ဟွမ်မြောင်အထည်ချုပ်စက်ရုံက အလုပ်သမား (၃၀၀) လုပ်ခလစာရရှိရေး စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေရ

အောက်တိုဘာ ၃ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် (၄) လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်စက်ရုံ ( HONG MIAO Garment Co.,Ltd.) ပိတ်သိမ်းမှုကြောင့် လုပ်ခလစာရရှိဖို့အတွက် အလုပ်သမား ၃၀၀ ဝန်းကျင် စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ စက်တင်ဘာ လုပ်ခလစာရဖို့နဲ့ စက်ရုံပိတ်သိမ်းနစ်နာကြေး ရရှိဖို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ ပြေလည်မှုမရရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ “သူတို့က ၂၆ ရက်နေ့မှာ စက်ရုံကို notice ကပ်လိုက်တယ်။ ၂၉ ရက်နေ့ကျမှ စက်ရုံက ပိတ်သွားပြီဆိုပြီးပြောတာ။ အဲ့ကြားထဲမှာ ကျွန်တော်တို့က အလုပ် လုပ်နေတုန်းပဲ။ အထည်တွေလည်းရှိတယ်၊ ချုပ်နေတုန်း တန်းလန်းကြီး။ ၂၆ ရက်နေ့မှာ သဋ္ဌေးက အစည်းအဝေးခေါ်တယ်၊…

Read More

ယင်းမာပင် ရွှေတောင်ဦးမှာ ပစ်ခတ်ခံရလို့ ရဲ ၂ ဦး သေ ၊ ၁ ဦးဒဏ်ရာရ

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ ရွှေတောင်ဦး အောင်ဇေယျမြို့သစ်မှာရှိတဲ့ ရဲကင်းစခန်းအဟောင်းနားမှာ ဒီကနေ့မနက်ပိုင်းက ပစ်ခတ်မှာဖြစ်ပွားလို့ ရဲတွေ သေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနက်က ရဲတပ်ရင်း ၂၈ အဖွဲ့နဲ့ ရွှေတောင်ဦး ရဲကင်းမှူးတို့ စျေးထွက်ဝယ်တဲ့အချိန် ရဲကင်းနားကနေ ချောင်းပြီး ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် ရဲတပ်ရင်း ၂၈ က ၂ ယောက်သေပြီး ရွှေတောင်းဦး ရဲကင်းမှူး ဒုရဲအုပ် အောင်မိုးလွင်က ဒဏ်ရာရတယ်လို့ ကနဦးသိရတယ် ” လို့ ယင်းမာပင်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒေသခံ ပရဟိတသမားတယောက်က ” ဒီရက်ပိုင်းတည်း…

Read More

ထိုင်း PTTEP ကုမ္ပဏီက မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့စီမံကိန်းလုပ်ကွက်နှစ်ခုကို သက်တမ်းတိုးဖွယ်ရှိ

အဘူဒါဘီ၊ အောက်တိုဘာ-၃-၂၀၂၃ မျိုးဆက်(VOM) ထိုင်း ရေနံနဲ့သဘောဝဓါတ်ငွေ့ကုမ္ပဏီဖြစ်တဲ့ PTTEP ဟာ ၂၀၂၈ ခုနှစ်နဲ့ နောက်နှစ် ၂၀ လောက်မှာ သက်တမ်းကုန်ဆုံးမယ့် မြန်မာနိုင်ငံရှိ သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုကို သက်တမ်းတိုးဖွယ်ရှိကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ဖြစ်သူ မွန်ထရီရာဝမ်ချာကူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ကျွန်တော်တို့ တိုးချဲ့ဖို့မဟုတ်ပါဘူး။ ထိုင်းနဲ့မြန်မာအတွက် လိုအပ်နေတဲ့သဘာဝဓါတ်ငွေ့အတွက် စိတ်ချရဖို့ဖြစ်ကြောင်း မွန်ထရီရာဝမ်ချာကူက အဘူဒါဘီမှာလုပ်တဲ့ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတခုမှာ ပြောပါတယ်။ PTTEP က မြန်မာနိုင်ငံလုပ်ကိုင်နေတဲ့ သဘာဝဓါတ်ငွေ့စီမံကိန်းတွေကနေ မြန်မာ့နိုင်ငံ လျှပ်စစ်ဓါတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းနဲ့ ထိုင်းနိုင်ငံလျှပ်စစ်ဓါတ်အားလိုအပ်ချက် ၂၀ ရာခိုင်နှုန်းအတွက် လိုအပ်တဲ့ သဘာဝဓါတ်ငွေ့တွေ ထုတ်လုပ်ပေးနေပါတယ်။ ကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံမှာ ကမ်းလှမ်းထားတဲ့ လုပ်ကွက်သုံးခုထဲက နှစ်ခုကို လေလံအောင်မြင်ခဲ့ပြီး အဲဒီလုပ်ကွက်တွေကနေ နှစ်နှစ်အတွင်း သဘာဝဓါတ်ငွေ့တွေ ထုတ်လုပ်နိုင်ဖို့ PTTEP က မျှော်လင့်ထားပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိမှာတော့ သဘာဝဓါတ်ငွေ့ရည်…

