နိုင်ငံတဝှမ်း မိုးသည်းထန်၊ ရေကြီး ရေလျှံမှုနဲ့ မြေပြိုကျလို့ သဘာဝဘေးဒဏ်ခံစားနေရ

အောက်တိုဘာ ၁-၂၀၂၃
MM (VOM)
နိုင်ငံတဝှမ်း ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စ္စာရွာသွန်းတဲ့ ဒဏ်ကြောင့် ရေကြီး ရေလျှံမှု မြေပြိုကျမှု၊ လေပြင်းတိုက်ခတ်မှု တွေဖြစ်ပွားကာ လူသေဆုံးမှုတွေရှိ လာပြီးလူဦးရေ ထောင်နဲ့ချီ သဘာဝဘေးဒဏ် ခံစားနေ ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဲ့ဒီ ရေကြီး ရေလျှံမှုတွေ လေပြင်းတိုက်ခတ်မှုတွေ မြေပြိုမှု တွေဟာ မကွေးတိုင်း ဧရာဝတီတိုင် ၊ ရှမ်းပြည်နယ် ၊ တနင်္သာရီ တိုင်း ၊ မွန်ပြည် နယ်နဲ့ မန္တလေးတိုင်းတွေမှာ အများဆုံး ဖြစ်ပွားနေတာလို့ သိရပါတယ်။
” သံဖြူဇရပ်မြို့နယ်၊စက်စဲကျေးရွာက စက်စဲကမ်းခြေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ မနေ့ ၃၀ ရက်က ဒီရေမြင့်တက်လာပြီး ပင်လယ်ရေလှိုင်းရိုက်ခတ်မှုဒဏ်ကြောင့် ကမ်းစပ်ရှိရေထိန်းနံရံနဲ့ နေအိမ် ၂၃ လုံးပျက်စီးခဲ့တယ်၊ ၂၉ ရက်က နေအိမ် ၂ လုံးပျက် စီး သွားတယ်၊ မနေ့က ၃၀ ရက်မှာ နောက်ထပ်အိမ် ၂၁လုံးပျက် စီးသွားတယ်၊ပျက်စီးသွားတဲ့ နေအိမ် ၂၃ လုံးကပင်လယ်ကမ်း စပ်အနီး ဆောက်လုပ်ထားတဲ့ နေအိမ်တွေပါ။ ၃လူထိခိုက်သေဆုံး တာနဲ့ပျောက်ဆုံးတာမရှိပါဘူး၊ လက်ရှိ ရေကြီး ရေလျှံမှုတွေဖြစ် နေတယ်။”လို့ ဒေသခံ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ (၁)ယောက်ကပြောပါတယ်။
”မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ မိုး အဆက်မပြတ်ရွာတာ ကြောင့် စက်တင်ဘာ ၂၈ ရက်က ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၇၃ အရွယ်ရှိတဲ့ အမျိုးသားတစ်ဦး ရေစီးနဲ့ပါသွားခဲ့ပြီး သေဆုံးခဲ့တယ်၊ တောင်ကျရေတွေထိုးဆင်းလာမှုကြောင့် တောင်တွင်းကြီးမြို့နယ်က တောင်ပြင် ၁ ရပ်ကွက်၊တောင်ပြင် ၂ ရပ်ကွက်၊ အုန်းတော ၁ ရပ်ကွက်၊အုန်းတော ၂ ရပ်ကွက်တို့မှာ ရေကြီးမှုအဆိုးဆုံးဖြစ်ပေါ်နေတယ်၊ ရွှေကြာအင်း ၁ ရပ်ကွက်၊ရွှေကြာအင်း ၂ ရပ်ကွက်က နေအိမ်တွေထဲ ရေတွေ ဝင်ရောက် နေတယ်၊ အိမ်ထောင် ၆၀၀၀ ကျော် ရေဘေးသင့်နေတယ်၊ အရင်နှစ်တွေကလည်း ရေကြီးတတ်ပါတယ်၊ ဒီနှစ်လောက်တော့ ဆိုးဆိုး ဝါးဝါးမဖြစ်ပါဘူး။”လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်ဒေသခံ(၁)ယောက်က
”ကျောက် ပန်းတောင်း မြို့နယ် မှာက ၂၉ ရက် မနက်လောက်ကတည်းကမိုးတွေရက်ဆက် ရွာနေတာ၊ အခုမနက်လည်းရွာနေတုန်းမိုးတွေသည်းထန်စွာရွာသွန်းတာကြောင့် ဆည်ပေါက်ကျေးရွာမှာဆည် ပေါက်ချောင်းရေလျှံ မှုဖြစ်ပွားနေတယ်၊ကျောက်ပန်း တောင်း- ပုပ္ပါး-မြင်းခြံ ကားလမ်းပေါ်မှာရေကျော်နေလို့ကားတွေသွားမရဘူး ေတာင်ဇင်းဘက် ကားတစီးနဲ့ သားအဖ၂ယောက်သေတယ်။ အခုမနက် ရေနည်းနည်း ပြန်ကျသွားပေမယ့် မသွားရဲသေးဘူး။”လို့ ပြောပါတယ်။
တနင်္သာရီတိုင်းမှာ သဘာဝဘေးဖြစ်ပွားတာနဲ့ ပတ်သက်လို့ ဒေသခံ(၁)ယောက်က
”မြိတ်မြို့နယ်မှာလေပြင်းတိုက်ခတ်မှု ဖြစ်ပွားလို့နေအိမ် ၂၀ ကျော်ထိခိုက် ပျက်စီးသွားတယ်၊ တိုးချဲ့ရပ် ကွက်စေတနာလမ်း က နေအိမ် ၅ လုံး၊ ခူဒိုင်လမ်းက နေအိမ် ၅ လုံး၊ ခေမာလမ်းက နေအိမ် ၁၁ လုံး၊ အောင်ဆန်း(၁)လမ်းက နေအိမ် ၃ လုံး၊အောင် ဆန်း (၂)လမ်း က နေအိမ် ၂ လုံးပျက်စီးခဲ့ တယ်၊ မြိတ်တောင်ကျေးရွာနဲ့ စန္ဒဝတ် ကျေးရွာအုပ်စုကျွဲကူးကျေး ရွာမှာ မြေပြိုမှုဖြစ် ပွားခဲ့လို့ လူ ၅ ယောက် ဒဏ်ရာတွေရရှိခဲ့သေး တယ်၊ ဆိုင်ကယ် ၁ စီး နဲ့ ကား ၁ စီးပါမြေပြိုကျတဲ့အထဲပါ သွားတယ်။”လို့ ပြောပါတယ်။
ရှမ်းပြည်နယ်နဲ့ ဧရာဝတီ ရန်ကုန် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရေကြီး ရေလျှံတာတွေ မြေပြိုကျတာတွေ ၊ မိုးအဆက် မပြတ် ရွာနေတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။
နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးဖြစ်စဉ်တွေဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအား နည်းရပ်ဝန်းအရှိန်နဲ့ မုတ်သုတ်လေဆုတ်ခွာလာတဲ့ အခြေအနေတွေကြောင့် ဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်တွေအရသိရပါတယ်။
ဒါ့အပြင် အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၃၀ ရက် မနက်ကနေ အောက်တိုဘာ ၃ ရက် အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှာ
ဒေသ အလိုက်နှင့် နေရာကွက်လို့ မိုးကြီးနိုင်ပြီး ကမ်းရိုးတန်း ဒေသတွေမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
အဲ့ဒီ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေ ထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW