယ်ချကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #IndiaExpelled #aCanadian #diplomat # JustinTrudeau

Related posts

Leave a Comment

VOM News

FREE
VIEW