စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ မိုးကောင်းမြို့က ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ အမျိုးသမီးဟာ မနေ့ စက်တင်ဘာ ၁၂ ရက်က ချုပ်နှောင်စစ်ဆေးနေစဥ် သေဆုံးသွားတယ်လို့ မိုးကောင်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဇင်ယော် စက်သုံးဆီဆိုင် ပိုင်ရှင် ဦးမိုးကျော်နဲ့ သူ့မိန်းမ ဒေါ်ခင်မာရွှေ လင်မယား ၂ ယောက်ကို အခုလ (စက်တင်ဘာ ၆)ရက်နေ့က ဖမ်းသွားတယ် ၊ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရဘူး ၊ သူတို့ ဖမ်းပြီးနောက် သူတို့ရဲ့ ဇင်ယော် စက်သုံးဆီ အရောင်းဆိုင် အဆောက်အဦကို မြေထိုးစက်နဲ့ ထိုးကော်ဖျက်စီးခံရတယ် “လို့ မိုးကောင်းဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မိုးကောင်းမြို့ခံ ပရဟိတသမားတယောက်က ”…
Read MoreMonth: September 2023
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၃ ရက်၊ ညနေ ၄ နာရီ)
ယနေ့ ရွှေဈေး (စက်တင်ဘာ- ၁၃ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September13
Read Moreအိန္ဒိယမှာ နီးပါးဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးဆုံးပြီးနောက် သတိပေးချက် ထုတ်ပြန်ထား
ဒေလီ၊ စက်တင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်တွင် နီပါးဗိုင်းရပ်စ်ကြောင်း လူနှစ်ဦးသေဆုံးပြီးနောက် အာဏာပိုင်တွေက စက်တင်ဘာ ၁၃ ရက်မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ လူသေဆုံးမှုတခုဟာ ယခုလအစောပိုင်းမှာဖြစ်ပွားခဲ့ပြီး နောက်တဦးကတော့ သြဂုတ် ၃၀ ရက်မှာ သေဆုံးခဲ့တာဖြစ်ပြီး ကီရာလာပြည်နယ် ကိုဇ်ဟီကုတ်ခရိုင်မှာ ဖြစ်ပွားခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေရဲ့ ဆွေမျိုးသားချင်းနှစ်ဥၤီးဟာလည်း နီပါးဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ဆေးရုံတက်ကုသမှုခံယူနေရပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ကီရာလာပြည်နယ်မှာ စတုတ္ထအကြိမ်မြောက် နီပါးဗိုင်းရပ်စ် ကူးစက်မှုလည်း ဖြစ်ပါတယ်။ နီးပါးဗိုင်းရပ်စ်ဟာ ဝက်နဲ့ လင်းနို့တွေကနေ လူကိုကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ဖြစ်ကြောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ မသန့်ရှင်းတဲ့ အစားအစာ သို့မဟုတ် ရောဂါပိုးရှိသူတွေနဲ့ ထိတွေ့မှုကနေ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ တခါတရံ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ မပြတတ်ပေမယ့် အချို့မှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်လက္ခဏာတွေ ပြတတ်ပြီး ဦးနှောက်ကို ထိခိုက်စေတဲ့ထိ ပြင်းထန်တတ်ပါတယ်။…
Read Moreမီဇိုရမ်မှာ မြန်မာနိုင်ငံသား ၂ ဦးဆီက ကျည်ဆံတွေ ဖမ်းဆီးရမိ
စက်တင်ဘာ ၁၃ ၊ ၂၀၂၃ SP ( VOM) မြန်မာ – အိန္ဒိယ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်းတွယ်လ် (Lawngtlai) ခရိုင် ၊ ဆိုက်ဟားမြို့နယ်ထဲမှာ မနေ့ စက်တင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံသား ၂ ဦးဆီကနေ တရားမဝင် ကျည်ဆံတွေ သယ်ဆောင်လာတာကို ဖမ်းဆီးရမိတယ်လို့ မီဇိုရမ်ပြည်နယ် သတင်းဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ” မနေ့က ဖမ်းမိတာဖြစ်တယ် ၊ မြန်မာနိုင်ငံသား ၂ ဦးနဲ့ မီဇိုရမ် ဒေသခံ ၁ ဦး အပါအဝင် ၃ ဦး အဖမ်းခံရတယ် ၊ သူတို့က မြန်မာဘက်ကို ဖြတ်ဝင်နိုင်ဖို့ ဆိုင်ကယ် ၃ စီးနဲ့ အသွား အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ်ပြည်နယ်…
Read Moreရုရှားသမ္မတပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ရုရှားမှာတွေ့ပြီ
မော်စကို၊ စက်တင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ရုရှားအရှေ့ဖျားပိုင်းမှာ စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။ ပူတင်နဲ့ ကင်ဂျုံအန်တို့ဟာ ရုရှားအရှေ့ပိုင်း အမ်မာဒေသရှိ ခေတ်မီအာကာသလွှတ်တင်ရေးစင်တာမှာ တွေ့ဆုံခဲ့ကြရာ တွေ့ဆုံရတာကြောင့် ဝမ်းသာကြောင်း ပူတင်ကပြောဆိုခဲ့ပြီး ဖိတ်ကြားမှုနဲ့ ကြိုဆိုမှုအတွက် ကျေးဇူးတင်ကြောင်း ကင်ဂျုံအန်က ပြန်လည်ပြောကြားခဲ့သည်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုနေရတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုကို အမေရိကန်နဲ့မဟာမိတ်တွေက အနီးကပ်စောင့်ကြည့်နေကြပြီး နှစ်နိုင်ငံအကြား လက်နက်အရောင်းအဝယ်ကိစ္စဆွေးနွေးမယ်လို့ သံသယရှိနေပါတယ်။ ၁၈ လကြာမြင့်ပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့လက်နက်ခဲယမ်းမီးကျောက်တွေ နည်းပါးလာတာကြောင့် မြောက်ကိုရီးယားဆီက လက်နက်တွေရယူရေးကို ပူတင်နဲ့ကင်ဂျုံအန်ဆွေးနွေးဖွယ်ရှိကြောင်း သတင်းတွေကို နှစ်ဘက်စလုံးက ငြင်းဆိုထားပါတယ်။ မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့လေးလအတွင်း ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ဖို့ ကြိုးပမ်းမှုမအောင်မြင်ဖြစ်ခဲ့ပြီး ရုရှားဆီက နည်းပညာအကူအညီရယူနိုင်ကြောင်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။ မြောက်ကိုရီးယားနဲ့ ကင်ဂျုံအန် မတွေ့ဆုံခင်…
