နှစ်နိုင်ငံ တင်းမာမှုတွေကြောင့် ကနေဒါနိုင်ငံသားတွေကို ဗီဇာထုတ်ပေးမှု အိန္ဒိယရပ်ဆိုင်း

ဒေလီ၊ စက်တင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) ကနေဒါနိုင်ငံမှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တင်းမာမှုတွေမြင့်တက်နေစဉ်မှာ ကနေဒါနိုင်ငံသားတွေအတွက် ဗီဇာထုတ်ပေးခြင်းကို အိန္ဒိယက စက်တင်ဘာ ၂၁ ရက်မှာ ရပ်ဆိုင်းလိုက်ပါတယ်။ အခုလို ဗီဇာထုတ်ပေးခြင်း ယာယီရပ်ဆိုင်းရတာဟာ ကနေဒါရှိ အိန္ဒိယသံရုံးရဲ့ လုပ်ငန်းဆောင်တာတွေကို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်ကြောင်း အိန္ဒိယဘက်က ထုတ်ပြန်ထားပါတယ်။ ဇွန် ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ ဆစ်ခ်ခေါင်းဆောင်သေဆုံးမှုမှာ နောက်ကွယ်ကနေ အိန္ဒိယနိုင်ငံ ပါဝင်ပတ်သက်နေနိုင်ကြောင်း ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ပြောဆိုပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ အဲဒီစွပ်စွဲချက်ဟာ အိန္ဒိယနဲ့ ပြသနာဖြစ်ဖို့ မရည်ရွယ်ကြောင်း ၊ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနနဲ့ ကနေဒါနိုင်ငံသားတွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကနေဒါဝန်ကြီးချုပ်က စက်တင်ဘာ ၂၁ ရက်ှာ ပြောပါတယ်။ အိန္ဒိယနိုင်ငံကတော့ အဲဒီစွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူး ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ကုန်သွယ်ရေးနဲ့…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၂ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၂၂ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September22nd

Read More

တန့်ဆည်မြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး ရဲ ၅ ဦး နဲ့ပြည်သူ့စစ် ၄ ဦး သေဆုံး

စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ မေတ္တာမြိုင်ရပ်ကွက် ၊ မြို့နယ် စုပေါင်းရုံးနားမှာ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး ရဲနဲ့ပြည်သူ့စစ်တချို့ သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၁ နာရီဝန်းကျင်က တိုက်ပွဲစဖြစ်တယ် ၊ လဝကရုံး မီးလောင်သွားတယ် ၊ မြို့နယ်တရားရုံး ၊ မြို့နယ်ပညာရေးမှူးရုံးတွေလည်း ပစ်ခံရတယ် ၊ အခုချိန်ထိတော့ အဲ့ဒီရုံးတွေထဲကို ဝင်ရောက်စစ်ဆေးတာ မရှိတဲ့အတွက် အပျက်အစီး ဘာတွေရှိမလည်းဆိုတာ မသိရသေးဘူး ၊ ညကဖြစ်စဥ်မှာ ရဲ ၅ ယောက်နဲ့ ပြည်သူ့စစ် ၄ ယောက် သေတယ် ၊…

Read More

ဖိလစ်ပိုင်မှာ မီးတောင်ပေါက်ကွဲနိုင်ခြေကြောင့် မြို့ကြီးငါးမြို့က စာသင်ကျောင်းတွေ ပိတ်ထားပြီး ဒေသခံတွေကို သတိပေးချက်ထုတ်ပြန်

