ရုရှားအတွက် စပိုင်လုပ်သူငါးယောက် ဗြိတိန်မှာ တရားစွဲခံရ

လန်ဒန်၊ စက်တင်ဘာ-၂၂-၂၀၂၃
မျိုးဆက်(VOM)

ရုရှားအတွက် စပိုင်လုပ်ကြောင်း သံသယရှိသူငါးယောက်ကို ဗြိတိန်အာဏာပိုင်တွေက တရားစွဲဆိုလိုက်ပြီး လာမယ့် အင်္ဂါနေ့မှာ ရုံးတင်စစ်ဆေးသွားမှာဖြစ်ပါတယ်။

သံသယရှိသူငါးယောက်ဟာ ဘူလ်ဂေးရီးယားနိုင်ငံသားတွေဖြစ်ကြပြီး ၂၀၂၀ ခုနှစ်သြဂုတ်လကနေ ၂၀၂၃ ခုနှစ် အတွင်း ရုရှားအတွက် အသုံးဝင်မယ့် ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို စုဆောင်းဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

သူတို့ငါးယောက်ဟာ ရုရှားထောက်လှမ်းအတွက် သူလျှိုဆဲလ်တခုမှာ အလုပ်လုပ်ခဲ့ကြပြီး အဲဒီလုပ်ငန်းစဉ်မှာ ပစ်မှတ်တွေကို စောင့်ကြည့်ထောက်လှမ်းခြင်းတွေပါဝင်ကြောင်း ဗြိတိန်အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

သံသယတရားခံတွေဟာ ဗြိတိန်နှဲ့ ဥရောပတို့မှာ စစ်ဆင်ရေးတွေကို တက်ကြွစွာလုပ်ဆောင်ခဲ့ကြပြီး ရုရှားအတွက် သတင်းအချက်အလက်တွေ စုဆောင်းခြင်းနဲ့ ပေးပို့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

သံသယရှိသူသုံးဦးနေထိုင်ရာကို ဝင်ရောက်စီးနှင်းရာမှာတော့ ဗြိတိန်၊ ဘူလ်ဂေးရီးယား၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ခရိုအေးရှားနိုင်ငံကူးလက်မှတ်အတုတွေနဲ့ စာရွက်စာတမ်းများကိုအာဏာပိုင်များက တွေ့ရှိခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #Russia #charged #UK #Spy

Related posts

Leave a Comment

VOM News

FREE
VIEW