Read MoreThis Day in History
This Day in History Voice of Myanamr ရုရှားတို့၏ နောက်ထပ်နျူကလီးယားစမ်းသပ်မှုများအပြီး ၁၀ ရက်အကြာ ၁၉၆၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အမေရိကန်သည် မြေအောက်နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်လုပ်ဆောင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September13
Read Moreယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ)
ယနေ့ ရွှေဈေးအဖွင့် (စက်တင်ဘာ- ၁၃ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၀၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September13
Read Moreတိုက်ပွဲရှောင် ကလေး ၃၀၀ ကျော် ရာသီပေါ် တုပ်ကွေးဖြစ်နေပြီး ဆေးဝါးကုသခွင့်မရသေး
စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းက တိုက်ပွဲရှောင်နေရာတွေမှာရောက်နေတဲ့ ကလေး ၃၀၀ ကျော်ဟာ ရာသီပေါ်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး ဖျားနာနေကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ယင်းမာပင်ခရိုင်ထဲကဆိုရင် ဆားလင်းကြီးမြို့နယ်မှာ တိုက်ပွဲရှောင် ၂၀၀ ကျော်အနက် ကလေး ၃၀ ကျော်ဖျားတယ် ၊ ကနီမြို့နယ်ထဲမှာ တိုက်ပွဲရှောင် ၁၀၀ ကျော်ထဲက ကလေး ၁၇ ယောက်ဖျားတယ် ၊ ရေဦးခရိုင်ထဲမှာ နေရာ ၄ ခုမှာ ကလေး ၃၀ ကျော် ဖျားတယ် ၊ ဝက်လက်မြို့နယ်မှာ ကလေး ၂၀ ကျော်ဖျားတယ် ၊ ခင်ဦးမြို့နယ်မှာ ၁၈ ယောက်ဖျားတယ် ၊ ကန့်ဘလူမြို့နယ်ထဲမှာက နေရာ ၃ ခုမှာ ကလေး ၄၀ ကျော်ဖျားတယ် ၊…
Read Moreလစ်ဗျားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ (၁၀၀၀)ကျော် သေဆုံး
ထရီပိုလီ၊ စက်တင်ဘာ-၁၃-၂၀၂၃ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၀၀၀ ကျော် သေဆုံးသွာကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် နိုင်ငံအရှေ့ပိုင်း ဒါနာမြို့မှာ သေဆုံးသူ အများဆုံးဖြစ်ကြောင်း တာ၀န်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လူပေါင်းတသိန်းနေထိုင်တဲ့ ဒါနာရှိ ဆည်နှစ်ခုကျိုးပေါက်မှုကြောင့် လူနေဒေသတွေရေနစ်မြုပ်ပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ရေဘေးကြောင်း လူရာပေါင်းများစွာ ပျောက်ဆုံးနေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံအရှေ့ပိုင်းနေရာအနှံ့အပြားမှာ စာသင်ကျောင်းတွေ ပိတ်ထားခြင်းအပါအ၀င် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဝေးပြေးလမ်းမကြီးအချို့ပိတ်ထားရပြီး ဆက်သွယ်ရေးတွေ ပြတ်တောက်နေကာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး တာ၀န်ရှိသူတွေက အကဲဖြတ်မှုတွေ ပြုလုပ်နေကြပါတယ်။ Ref: NHK #voiceofmyanmar #vom #လစ်ဗျား #ရေဘေး
Read Moreကျောင်းထိုင်ဆရာတော်ကို သံဃာတပါးက တူနဲ့ထုသတ်
စက်တင်ဘာ ၁၂ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်၊ နွယ်ခွေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ဗိုလ်တေဇလမ်း၊ ဇမ္ဗူ့ရတနာကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ကို ကျောင်းနေ သံဃာတပါးက မနေ့စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က တူနဲ့ထုသတ်ခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ အဲ့ဒီ့ဖြစ်စဉ်ကြောင့် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ သိရိန္ဒ ဓမ္မာစရိယ သက်တော် (၅၄) နှစ်၊ သိက္ခာတော် (၃၀) ဟာ ဂျိုစောင်းစုတ်ပြတ်ဒဏ်ရာ (၁) ချက်၊ နှာခေါင်း၊ နား၊ ပါးစပ်တို့မှ သွေးထွက်ပြီး သီလပေးအဆောင်ဘုရားရှေ့ Dream Bed ပေါ်မှာ ပက်လက်အနေအထားနဲ့ ပျံလွန်တော်မူသွားခဲ့တယ်လို့ သိရပါတယ်။ “တူနဲ့ထုတဲ့ကိုယ်တော်က ဒုလ္လဘဦးဇင်းပါ။ နေ့လယ်ပိုင်း ကျောင်းထိုင်ဆရာတော် ကျိန်းနေတဲ့အချိန်မှာ တူနဲ့ခေါင်းကိုထုသတ်လိုက်တာပါ။ အခုတော့…
Read More