ဝါဆော၊ စက်တင်ဘာ-၂၁-၂၀၂၃
မျိုးဆက်(VOM)
ယူကရိန်းအတွက် လက်နက်တွေထောက်ပံ့ပေးတော့မှာမဟုတ်ကြောင်း ယူကရိန်းမဟာမိတ်မိတ်ဖြစ်တဲ့ ပိုလန်က စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယူကရိန်းကောက်ပဲသီးနှံတွေ တင်ပို့ရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki က အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။
အဲဒီလို ယူကရိန်းကို ထောက်ပံ့မယ့်အစား ပိုမိုခေတ်မီတဲ့လက်နက်တွေနဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပိုလန်ကိုခေတ်မီလက်နက်တွေ တပ်ဆင်နေတာကြောင့် ယူကရိန်းအတွက် ထောက်ပံ့နိုင်ခြင်းမရှိတော့ကြောင်း ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ယူကရိန်းသမ္မတဇီလန်စကီး ပြောဆိုခဲ့တဲ့ ကောက်ပဲသီးနှံတင်ပို့ရေး မှတ်ချက်နဲ့ပတ်သက်ပြီး ပိုလန်ဟာ ယူကရိန်းသံအမတ်ကို အင်္ဂါနေ့က ဆင့်ခေါ်ခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကကျူးကျော်ပြီးနောက် ယူကရိန်းရဲ့ ပို့ကုန်တွေဟာ ပင်လယ်နက်လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ခံခဲ့ရတာကြောင့် အခြားကုန်းတွင်းလမ်းကြောင်းတွေကိုသာ ယူကရိန်းက ရှာဖွေနေရပါတယ်။
ဒါကြောင့် ယူကရိန်းကောက်ပဲသီးနှံဈေးကျမှာကို စိုးရိမ်နေတဲ့ ဒေသခံလယ်သမားတွေကို ကာကွယ်ဖို့အတွက် ဥရောပသမဂ္ဂဟာ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယားနိုင်ငံတို့က ကောက်ပဲသီးနှံတင်သွင်းမှုတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။
Ref:BBC
#voiceofmyanmar #VOM #ဝါဆော