မနီလာ ၊ စက်တင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီး မီးတောင်တခု အသေးစားပေါက်ကွဲပြီး ဆာလဖာဒိုင်အောက်ဆိုက်နဲ့ မီးခိုးတွေထွက်ရှိနေတာကြောင့် မြို့ကြီးငါးမြို့ရှိ စာသင်ကျောင်းတွေကို ပိတ်ထားပြီး မြို့ငယ်ဒါဇင်များစွာ က ဒေသခံတွေကို အိမ်ထဲမှာနေကြဖို့ အမိန့်ထုတ်ထားပါတယ်။ တားလ်မီးတောင်မှ ချော်ရည်ပူတွေနဲ့ မီးခိုးတွေထွက်ရှိမှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်နေကြောင်း ပြည်နယ် မီးတောင်းနဲ့ မြေငလျင်စောင့်ကြည့်လေ့လာရေးဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီမီးတောင်ဟာ ဘာတန်ဂက်ပြည်နယ်မှာရှိပြီး ပေ ၁၀၂၀ အမြင့်ရှိကာ ဖိလစ်ပိုင်ရှိ မီးတောင် ၂၄ ခုအနက် လှုပ်ရှားမှုအရှိဆုံးမီးတောင်းထဲမှာ ပါဝင်နေပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကလည်း ပြာတွေနဲ့ မီးခိုးတွေတွေ ၉ ဒသမ ၃၂ မိုင်ထိ မှုတ်ထုတ်ခဲ့ပြီး လူတသိန်းကျော်ကို ဘေးလွတ်ရာသို့ ရေ့ွှ့ပြောင်းပေးခဲ့ရကာ မြို့တော်မနီလာထိ ပြာတွေကျရောက်မှုကြောင့် လေယာဉ်ခရီးစဉ် ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းခဲ့ရပါတယ်။ မီးတောင်းက ထွက်ရှိလာတဲ့ မီးခိုးမြူတွေကြောင့် ဘာတန်ဂက်ပြည်နယ်က ဒေသခံတွေမှာ…

Read More

ရုရှားအတွက် စပိုင်လုပ်သူငါးယောက် ဗြိတိန်မှာ တရားစွဲခံရ

လန်ဒန်၊ စက်တင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားအတွက် စပိုင်လုပ်ကြောင်း သံသယရှိသူငါးယောက်ကို ဗြိတိန်အာဏာပိုင်တွေက တရားစွဲဆိုလိုက်ပြီး လာမယ့် အင်္ဂါနေ့မှာ ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။ သံသယရှိသူငါးယောက်ဟာ ဘူလ်ဂေးရီးယားနိုင်ငံသားတွေဖြစ်ကြပြီး ၂၀၂၀ ခုနှစ်သြဂုတ်လကနေ ၂၀၂၃ ခုနှစ် အတွင်း ရုရှားအတွက် အသုံးဝင်မယ့် ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ သူတို့ငါးယောက်ဟာ ရုရှားထောက်လှမ်းအတွက် သူလျှိုဆဲလ်တခုမှာ အလုပ်လုပ်ခဲ့ကြပြီး အဲဒီလုပ်ငန်းစဉ်မှာ ပစ်မှတ်တွေကို စောင့်ကြည့်ထောက်လှမ်းခြင်းတွေပါဝင်ကြောင်း ဗြိတိန်အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။ သံသယတရားခံတွေဟာ ဗြိတိန်နှဲ့ ဥရောပတို့မှာ စစ်ဆင်ရေးတွေကို တက်ကြွစွာလုပ်ဆောင်ခဲ့ကြပြီး ရုရှားအတွက် သတင်းအချက်အလက်တွေ စုဆောင်းခြင်းနဲ့ ပေးပို့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ သံသယရှိသူသုံးဦးနေထိုင်ရာကို ဝင်ရောက်စီးနှင်းရာမှာတော့ ဗြိတိန်၊ ဘူလ်ဂေးရီးယား၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ခရိုအေးရှားနိုင်ငံကူးလက်မှတ်အတုတွေနဲ့ စာရွက်စာတမ်းများကိုအာဏာပိုင်များက တွေ့ရှိခဲ့ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

မန္တလေး – မြစ်ကြီးနားရထားလမ်းမှာ လူ ၂ ဦး ပစ်သတ် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၂၂ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ သုံးဆင့်ကန်ကျေးရွာနားမှာရှိတဲ့ မန္တလေး – မြစ်ကြီးနားရထားလမ်းမှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ပစ်သတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ရထားလမ်း လုံခြုံရေးအဖွဲ့က ပစ်သတ်ဖမ်းဆီးတာဖြစ်တယ် ၊ သေဆုံးသူတွေက ဒေသခံတွေဖြစ်နိုင်တယ် ၊ နာမည်သိရင်တောင် မပြောရဲကြဘူး ၊ နောက်ဆက်တွဲ အိမ်နဲ့ ဝန်းခြံတွေ ချိပ်ပိတ်သိမ်းဆည်းခံရမှာ ကြောက်လို့ မပြောရဲကြတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ သုံးဆင့်ကန်ရွာခံတယောက်က ” ဖြစ်တဲ့အချိန်က ကျွဲကျောင်း ၊ နွားကျောင်းလွတ်တဲ့အချိန်ဆိုတော့ နွားကျောင်းသားတွေကို ထင်ကြေးနဲ့ မှားပစ်တယ်လို့ အစက အဲ့ဒီလို ယူဆမိတယ် ၊ ပစ်သတ်ခံရတဲ့…

