နယ်စပ်ဝင်ခွင့် တခါသုံးကဒ် ရဖို့ တန်းစီနေသူ အရမ်းများလို့ တိုကင် ပုံစံသတ်မှတ်

စက်တင်ဘာ ၈၊ ၂၀၂၃ Shy V(VOM) တရုတ် – မြန်မာ နယ်စပ်ဝင်ခွင့် တခါသုံးကဒ်ရဖို့ နန်းတော်ဂိတ်မှာ တန်းစီနေတဲ့သူ အရမ်းများလို့ ဒီကနေ့ကစပြီး တိုကင်ပုံစံသတ်မှတ်ထားကြောင်း တန်းစီနေစူတွေနဲ့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။ “တရက် ၂၀၀ ပဲ ပေးတော့တယ်။ ၁၂ ရက်နေ့မှ တိုကင် ပြန်ပေးမှာ။ ပေးထားတဲ့လူများလို့လေ။ အခုတန်းစီနေတာ ၁ ခါသုံးကဒ်လုပ်မယ့်လူတွေပဲ၊ အရင်ရက်က နန်းတော်ဂိတ်မှာလည်း ညအိပ်စောင့်ဆိုင်းကြတဲ့သူတွေရှိတယ်”လို့ တန်းစီနေတဲ့ မိန်းကလေး(၁)ဦးက ပြောပါတယ်။ ဌာနဆိုင်ရာနဲ့ နီးစပ်သူ(၁)ဦးကလည်း “တိုကင်ဘယ်နေရာမှ မပေးပါဘူး။ နန်းတော်ပေါက်မှာ လာရောက်တန်းစီနေသူတွေကိုပဲ မနေ့က တိုကင်သဘောမျိုး ပေးလိုက်တာပါ” လို့ ပြောပါတယ်။ ဆင်ဖြူဂိတ်မှာတော့ အရင်ရက်လိုပဲ တန်းစီကြရပြီး ညအိပ်တန်းစီနေကြသူတွေလည်း အများအပြားရှိကာ ဒီမနက် အစောပိုင်းမှာတော့ မိုးတအားရွာတာကြောင့် ဒုက္ခရောက်ခဲ့ကြရတယ်လို့ တန်းစီနေတဲ့သူတွေက ပြောပါတယ်။…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ -လပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်မယ့် အခြေအနေ -စာရွက်လို လိပ်ခေါက်နိုင်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချတော့မှာလား -ဇိမ်ခံကားကုမ္ပဏီ Lamborghini ရဲ့နောက်ထပ် အစီအစဉ်က ဘာတွေလဲ မျိုးဆက်(VOM) စက်တင်ဘာ-၈-၂၀၂၃ (၁) လကမ္ဘာပေါ်မှာ နျူကလီးယားလောင်စာနဲ့ စွမ်းအင်ထုတ်လုပ်နိုင်တော့မယ် ဝေးလ်ပြည်နယ် ဘန်ဂေါတက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ လကမ္ဘာပေါ်မှာ အနာဂတ်စူးစမ်းလေ့လာမှုတွေအတွက် လိုအပ်တဲ့စွမ်းအင်ထုတ်လုပ်ရေးအတွက် အသုံးပြုဖို့ ဘိန်းစေ့အရွယ် နျူကလီးယား လောင်စာဆဲလ်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်အာကာသအေဂျင်စီဟာ ၁၉၇၂ ခုနှစ် အပိုလို-၁၇ မစ်ရှင်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လကမ္ဘာပေါ်ကို လူသားတွေပြန်လည်ခြေချနိုင်ရေးကို ၂၀၂၅ ခုနှစ်သို့မဟုတ် ၂၀၂၆ ခုနှစ်မှာ ပို့ဆောင်ဖို့ရည်ရွယ်ထားပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာတော့ လပေါ်မှာ အခြေစိုက်စခန်းတခုတည်ဆောက်ဖို့ နာဆာက ရည်ရွယ်ထားပါတယ်။ Trisofuel လို့ခေါ်တဲ့ နျူကလီးယားလောင်စာဆဲလ်နည်းပညာသစ်ဟာ ရိုးရွိုက်စ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ အသေးစားနျူကလီးယားဂျင်နရေတာတွေကို…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၈ ရက်၊ ညနေ ၄ နာရီ)

ယနေ့ ရွှေဈေး (စက်တင်ဘာ- ၈ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၂၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၂၀၀၀ ကျပ် ဝယ်ဈေး ၃၂၅၂၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September8th

