This Day in History

This Day in History Voice of Myanmar ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချပြီး စစ်တပ်က ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် သွေးထွက်သံယိုမရှိ အာဏာသိမ်းမှုပြုလုပ်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September19th

Read More

ပျောက်ဆုံးနေတဲ့ အမေရိကန်ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့ အပျက်အစီးတွေ ရှာတွေ့ပြီ

ဝါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားမှာ လေယာဉ်မှူးဘေးလွတ်ရာကို ခုန်ထွက်ပြီးနောက် ပျက်ကျသွားတဲ့ အက်ဖ်-၃၅ ကိုယ်ပျောက် အဆင့်မြင့်ဂျက်တိုက်လေယာဉ်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ရေဒါစနစ်တွေကို ရှောင်ရှားနိုင်တဲ့ အဲဒီလေယာဉ်ဟာ စက်တင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ ပျောက်ဆုံးသွားတာဖြစ်ပြီး ဒေါ်လာသန်း ၁၀၀ တန်ဖိုးရှိ လေယာဉ်ရဲ့ အပျက်အစီးတွေကိုတော့ ဝီလီယံဘာဂ်ကောင်တီ ကျေးလက်ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ လေယာဉ်မှူးအခန်းကနေ ခုန်ထွက်ပြီး မြောက်ချာလ်စတန်အရပ်မှာ လေထီးနဲ့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး လေယာဉ်အပျက်အစီးတွေကို ရှာတွေ့ဖို့ အာဏာပိုင်တွေဟာ ပြည်သူတွေကို အကူအညီ တောင်းခံခဲ့ရပါတယ်။ လေယာဉ်မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ အသေးစိတ်အချက်အလက်တွေ မထုတ်ပြန်သေးဘူးလို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ တိုက်လေယာဉ်ကို လေယာဉ်မှူးက စွန့်ခွာချိန်မှာ အလိုအလျောက်မောင်းနှင်တဲ့စနစ်ကို ထားရှိခဲ့ပြီး လေယာဉ်သည် အချိန်အတော်ကြာ ပျံသန်းခဲ့တာကြောင့်…

Read More

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၉ ရက်၊ နံနက် ၁၀ နာရီ)

ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၉ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September19th

Read More

ကပစ ၂၃ ကျောင်း ပစ်ခတ်ခံရလို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ကျောမြို့နယ်ခွဲ ၊ ကန့်သတ်ကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်းက ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားလို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်သေဆုံးတယ်လို့ ကျောမြို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၄ နာရီမှာ ဖြစ်တာပါ ၊ ကန့်သတ်ရွာ စာသင်ကျောင်းမှာ လုံခြုံရေးယူထားတဲ့ အဖွဲ့ကို ပစ်ခံရတာဖြစ်တယ် ၊ ၃ ဦးသေတယ်” လို့ ဒေသခံ ပရဟိတသမား တယောက်ကပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဂန့်ဂေါခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ကျောမြို့ရဲ့ မြောက်ဘက် ၁၂ မိုင်ခန့်ဝေးတယ် ၊…

Read More

လှိုင်သာယာမှာ ယာဥ်တိုက်မှုဖြစ်ပြီး ကားအောက်ပိမိလို့ ၃ ဦးသေဆုံး

စက်တင်ဘာ ၁၈ – ၂၀၂၃ SN (VOM) ဒီနေ့ စက်တင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီခွဲဝန်းကျင်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီး အနော်ရထာလမ်းမကြီးပေါ်မှာ ကား မတော်တဆမှု တခု ဖြစ်ပွားခဲ့ကာ ကားအောက်ပိမိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အတွင်း သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်အတွင်း သေဆုံးသူတွေဟာ အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦးဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ အမျိုးသား (၃) ဦးနဲ့ အမျိုးသမီး (၂) ဦး၊ စုစုပေါင်း (၅) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “ဖယ်ရီကားနှစ်စီးတိုက်တာပါ။ ဖယ်ရီကားနှစ်စီးတိုက်တာဆိုပေမယ့်လည်း ကားပေါ်ကလူတွေထိတာမဟုတ်ဘူး။ ကားမှတ်တိုင်မှာစောင့်နေတဲ့လူတွေ ထိခိုက်တာပေါ့။ ကားအောက်ကို ပိမိကုန်ကြတာ။ သေဆုံးသူ‌တွေမှာ (၂)…

Read More

ပုလောမြို့နယ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ လူ ၁၄ ဦး သေဆုံး