Read More

အွန်လိုင်းမှ ဈေးရောင်းချသူတွေ (၆) လအတွင်း လုပ်ငန်းမှတ်ပုံတင် မလျှောက်ရင် အရေးယူတော့မယ်

အောက်တိုဘာ ၃ – ၂၀၂၃ SN (VOM) အွန်လိုင်းမှ ဈေးရောင်းချသူတွေ အောက်တိုဘာ ၂ ရက်မှ စတင်ကာ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်ပြီး ၆ လအတွင်း လျှောက်ထားခြင်းမရှိပါက အရေးယူခြင်း ခံရမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောပါတယ်။ မနေ့ အောက်တိုဘာ ၂ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ အွန်လိုင်းစနစ်နှင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားမှာ ဦးကျော်စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “မှတ်ပုံတင်လျှောက်ထားခြင်း မရှိတဲ့ အွန်လိုင်းလုပ်ငန်းတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူသွားမှာဖြစ်ပါတယ်။ ဒီ မှတ်ပုံတင်လျှောက်ထားခြင်းက အွန်လိုင်းကနေ ဈေးရောင်းချသူတွေအနေနဲ့‌ရော အွန်လိုင်းကနေ…

Read More

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ရိဒ်ကားလမ်းမှာ ကားသမားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ ရဲ ၄ ဦးကို PDF က ဖမ်းဆီး

အောက်တိုဘာ ၊ ၃ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် (မြောက်ပိုင်း) ဖလမ်းခရိုင် ၊ တီးတိန်မြို့နယ် ၊ မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ရိဒ်ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂ ရက်က လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၄ ယောက် ဖမ်းဆီးခံရတယ်လို့ ဒေသခံကားသမားတွေဆီက သိရပါတယ်။ ” လမ်း လုံခြုံရေးတာဝန်ချတာလားမသိဘူး ၊ လုံခြုံရေးတာဝန်အရဆိုရင်လည်း လမ်းကြောင်း အခြေအနေကို မေးရမယ် ၊ ပြောရမယ် ၊ အဲ့ဒီလိုမဟုတ်ပဲ အခုတော့ လာသမျှကားတွေဆီကနေ ပိုက်ဆံတောင်းတာခံရတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ချင်းပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” တီးတိန်စခန်းက အဖမ်းခံလိုက်ရတဲ့ ရဲ ၄ ယောက်က ရဲဒုတပ်ကြပ်…

Read More

ပါကစ္စတန်မှာ လူ (၃၀၀) ကျော်ဆီက ကျောက်ကပ်ထုတ်ရောင်းတဲ့ ဂိုဏ်းဝင်တွေ အဖမ်းခံရ

အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၃-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ကိုယ်အင်္ဂါရောင်းဝယ်ဖောက်ကားသည့်ဂိုဏ်းတခုမှ လူရှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီဂိုဏ်းခေါင်းဆောင်ဖြစ်သူ ဖာဝက်ဒ်မူခ်တားဟာ လူပေါင်း ၃၀၀ ကျော်ရဲ့ ကျောက်ကပ်တွေကို ထုတ်ယူပြီး ကျောက်ကပ်အစားထိုးလိုတဲ့ လူချမ်းသာတွေကို အစားထိုးလှဲလှယ်မှုအတွက် ရောင်းချခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။ အခုလို ကိုယ်တွင်းအင်္ဂါတွေထုတ်ယူမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်တွေကပြောပါတယ်။ ကျောက်ကပ်ထုတ်ယူမှုတွေကို သီးသန့်နေအိမ်တွေမှာ ပြုလုပ်လေ့ရှိပြီး ရံဖန်ရံခါ ထုတ်ယူခံရတဲ့သူတွေကိုယ်တိုင် မသိရှိခဲ့ကြောင်း ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် မော့ဆင်နက်ဗီက ပြောပါတယ်။ အဲဒီဂိုဏ်းဟာ ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းတလျှောက်နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတို့မှာ လှုပ်ရှားနေတယ်လို့ ယုံကြည်ကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဂိုဏ်းဝင်တွေဟာ ကျောက်ကပ်များကို ရူပီး ၁၀ သန်း သို့မဟုတ် ဒေါ်လာ တစ်သိန်းနှစ်သောင်း ဈေးနဲ့ ရောင်းချခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကဆိုပါတယ်။ ပါကစ္စတန်နို်င်ငံမှာ လူ့အင်္ဂါအစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားခြင်းကို ၂၀၁၀ ခုနှစ်မှာ တရားမဝင်ကြောင်း…