Read More

ဇလွန်မှာ ရေဆင်းကူးတဲ့ ကလေး (၄)ဦး ရေနစ်ပျောက်ဆုံး၊ ကလေး ၂ ဦးရဲ့ အလောင်းကိုသာ ပြန်တွေ့ထား

စက်တင်ဘာ ၈-၂၀၂၃ MM + SN (VOM) ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဆန်တန်းရပ်ကွက်၊ ဖောင်တော်ချိတ်ဘုရားအနီးမှာ ဒီနေ့ စက်တင်ဘာ ၈ ရက်၊ မနက် ၁၀ နာရိီ၊ မိနစ် ၂၀ ဝန်းကျင်က ကလေး (၄) ဦး ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်ပျောက်ဆုံးခဲ့ပြီး မိန်းကလေး (၁) ဦးနဲ့ ယောင်္ကျားလေး (၁) ဦးကို သေဆုံးလျက် ရှာတွေ့ခဲ့တယ်လို့ ဇလွန်မြို့အခြေစိုက် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းဆီက သိရပါတယ်။ “ရေနစ်ပြီး သိပ်မကြာဘူး။ မိန်းကလေးအလောင်းကို အရင်တွေ့တာ။ ညနေ ၃ နာရီလောက်ကျတော့ နောက်တယောက် ထပ်တွေ့တယ်။ သူတို့က ရေတက်နေတဲ့အချိန် ‌ရေဆင်းချိုးကြရင်း နစ်သွားတာ။ တာဘေးမှာ ရေအများကြီးဝင်နေတဲ့အချိန် ရေသွားကူးကြတာ။ လူကြီးတွေက မသိလိုက်ဘူး။ ဒီနေ့ ဥပုသ်နေ့ဆိုတော့ လူကြီးတွေက အဲ့နေရာနဲ့…

Read More

ဟောင်ကောင်မှာ နှစ်ပေါင်း (၁၄၀) အတွင်း စံချိန်တင်မိုးရွာသွန်းမှုနဲ့ ရင်ဆိုင်နေရ

ဟောင်ကောင်၊ စက်တင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) ဟောင်ကောင်နဲ့ တရုတ်တောင်ပိုင်းမြို့ကြီးတွေမှာ စံချိန်တင်မိုးရွာသွန်းမှုကြောင့် နေရာအနှံ့ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် ဟောင်ကောင်မှာ စာသင်ကျောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေပါ ပိတ်ထားရပြီး မြေအောက်ရထားဘူတာရုံတွေထိ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ကြာသပတေးနေ့မှာစတင်ခဲ့တဲ့ မိုးဟာ နှစ်ပေါင်း ၁၄၀ အတွင်းဟောင်ကောင်မှာ စံချိန်တင်ရွာသွန်းခဲ့တဲ့ မိုးဖြစ်ကြောင်း မိုးလေသဝဌာနက ပြောပါတယ်။ လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။ ရာသီဥတုဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၈၃ ဦးကို ဆေးရုံပို့ခဲ့ရကြောင်း ဟောင်ကောင်အာဏာပိုင်တွေက ပြောဆိုထားပြီး လမ်းအချို့ပိတ်ဆိုခဲ့ကာ မြေပြိုမှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မိုးရွားသွန်းမှုဟာ တနာရီကို မိုးရေချိန် ၁၅၈ ဒသမ ၁ မီလီမီတာထိရှိခဲ့ပြီး ၁၈၈၄ ခုနှစ်မှာ မှတ်တမ်းတွေထားရှိပြီးနောက်ပိုင်း အမြင့်ဆုံးမိုးရေချိန်ဖြစ်ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ ဟောင်ကောင်မြောက်ဘက် ကိုးလွန်းကျွန်းဆွယ်နဲ့အဓိကကျွန်းကို ဆက်သွယ်ထားတဲ့ဆိပ်ကမ်းဖြတ်ကျော် ဥမင်လှိုဏ်ခေါင်းလည်း ရေနစ်မြုပ်ခဲ့ပြီး…

Read More

မြောက်ကိုရီးယားရဲ့ နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် တပ်တော်ဝင်

ပြုံးယမ်း၊ စက်တင်ဘာ-၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားခေါင်ဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက် သယ်ဆောင်ပစ်ခတ်နိုင်တဲ့ နည်းဗျူဟာမြောက် နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ်တစင်းကို တပ်တော်ဝင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနက စက်တင်ဘာ ၈ ရက်မှာ ဖော်ပြထားပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအဟန့်အတားကို အရှိန်အဟုန်နဲ့ အားကောင်းစေမှာဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ ရေငုပ်သင်္ဘောကို ဂျပန်ပင်လယ်ပြင်အတွင်း စစ်ဆင်ရေးတေနွ ပြုလုပ်ဖို့ တာဝန်ချထားမှာဖြစ်ကြောင်း မြောက်ကိုရီးယားကပြောပါတယ်။ နျုကလီးယားတိုက်ခိုက်ရေးရေငုပ်သင်္ဘောဟာ ရေငုပ်သင်္ဘောကနေ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် သုံးစင်းထိ သယ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောပါတယ်။ မြောက်ကိုရီးယားရေတပ်အတွက် နျူကလီးယားလက်နက်တွေတပ်ဆင်ပေးခြင်းဟာ နှောင့်နှေးမနေသင့်တဲ့ အရေးကြီးတာဝန်ဖြစ်ကြောင်း မြောက်ကိုရီးယာခေါင်းဆောင် ကင်ဂျုံအန်က ပြောပါတယ်။ နျူကလီးယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ မြောက်ကိုရီးယားတည်ဆောက်လိုတဲ့ လက်နက်တွေစာရင်းမှာ အချိန်ကြာမြင့်စွာရှိနေခဲ့ပြီး သင်္ဘောတည်ဆောက်ရေးအတွက် နှစ်အတန်ကြာ လုပ်ဆောင်ခဲ့ရကာ နျူကလီးယားအစီအစဉ်ရဲ့ အရေးပါသော အစိတ်အပိုင်းတရပ်အဖြစ် ကင်ဂျုံအန်က ရှုမြင်ထားပါတယ်။ Ref:BBC…

Read More

ထိုင်းနိုင်ငံရောက် မြန်မာ MoUလုပ်သားတွေ ပတ်စ်ပို့သက်တမ်းတိုး နယ်စပ်မှာတင် ပြုလုပ်နိုင်

စက်တင်ဘာ ၈ – ၂၀၂၃ SN (VOM) ထိုင်းနိုင်ငံရောက် မြန်မာ MoUလုပ်သားတွေ ပတ်စ်ပို့သက်တမ်းတိုးအတွက် ရန်ကုန်အထိ လာစရာမလိုတော့ဘဲ မြဝတီနဲ့ ကော့သောင်းမြို့တို့မှာ One Stop Service စနစ်နဲ့ သက်တမ်းတိုးနိုင်ပြီ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက မနေ့ စက်တင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ အရင်က MoU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ၅ နှစ်သက်တမ်းရှိတဲ့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ထုတ်ပေးထားပြီး ပတ်စ်ပို့သက်တမ်းပြည့်ဖို့ ၁ နှစ်အလိုမှာ မြန်မာနိုင်ငံကိုပြန်လာပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ သက်တမ်းတိုးဖို့ အသိပေးကြေညာထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ နိုင်ငံကူးလက်မှတ် ၂ နှစ်နဲ့အထက် ကျန်ရှိပါက MoU/U-Turn စနစ်နဲ့ ထိုင်းနိုင်ငံကို ရက်တိုတိုအတွင်း…

Read More

လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံထားရတဲ့ မြိုင်မြို့

စက်တင်ဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) ပြီးခဲ့တဲ့ ၆ လဝန်းကျင်ကတည်းက လမ်းပန်းဆက်သွယ်ရေးတွေ အားလုံး ပိတ်ဆို့ခံထားရတဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်ဟာ အခုဆိုရင် ကုန်စည်တွေပြတ်လပ်လို့ တခြားမြို့တွေကထက် စျေးနူန်းကြီးမြင့်စွာနဲ့ စားသုံးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြိုင်မြို့နယ်ရဲ့ အကျယ်အဝန်းက ၇၈၅ ဒသမ ၆၄၂၈ မိုင် ကျယ်ဝန်းပြီး ၊ ပခုက္ကူမြို့ရဲ မြောက်ဖက် ၂၇ မိုင်ခန့်အကွာ ၊ မုံရွာ – ပုသိမ်ကားပေါ်မှာ တည်ရှိပြီး မြို့ပြလူနေရပ်ကွက် ၃ ခု ၊ ကျေးရွာအုပ်စု ၈၁ အုပ်စု ၊ ကျေးရွာပေါင်း ၃၃၀ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ” ပြီးခဲ့တဲ့ ၂၀၂၀ မတိုင်မီက မြိုင်မြို့နယ်မှာ…

