လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ် ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ ရုရှားစီစဥ်နေ
မော်စကို ၊ အောက်တိုဘာ ၁
မျိုးဆက်(VOM)
ရုရှားအစိုးရဟာ လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၇၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ စီစဥ်နေပါတယ်။
ရုရှားအစိုးရဟာ လာမယ့်သုံးနှစ်အတွင်း ဘတ်ဂျက်အစီအစဉ်ကို အောက်လွှတ်တော်သို့ တင်သွင်းခဲ့ရာ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ထားပါတယ်။
အစီအစဉ်အရ လာမယ့်နှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကိုရူဘယ် ၁၀.၈ ထရီလီယံနီးပါး သို့မဟုတ် ဒေါ်လာ ၁၁၁ ဘီလီယံကျော်အထိ တိုးလာမှာလည်းဖြစ်ပါတယ်။
အဲဒီပမာဏဟာ နိုင်ငံဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထား ပြီး ရုရှားက ယူကရိန်းကို မကျူးကျော်ခင် ခုနှစ်မှာ၂၀၂၁ ခုနှစ်ကထက် နှစ်ဆကျော် ပိုများပါတယ်။
ရုရှားက ယူကရိန်းကို ဆက်လက်ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာကြောင့် ပူတင်အစိုးရဟာ ခဲယမ်းမီးကျောက် နဲ့ အခြားစစ်လက်နက်ကိရိယာတွေ ထုတ်လုပ်မှုကို မြှင့်တင်ဖို့စီစဉ်နေကြောင်း အကဲခတ်တွေက သုံးသပ်ပြောဆိုထားပါတယ်။
Ref:NHK