မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ရိဒ်ကားလမ်းမှာ ကားသမားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ ရဲ ၄ ဦးကို PDF က ဖမ်းဆီး

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၃
SP (VOM)
ချင်းပြည်နယ် (မြောက်ပိုင်း) ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ရိဒ်ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂ ရက်က လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၄ ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံကားသမားတွေဆီက သိရပါတယ်။
” လမ်း လုံခြုံရေးတာဝန်ချတာလားမသိဘူး ၊ လုံခြုံရေးတာဝန်အရဆိုရင်လည်း လမ်းကြောင်း အခြေအနေကို မေးရမယ် ၊ ပြောရမယ် ၊ အဲ့ဒီလိုမဟုတ်ပဲ အခုတော့ လာသမျှကားတွေဆီကနေ ပိုက်ဆံတောင်းတာခံရတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” တီးတိန်စခန်းက အဖမ်းခံလိုက်ရတဲ့ ရဲ ၄ ယောက်က ရဲဒုတပ်ကြပ် ကျော်သူရစိုး၊ ခုပ်ခန်တုန်း ၊ စည်သူမိုး၊ ချမ်းငြိမ်ကျော် ဖြစ်တယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ရဲ ၄ ယောက်ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ PDF Zoland အဖွဲ့က သူတို့ ဖမ်းဆီးထားတာဖြစ်ပြီး အဲ့ဒီလို ဖမ်းဆီးတာတွေ မလုပ်မီ ၂ ပတ်အလိုကတည်းက ကားသမားတွေဆီကနေ ပိုက်ဆံ မတောင်းကြဖို့ အသိပေးထားဖြစ်တယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။
တီးတိန်မြို့ခံ စျေးသည်တယောက်က ” ကားသမားတွေဆီကနေ ပိုက်ဆံထွက်တောင်းတဲ့ ရဲ ၄ ယောက်အဖမ်းခံရတယ် ၊ အဖမ်းခံရတဲ့ ရဲတွေက ဒေသခံတွေ မဟုတ်ဘူး ၊ ဒေသခံရဲ ၁ ယောက်ပါတယ် ၊ ကျန်တဲ့ ရဲ ၃ ယောက်ကတော့ ရန်ကုန် ၊ ပဲခူး ၊ ​မြိတ်ဘက်က ဖြစ်တယ်” လို့ ပြောပါတယ်။
တီးတိန်မြို့မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မြန်မာ့စီးပွားရေဘဏ်မှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲ ၃ ဦး ပစ်သတ်ခံရတာ ရှိခဲ့ကြောင်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW