အောက်တိုဘာ ၂-၂၀၂၃
Voice Of Myanmar
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်းနဲ့ ၇၅လမ်းကြား ၂၇လမ်းနဲ့၂၈လမ်းကြား၊ စိတ္တရမဟီရပ်ကွက်၊ စော်ဘွားဝန်းအတွင်းရှိ လူနေအိမ်တလုံးအပေါ်ကို ဒီကနေ့မနက်အစောပိုင်း ၄နာရီကျော်အချိန်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
” ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ လက်နက်ကြီးကျည်လို့ယူဆရတဲ့ကျရောက်ပေါက်ကွဲတာပါ၊ လက်နက်ကြီးကျတဲ့အိမ်က လူနေထိုင်မှုမရှိတဲ့အိမ်ပါ၊ ပျက်စီးမှုကတော့ အိမ်ခေါင်းမိုးတွေနဲ့ ကားမှန်ကွဲအက်တာတွေ ရှိခဲ့ပါတယ်၊ ကျန်တာတော့ ဆက်လက်စုံစမ်းဆဲပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူနေထိုင်မှုမရှိတဲ့ နေအိမ် အရှေ့ဘက်ရှိ အိမ်ခေါင်မိုးပြိုကျ၊ ကပ်လျက်ဘေးအိမ်ရဲ့ တစက်မိတ်ခေါင်မိုးနဲ့ အိမ်သာရေကန်ကွဲအက်၊ အိမ်ရှေ့မှာ ရပ်ထားတဲ့ တိုယိုတာအိမ်စီးကား အရှေ့မှန်ကွဲအက်ခြင်း စတဲ့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့အစည်းကပြုလုပ်တယ်ဆိုတယ်ကိုတော့ VOMအနေနဲ့အတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး လုံခြုံရေးအဖွဲ့ကတော့ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့နေရာနဲ့ ပစ်ခတ်သူတွေကို ဖမ်းဆီး ရမိနိင်ရေးအတွက် ချမ်းအေးသာစံမြို့နယ်အတွင်းမှာရှိတဲ့ အဆောက်ဦးအမြင့် တွေကို နယ်မြေ ရှင်းလင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂၊ ဇွန် ၂၄ရက်ကလည်း အဲ့ဒီစိတ္တရမဟီရပ်ကွက်အတွင်းက သီရီမင်္ဂလာအိမ်ယာဝင်းအတွင်းရှိ အမြင့်ဆုံးတိုက် အပေါ်ထပ်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး(၂)လုံးနဲ့အတူ လူ(၁)ဦး ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Telegram Link: https://t.me/VOMNEWS2023/2708?single