Read More

This Day in History

This Day in History Voice of Myanmar အငြင်းပွားဖွယ် ကက်ရှ်မီးယားအရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ၁၉၆၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September22nd

Read More

အီရန်မှာ အမျိုးသမီးတွေ မ​လျော်မကန်ဝတ်စားရင် ထောင် (၁၀) နှစ်ချခံရတော့မယ်

တီဟီရန်၊ စက်တင်ဘာ-၂၂-၂၀၂၃ မျိုးဆက်(VOM) အီရန်ပါလီမန်ဟာ ၀တ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်းတွေ ကိုချိုးဖောက်တဲ့ အမျိုးသမီးတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တိုးမြှင့်တဲ့ အငြင်းပွားဖွယ်ဥပဒေ ဥပဒေကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။ အမျိုးသမီးတွေ မလျော်မကန်၀တ်စားဆင်ယင်မှုအတွက် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ့ ဥပဒေကို သုံးနှစ်ကြာ စမ်းသပ်ကျင့်သုံးဖို့ ပါလီမန်က သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဥပေဒအဖြစ် တရား၀င်သက်၀င်စေဖို့ အတွက် အီရန်ဥပဒေပြုကောင်စီက အတည်ပြုဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ မလျော်မကန်၀တ်စားတဲ့ အမျိုးသမီးတွေကို ထောင်ဒဏ် ၁၀ ရက် သို့မဟုတ် နှစ်လအပြင် ဒဏ်ငွေရိုက်ခံရမှာဖြစ်ပြီး ပြစ်ဒဏ်တွေတိုးမြင့်တဲ့ ဥပဒေကြမ်းကို ပါလီမန်မှာ ထောက်ခံမဲ ၁၅၂ မဲ၊ ကန့်ကွက်မဲ ၃၄ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ မလျော်မကန် ၀တ်ဆင်တယ်ဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် မာရှာအမ်မီနီ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက် တနှစ်အကြာမှာ လက်ရှိ ဥပဒေပြဌာန်းချက် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အဲဒီအမျိုးသမီး သေဆုံးမကြောင့်…

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၂ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၂၂ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September22nd

Read More

ပြည်ပကို ဆန်တင်ပို့သူတွေ စနစ်တကျ ရောင်း/ဝယ်ဖို့နဲ့ပတ်သက်ပြီး MRFအသိပေး

စက်တင်ဘာ ၂၂ – ၂၀၂၃ KT -GG (VOM) ပြည်ပကို ဆန်တင်ပို့တဲ့ Exporterတွေအနေနဲ့ တောင်သူတိုက်ရိုက်မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသတွေက ကုန်စည်ဒိုင်တွေကတဆင့် စနစ်တကျ ဝယ်ယူရေးကို ဦးစားပေး ပြုလုပ်ဖို့အပြင် ဆန်စပါးထွက်ရှိရာဒေသက ဝယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ တိုင်း/ပြည်နယ် လုပ်ငန်းအဖွဲ့၊ မြို့နယ်လုပ်ငန်းအဖွဲ့ထံ အသိပေးတင်ပြပြီးမှ ဝယ်ယူဖို့ အပါအဝင် သတိပေးချက်တွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က မနေ့စက်တင်ဘာ ၂၁ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။ နောက်ပြီး Exporter တွေနဲ့ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်း စတဲ့ ပြည်တွင်းစား ဆန် ကို ဝယ်ယူသိုလှောင်သူတွေအနေနဲ့ နယ်မြေဖြတ်ကျော် (တိုင်း/ ပြည်နယ် ဖြတ်ကျော်)ပြီး စပါး ဝယ်ယူ​ခြင်းကိုလည်း ကြိုတင်အသိပေးခွင့်ပြုချက် မရှိဘဲ မလုပ်ဖို့၊ စပါးဝယ်ယူမယ့် နေရာမှာ ကိုယ်ပိုင်ဆန်စက် ဒါမှမဟုတ် သိုလှောင်ရုံတည်ရှိတဲ့ ကျောထောက်နောက်ခံရှိမှသာ စပါးဝယ်ယူစုဆောင်းဖို့လည်း…

Read More
VOM News

FREE
VIEW