တခါသုံးကဒ်နဲ့ တရုတ်ဘက်ခြမ်း နယ်စပ်မှာ အလုပ်လုပ်သူတွေ အခက်အခဲတွေရှိနေ

အောက်တိုဘာ ၂၊ ၂၀၂၃ Shy V (VOM) တခါသုံး နယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်ကနေ တရုတ်ဘက်ခြမ်း နယ်စပ်မှာ အလုပ်သွားလုပ်တာ အဆင်မပြေလို့ တချို့ ပြန်ထွက်လာရကြောင်း မြန်မာ လုပ်သားတွေဆီက သိရပါတယ်။ “အလုပ်တော့ လုပ်လို့ရတယ်။ စက်ရုံတွေမှာ။ ဒါပေမယ့် ၇ ရက် တခါ ပြန်ထွက်ပြီး ပြန်ဝင်ဖို့ အဆင် မပြေဘူး။” လို့ နားကြပ်ထုတ်တဲ့ စက်ရုံတခုမှာ အလုပ်လုပ်ခဲ့တဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။ နေထိုင်စရာနဲ့ ပေးထားပေမယ့် အလုပ်ဝင်တာနဲ့ ရက်ပေါင်ကြေး အရင်ပေးခဲ့ရလို့၊ လေးငါးရက် အလုပ် အလကား လုပ်ပေးခဲ့ သလို ဖြစ်သွားတယ်လို့၊ မြန်မာဖက်ခြမ်းကို ပြန်ထွက်လာတဲ့၊ သူက ပြောပါတယ်။ “‌စက်ရုံက ဒီနေ့ ၇ ရက်ပြည့်တော့…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၄၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၃၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၄၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #october2

Read More

အခွန်ဆောင်ဖို့နဲ့ ဘဏ်စနစ်မှငွေလွှဲ‌‌ဖို့ ပြည်ပရောက် မြန်မာလုပ်သားတွေ မဖြစ်နေလိုက်နာရမယ့် အနေအထားမျိုးဖြစ်နေ

အောက်တိုဘာ ၂ – ၂၀၂၃ SN (VOM) ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ နှစ်နိုင်ငံ ဘဏ်စနစ်ကို အသုံးပြုပြီး တရားဝင်ငွေလွှဲဖို့၊ အခွန်မဖြစ်မနေ ပေးဆောင်ဖို့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီတွေက ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေတယ်လို့ ပြည်ပရောက် အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေကို လစဉ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုဖြစ်စေ၊ အများဆုံး သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ လွှဲပို့ရမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သလို အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန် ပေးဆောင်ရမယ်လို့လည်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီကြေညာချက်တွေနဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာ့ရွှေ့ပြောင်း လုပ်သားတွေဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်…

Read More

(၂၄)နာရီအတွင်း HIMARS ဒုံးကျည်ငါးစင်းနဲ့ ဒရုန်း ၃၇ စင်းတို့ကို ရုရှားစစ်တပ် ကြားဖြတ်ဟန့်တားခဲ့ရ

မော်စကို၊ အောက်တိုဘာ-၂-၂၀၂ မျိုးဆက်(VOM) ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ HIMARS ဒုံးကျည်ငါးစင်းနဲ့ ဒရုန်း ၃၇ စင်းတို့ကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီလိုကြားဖြတ်ဟန့်တား ဖျက်စီးမှုတွေဟာ ရုရှားပိုင်နက်ထဲမှာမဟုတ်ဘဲ ယူကရိန်းစစ်မြေပြင်မှာဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သီးခြားအနေနဲ့ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ဟာ ရုရှားပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ ယူကရိန်းဒရုန်းခြောက်စင်းနဲ့ ကရိုင်းမီးယားဒေသကို ပစ်ခတ်လိုက်တဲ့ ယူကရိန်းဒုံးကျည်နှစ်စင်းကိုလည်း ပစ်ချခဲ့နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒီအတောအတွင်း သဘောထားတင်းမာတဲ့ အမေရိကန် ရီပတ်ဘလီကန်အမတ်တွေဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ နောက်ထပ်စစ်ရေးအကူအညီတွေပေးနေတာကို ကန့်ကွက်မှုတွေရှိနေပေမယ့် ယူကရိန်းကို ဆက်လက်ထောက်ခံသွားမှာဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ကတိပြုပြောဆိုထားပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီ ဒေါ်လာ ၄၆ ဘီလီယံထိ ထောက်ပံ့ပေးထားပြီး…

Read More

အရာတော်မြို့ ပစ်ခတ်မှု စစ်သား ၃ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေပါသွား

အောက်တိုဘာ၂ ၊၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့ ၊ ခြေတော်ရာ ဘုရားနားက ဂိတ်စခန်းမှာ မနေ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက် ၉ နာရီဝန်းကျင်ကမြို့ရဲ့ မြောက်ဘက်အထွက် ဝါးတောမရွာဘက်နေရာ ၊ ခြေရာတော်ဘုရားနားက ဂိတ်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ကားနဲ့လာပြီးပစ်တယ် ၊ အဲ့ဒီ ဂိတ်မှာ တာဝန်ကျတဲ့သူ ၃ ယောက်သေတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့ နဲ့ နီးစပ်သူတယောက်က ”…

Read More

အန်ကာရာမှာ ဗုံးခွဲခံရပြီးနောက် အီရတ်မြောက်ပိုင်း ကာ့ဒ်သူပုန်တွေကို တူရကီက လေကြောင်းကနေ တိုက်ခိုက်