Read More

စားသုံးဆီကို ၁၀ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းရမယ်လို့ ထပ်မံသတိပေး၊ စားအုန်းဆီ အရောင်းပိတ်တဲ့ဆိုင်တွေရှိလာ

စက်တင်ဘာ ၈ – ၂၀၂၃ GG (VOM) ဆီရောင်းချသူတွေအနေနဲ့ ဆီကို စားသုံးသူဆီ ပြန်လည်ရောင်းချတဲ့အခါမှာ လက်ကားရည်ညွှန်းဈေးထက် ၁၀ ရာခိုင်နှုန်း မပိုတဲ့ အမြတ်ရယူပြီးသာ ရောင်းချဖို့ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းက ထပ်မံသတိပေးလိုက်ပါတယ်။ လက်ရှိမှာ ပြည်တွင်းက လက်ကားကုန်သည်တွေ၊ ဆီဒိုင်တွေနဲ့ အရောင်းဆိုင်ကြီးတွေကို စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနဲ့ ရောင်းချပေးနေတာကြောင့် သတ်မှတ်နူန်းထက် စျေးပိုပြီးတင်မရောင်းဖို့ သတိပေးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လက်ကားစျေးနဲ့ ခွဲတန်းရတဲ့ ဆီအရောင်းဆိုင်တွေကသာ ခွဲတန်းရရှိမှုအလိုက် တစ်ယောက်ကို ၅၀သား ကနေ ၁ ပိဿာအထိ ရောင်းချပေးနေပြီး ခွဲတန်းမရတဲ့ဆိုင်တွကတော့ ဝယ်ယူဖိူ့ခက်ခဲတာကြောင့် စားအုန်းဆီအရောင်းပိတ်ထားရတယ်လို့ သိရပါတယ်။ ” ဆီက ဝယ်မရဘူးဖြစ်နေလို့ ဒုက္ခရောက်နေတယ်။ကိုယ်နဲ့သိတဲ့ဆိုင်အချို့ဆို ပိတ်ထားကြတယ်။ စားသုံးသူတွေ၊ဆိုင်သမားတွေ ဒုက္ခရောက်တာပေါ့။ ခွဲတန်းရတဲ့ဆိုင်တွေကလည်း ခွဲတန်းကုန်ရင် မရောင်းတော့တာတွေ့ရတယ်။ ဒီတော့ အမြင့်စျေးနဲ့ရထားတဲ့သူတွေက ပဲရောဆီ၊နှမ်းရောဆီဆိုပြီး ရောင်းကြတယ်။…

Read More

မဟာမြိုင်ကားလမ်းမှာ ရေကျော်ပြီး မြေပြိုနေလို့ ကားတွေရာနဲ့ချီ ပိတ်မိနေ

စက်တင်ဘာ ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်တိုင်း ၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နဲ့ ကလေးခရိုင် ၊ ကလေးဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ မဟာမြိုင်ကားလမ်းဟာ ဒီကနေ့မနက်ပိုင်းကစလို့ ချောင်းရေကျော်နေပြီး တချို့နေရာတွေ မြေပြိုတာကြောင့် ကားတွေသွားလာလို့မရဘဲ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မဟာမြိုင်ထဲမှာ မိုးများတာကြောင့် တောဂျင်နဲ့ တောင်ကျောင်းကြား ၃၇မိုင် နေရာမှာ ၁၂ဘီး ကားတစ်စီး မိုးများ လမ်းချော်ပြီး လဲသွားတယ် ၊ အဲ့ဒီနေရာလည်း လမ်းပိတ်နေတယ် ၊ ကွင်းလမ်းမရှိဘူး ၊ ၅၆မိုင်တောင်ပေါ်မှာလည်း မြေပြိုပြီး မြေသားရွှံ့ဗွက်တွေကြောင့် ကားတွေ မတက်နိုင်ဘဲ ပိတ်မိနေတယ် ၊ နောက်ပြီး ပျဥ်းကိုင်းရွာနဲ့ ကလေးဝကြားက ချောင်းတွေအားလုံး ရေကျော်နေတယ် ၊ ကားသွားလို့မရဘူး ၊ မဟာမြိုင်ထဲမှာ ကားဗွက်နစ်ရင်း…

Read More
VOM News

FREE
VIEW