Read More

မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကနေ တစ်ပတ်အတွင်း ပို့ကုန်၊ သွင်းကုန် အခြေအနေ

အောက်တိုဘာ ၃၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ကုန်သွယ်ရာ ဂိတ် ကနေ တစ်ပတ်အတွင်း ပို့ကုန်၊ သွင်းကုန် ကား အစီးရေ ၁၂၀၀ ကျော်ရှိ ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ တစ်ပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၅၃၀ ကျော်ရှိပြီး ခါလီအပါအဝင် တစ်ရက်ကို ပျှမ်းမျှ အစီး ၈၀ ကျော် တရုတ်နိုင်ငံဘက် ဝင်ရောက်ကာ ကုန်ပါကားတွေက ပျမ်းမျှ တစ်ရက်ကို အစီး ၆၀ ကျော် တင်ပို့နိုင်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်းဇယားအရ သိရပါတယ်။ ပို့ကုန်တွေထဲမှာ ဂဏန်း၊ ငါးရှဉ့်၊ ဖရဲ၊ ကြက်သွန်နီ၊ ရာဘာနဲ့…

Read More

တရုတ်နဲ့တင်းမာနေစဉ် ဖိလစ်ပိုင်နဲ့ မဟာမိတ်နိုင်ငံတွေ (၁၂) ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေ

မနီလာ၊ အောက်တိုဘာ-၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ ဖိလစ်ပိုင်ရေတပ်တို့ရဲ့ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုစတင်နေပြီး ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာတော့ အခြားမဟာမိတ် ခုနှစ်နိုင်ငံကိုပါ ဖိတ်ခေါ်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေစဉ်မှာ အခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။ မကြာသေးမီက အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်မှာ ရေပေါ်အတားအဆီးတွေကို တရုတ်နိုင်ငံကချထားခဲ့တာကြောင့် ဖိလစ်ပိုင်က ကန့်ကွက်ခဲ့ပြီး ဖယ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ဆမ်မာဆာမာစစ်ရေးလေ့ကျင့်မှုမှာ ဖိတ်ကြားခဲ့တဲ့ မဟာမိတ်ခုနှစ်နိုင်ငံမှာ ဂျပန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ပြင်သစ်ရေတပ်တို့ကိုပါဝင်ပြီး လူဇွန်ကျွန်းတောင်ဘက်မှာ ၁၂ ရက်ကြာပြုလုပ်မှာဖြစ်ပြီး တပ်ဖွဲ့ဝင်ပေါင်း နှစ်ထောင်ကျော်ပါဝင်မှာဖြစ်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မိတ်ဖက်နိုင်ငံတွေအကြား ရေရှည်တည်ခိုင်မြဲတဲ့ မိတ်ဖက်ဆက်ဆံရေးရဲ့ သင်္ကေတတခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကတိကဝတ်တွေအတွက်ဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်တာဝန်ရှိသူတဦးကပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်သာမက မိတ်ဖက်နိုင်ငံတွေရဲ့ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်မာသောဆက်ဆံရေးကိုတိုးမြှင့်ဖို့ ရည်ရွယ်ကြောင်း သူကဆိုပါတယ်။ Ref: NHK Photo:Getty Images #voiceofmyanmar…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၁၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၂၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၇၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #october3rd Telegram Link: https://t.me/VOMNEWS2023/2738

Read More

ဖားကန့် ဆိုင်းတောင်မှာ စစ်တပ် နဲ့ KIA+ K-PDF တို့ တိုက်ပွဲကြောင့် လက်နက်ကြီးကျပြီး လက်ဖက်ရည်ဆိုင် မီးလောင်

အောက်တိုဘာ ၃၊ ၂၀၂၃ Shy V(VOM) ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့် မြို့မြို့နယ် ဆိုင်းတောင်မှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ မနက်ကစ မွန်းလွဲ ၂ နာရီကျော်ခန့်အထိ စစ်တပ် နဲ့ KIA, K-PDF ပူးပေါင်းအဖွဲ့ တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားရာက လက်နက်ကြီးကျပြီး လက်ဖက်ရည်ဆိုင် ၁ ဆိုင် မီးလောင်ပြာကျသွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “ဒီမနက် ၁၀ နာရီလောက် ကတည်းက တိုက်ပွဲ ဖြစ်နေတာ။ မီးလောင် တာရှိတယ်။ ဆိုင်းတောင်ကနေ မှော်ရှန်ဘက်သွားတဲ့ မှော်ရှန်မှ ကြိုဆိုပါ၏ ဆိုတဲ့နားက လက်ဖက်ရည်ဆိုင် လောင်တာ။” လို့ ဒေသခံ အမျိုးသား ၁ ဦးက ပြောပါတယ်။ ‌တချို့က တခြားရပ်ကွက်ဘက် ရှောင်ကြပေမယ့် တချို့တော့ နေအိမ်ထဲမှာပုန်းနေကြကာ…

Read More
VOM News

FREE
VIEW