စက်တင်ဘာ ၁၈ ၊ ၂၀၂၃ SP ( VOM) တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ မဒေါင်ကျေးရွာနားမှာ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လူ ၁၄ ဦးသေဆုံးခဲ့တယ်လို့ ပုလောမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းကတည်းက မဒေါင်ကျေးရွာနားမှာ ပစ်ခတ်သံတွေကြားရတယ် ၊ စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပစ်ကြတာလို့ ပြောတယ် ၊ လူ ၁၄ ယောက်အသေဖမ်းမိတယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တနင်္သာရီတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပုလောနယ်ထဲမှာ မီးရှို့ လူသတ် ဓားမြတိုက် စတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားတာကြောင့် စစ်ကြောင်းအဖွဲ့က နယ်မြေရှင်းလင်းတာတွေရှိတယ် ၊ အဲ့ဒီလို ရှင်းလင်းတဲ့ခါ ဒီမနက်ပိုင်းက မဒေါင်ရွာနားမှာ လက်နက်ကိုင်အဖွဲ့တခုနဲ့ ထိတွေ့မှုဖြစ်တယ် ၊…

Read More

ရုံးထုတ်ချိန် ကျန်းမာရေးဆိုးဝါးလာလို့ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရ

စက်တင်ဘာ ၁၈ – ၂၀၂၃ SN + MM (VOM) အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ဒီနေ့ စက်တင်ဘာ ၁၈ ရက် နေ့လယ်က တရားရုံးထုတ်စစ်ဆေးချိန်မှာ ကျန်းမာရေးဆိုးဝါးလာတာကြောင့် စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ စစ်တွေမြို့နယ်တရားရုံးမှာ တတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးချိန် သွေးတိုးနေတဲ့အတွက် တရားရေးတာဝန်ရှိသူတွေက မြို့နယ်ဆေးရုံ အရေးပေါ် ပို့ဆောင်ခိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ “သူက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဖျားနေတာလို့ သိရတယ်။ သွေးတိုးလည်းရှိတယ်။ သူသောက်နေကျဆေးက အဆက်ပြတ်သွားတာလည်း ပါတာပေါ့။ ပြီးတော့ အရင်က ဖြစ်ခဲ့တဲ့ ခူနာကလည်း ပြန်ဖြစ်နေတယ်။ အဲ့ဒါကိုမှ အချုပ်ထဲမှာ ခြင်တွေကိုက်ခံရတော့ ယားယံတာတွေက ပိုဆိုးနေတာပေါ့။ ဒီနေ့မှာ သွေးကအရမ်းတိုးနေတော့ စစ်တွေဆေးရုံကို အရေးပေါ် ပို့လိုက်ရတာ”လို့ စစ်တွေတရားရုံးနဲ့ နီးစပ်သူတဦးက…

Read More

တုတ်ကြီးကျေးရွာမှာ လူ ၆ ဦး ပစ်သတ်ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ကသာမြို့နယ် ၊ တုတ်ကြီးကျေးရွာမှာ မနေ့ စက်တင်ဘာ ၁၇ ရက်က လူ ၆ ဦးကို ပစ်သတ်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ရွာမှာဖြစ်တာပါ နယ်မြေရှင်းလင်းရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ပြီး လူ ၆ ဦး အသေပစ်ဖမ်းတယ်၊ သေတဲ့ သူတွေက ဘယ်သူတွေဆိုတာ အခုထိ မသိရသေဘူး ၊ စုံစမ်းနေတုန်း “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကသာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဲ့ဒီ တုတ်ကြီးရွာကို အမည်မသိ (စုံစမ်းဆဲ)အဖွဲ့လာတယ် ၊ အဲ့ဒီသတင်းကို ရတာနဲ့ လုံခြုံရေးအဖွဲ့တွေက အချိန်မှီသွားရောက်ပြီး နယ်မြေရှင်းလင်းတယ် ၊ ထိတွေ့မှုဖြစ်ပြီး…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၈ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၈ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #September18th

Read More

ဒီရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သတ်ဖြတ်ခံရ

စက်တင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP (VOM) ဒီရက်ပိုင်းအတွင်း တနိုင်ငံလုံး အတိုင်းအတာနေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်းသတ်ဖြတ်ခံရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က မွန်ပြည်နယ် ၊ ရေးမြို့ ၊ အောင်သုခရပ်ကွက်ထဲမှာ ကားနဲ့လာတဲ့ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု ၁၁ က ရဲအုပ် မြင့်လွင် ဆိုသူ ပစ်သတ်ခံရတယ် ၊ နားထင်ပွင့်ထွက်ပြီး နေရာမှာတင် ကားပေါ်မှာ သေတယ် “လို့ ရေးမြို့ခံ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ နေပြည်တော် ရဲချုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ၊ နေ့လယ်ပိုင်းအချိန်က ရန်ကုန် ၊ ရွှေပြည်သာ တပင်ရွှေထီးလမ်းက လက်ဘက်ရည်ဆိုင်ထဲမှာ ကယားပြည်နယ် ၊…

Read More
VOM News

FREE
VIEW