အန်ကာရာ၊ အောက်တိုဘာ -၂-၂၀၂၃ မျိုးဆက်(VOM) တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးနောက် အီရတ်မြောက်ပိုင်းရှိ ကာ့ဒ်သူပုန်တွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း တူရကီအာဏာပိုင်တွေက စက်တင်ဘာ ၁ ရက်မှာ ပြောပါတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ ပစ်မှတ် ၂၀ ကို ဖျက်ဆီးနိုင်ခဲ့ပြီး ပီကေကေသူပုန်အဖွဲ့မှ စစ်သွေးကြွအများအပြားကို သုတ်သင်နိုင်ခဲ့ကြောင်း တူရကီစစ်တပ်က ထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း ပီကေကေအဖွဲ့ အသုံးပြုတဲ့ လှိုဏ်ဂူတွေ၊ သိုလှောင်ရုံမတွေနဲ့ ကတုတ်ကျင်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အောက်တိုဘာ ၁ ရက်က မြို့တော်အန်ကာရာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတိုနဲ့ဆက်နွယ်နေတဲ့ အဖွဲ့တဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပီကေကေအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပီကေကေအဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒကို တားဆီးဖို့ ၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်စပ်လုံခြုံရေးကို သေချာစေဖို့အပြင် အီရတ်မြောက်ပိုင်းမှာ ခြိမ်းခြောက်မှုတွေကို တားဆီးရန်ဖြစ်ကြောင်း တူရကပီ စစ်တပ်ကပြောပါတယ်။ ပီကေကေအဖွဲ့ကို…

Read More

ထားဝယ် အကျဉ်းထောင်မှာ အကျဥ်းသားတွေ ရိုက်သတ်လို့ ထောင်ဝန်ထမ်း ၂ ဦး သေဆုံး

အောက်တိုဘာလ၊ ၂ ၊ ၂၀၂၃ SP ( VOM) တနင်္သါရီတိုင်း ၊ ထားဝယ်မြို့ ၊ ထားဝယ်အကျဥ်းထောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က အပြင်ဘုတ် ( ထောင်ပြင်အလုပ်) လုပ်ငန်းခွင်မှာ အကျဥ်းသားတွေရိုက်သတ်လို့ ထောင်ဝန်ထမ်းတွေ သေဆုံးခဲ့တယ်လို့ အကျဥ်းဦးစီး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ထားဝယ်မှာ အကျဥ်းထောင် အသစ်ဆောက်ဖို့ လုပ်နေတယ် ၊ ဇီးကျရွာနားမှာဖြစ်တယ် ၊ အဲ့ဒီနေရာကို မြေသန့်ရှင်ရေး လုပ်ကိုင်ဖို့ ထားဝယ် ထောင်ကနေ လွတ်နီးအကျဥ်းသား ၅ ယောက် ထုတ်သွားတယ် ၊ ထောင်ဝန်ထမ်း အစောင့်လုံခြုံရေး ၂ ဦးလိုက်ပါသွားတယ် ၊ အဲ့ဒီ ထောင်ဝန်ထမ်း ၂ ဦးကို အကျဥ်းသား ၅ ဦး ကရိုက်သတ်ပြီး ထွက်ပြေးသွားဖြစ်တယ် ” လို့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂ ရက်)

-အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၃၀ ကျပ် ဝယ်ဈေး – ၃၂၇၅ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၃၀၅ ကျပ် ဝယ်ဈေး – ၂၃၅၅ ကျပ် -ယူရို ရောင်းဈေး – ၃၄၉၆ ကျပ် ဝယ်ဈေး – ၃၄၃၃ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၉၀ ကျပ် ဝယ်ဈေး – ၈၉.၂၈ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၄ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၃ ကျပ် ဝယ်ဈေး – ၄၃၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၂၂.၃၃ ကျပ်…

Read More

မန္တလေး နန်းတွင်းနဲ့နီးတဲ့ ရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲ

အောက်တိုဘာ ၂-၂၀၂၃ Voice Of Myanmar မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်းနဲ့ ၇၅လမ်းကြား ၂၇လမ်းနဲ့၂၈လမ်းကြား၊ စိတ္တရမဟီရပ်ကွက်၊ စော်ဘွားဝန်းအတွင်းရှိ လူနေအိမ်တလုံးအပေါ်ကို ဒီကနေ့မနက်အစောပိုင်း ၄နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ လက်နက်ကြီးကျည်လို့ယူဆရတဲ့ကျရောက်ပေါက်ကွဲတာပါ၊ လက်နက်ကြီးကျ‌တဲ့အိမ်က လူနေထိုင်မှုမရှိတဲ့အိမ်ပါ၊ ပျက်စီးမှုကတော့ အိမ်ခေါင်းမိုးတွေနဲ့ ကားမှန်ကွဲအက်တာတွေ ရှိခဲ့ပါတယ်၊ ကျန်‌တာတော့ ဆက်လက်စုံစမ်းဆဲပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေထိုင်မှုမရှိတဲ့ နေအိမ် အရှေ့ဘက်ရှိ ‌အိမ်ခေါင်မိုးပြိုကျ၊ ကပ်လျက်ဘေးအိမ်ရဲ့ တစက်မိတ်ခေါင်မိုးနဲ့ အိမ်သာရေကန်ကွဲအက်၊ အိမ်ရှေ့မှာ ရပ်ထားတဲ့ တိုယိုတာအိမ်စီးကား အရှေ့မှန်ကွဲအက်ခြင်း စတဲ့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတယ်ကိုတော့ VOMအနေနဲ့အတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။ အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး လုံခြုံရေးအဖွဲ့ကတော့ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့နေရာနဲ့ ပစ်ခတ်သူတွေကို ဖမ်းဆီး ရမိနိင်ရေးအတွက် ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၄၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #October2nd Telegram Link : https://t.me/VOMNEWS2023/2706

Read More
VOM News

FREE
VIEW