လီမာ၊ စက်တင်ဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)
ပီရူးနိုင်ငံမှာ ဘတ်စ်ကားတစီး ချောက်ထဲကျ တိမ်းမှောက်မှုကြောင့် လူ ၂၄ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
အဲဒီဘတ်စ်ကားဟာ ဟွမ်ကာယိုနဲ့ ဟွမ်တာမြို့အကြား အန်ဒက်စ်တောင်တန်းဒေသမှာ ညအချိန်ခရီးထွက်ခဲ့ရာ ပေ ၆၅၀ အနက်ရှိ ချောက်အတွင်းကို ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
မတော်တဆဖြစ်ပွားရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာ လမ်းဟာ လွန်ခဲ့တဲ့တလခန့်က မြေပြိုမှုမှာ ပျက်စီးသွားတဲ့ နေရာဖြစ်ပြီး ပြန်လည်မပြုပြင်ရသေးကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
အခင်းဖြစ်ရာနေရာကို ဒေသခံတွေ ဦးစွာရောက်ရှိခဲ့ပြီး ယာဉ်ပေါ်မှာ ခရီးသည်အချို့ကို အသက်ရှင်လျက်တွေ့ရှိခဲ့ကာ ကယ်ဆယ်ရေးသမားတွေရောက်ရှိပြီးနောက် ဆေးရုံပို့ဆောင်ခဲ့ပါတယ်။
ပီရူးမှာ လမ်းမတော်တဆမှုတွေဟာ အထူးသဖြင့်ညဘက်နဲ့ တောင်တန်းထူထပ်တဲ့ ဒေသတွေမျာ အများဆုံးဖြစ်ပွားလေ့ရှိပြီး တရား၀င်ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်မှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ ၃၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။
Ref: BBC
#voiceofmyanmar#vom #ပီရူး #ဘတ်စ်ကားတိမ်းမှောက် #၂၄ယောက်သေဆုံး