ဗင်နီဇွဲလားအကျဉ်းထောင်ကို ပြန်လည်ထိန်းချုပ်ရေး တပ်ဖွဲ့ဝင် တသောင်းကျော်စေလွှတ်

ကရာကတ်စ်၊ စက်တင်ဘာ-၂၁-၂၀၂၃
မျိုးဆက်(VOM)

ဗင်နီဇွဲလားနိုင်ငံမှာ သြဇာကြီးရာဇဝတ်ဂိုဏ်းရဲ့ သိမ်းပိုက်ခြင်းခံထားရတဲ့ အကြီးဆုံးအကျဉ်းထောင်တွေထဲကတခုကို ပြန်လည်ထိန်းချုပ်ဖို့ အတွက် ဗင်နီဇွဲလားတပ်ဖွဲ့ဝင် တသောင်းတစ်ထောင်ကျော်ကို စေလွှတ်ခဲ့ရပါတယ်။

ဗင်နီဇွဲလားနိုင်ငံ နိုင်ငံမြောက်ပိုင်း တိုကိုရွန်အကျဉ်းထောင်ဟာ ထရန်ဒီအာရာဂွါဂိုဏ်းရဲ့ ထိန်ချုပ်မှုအောက်မှာ နှစ်အတော်ကြာ ရှိနေခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီဂိုဏ်းသားတွေဟာ ရေကူးကန်၊ နိုက်ကလပ်နဲ့ တိရိစ္ဆာန်ရုံအသေးစားတွေအပါအဝင် ဟိုတယ်လိုမျိုုဒ အဆောက်အအုံတွေပါရှိတဲ့ အကျဥ်းထောင်ဝန်းကျင်းမှာ လွတ်လပ်စွာ သွားလာနိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

လွတ်လပ်စွာသွားလာနေထိုင်သူအများအပြားဟာ အခြားပြစ်ဒဏ်ကျအကျဉ်းသားတွေနဲ့ ပြစ်ဒဏ်အသီးသီးကျခံနေရသူတွေဖြစ်ပါတယ်။ အဲဒီအကျဉ်းထောင်ကနေ အကျဉ်းသား ၆၀၀၀ ကျော်ကို အခြားထောင်တွေဆီ ရွှေ့ပြောင်းပေးမယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။

လက်ရှိမှာတော့ အကျဥ်းထောင်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရာဇဝတ်မှုဗဟိုချက်ကို ဖြိုခွင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:BBC
#voiceofmyanmar #VOM #Venezuela #Battles #police #gangs

Related posts

Leave a Comment

VOM News

FREE
VIEW