အန်ကာရာ၊ အောက်တိုဘာ -၂-၂၀၂၃
မျိုးဆက်(VOM)
တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးနောက် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း တူရကီအာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။
အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ ပစ်မှတ် ၂၀ ကို ဖျက်ဆီးနိုင်ခဲ့ပြီး ပီကေကေသူပုန်အဖွဲ့မှ စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း တူရကီစစ်တပ်က ထုတ်ပြန်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ပီကေကေအဖွဲ့ အသုံးပြုတဲ့ လှိုဏ်ဂူတွေ၊ သိုလှောင်ရုံမတွေနဲ့ ကတုတ်ကျင်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁ ရက်က မြို့တော်အန်ကာရာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတိုနဲ့ဆက်နွယ်နေတဲ့ အဖွဲ့တဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပီကေကေအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပီကေကေအဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒကို တားဆီးဖို့ ၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးကို သေချာစေဖို့အပြင် အီရတ်မြောက်ပိုင်းမှာ ခြိမ်းခြောက်မှုတွေကို တားဆီးရန်ဖြစ်ကြောင်း တူရကပီ စစ်တပ်ကပြောပါတယ်။ ပီကေကေအဖွဲ့ကို တူရကီ၊ အီးယူ၊ ဗြိတိန်နဲ့ အမေရိကန်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားပါတယ်။
Ref:BBC