အောက်တိုဘာ ၃၊ ၂၀၂၃
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့ – ဝမ်တိန် နယ်စပ်ကုန်သွယ်ရာ ဂိတ် ကနေ တစ်ပတ်အတွင်း ပို့ကုန်၊ သွင်းကုန် ကား အစီးရေ ၁၂၀၀ ကျော်ရှိ ကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
တစ်ပတ်အတွင်း ပို့ကုန်ကား စုစုပေါင်း ၅၃၀ ကျော်ရှိပြီး ခါလီအပါအဝင် တစ်ရက်ကို ပျှမ်းမျှ အစီး ၈၀ ကျော် တရုတ်နိုင်ငံဘက် ဝင်ရောက်ကာ ကုန်ပါကားတွေက ပျမ်းမျှ တစ်ရက်ကို အစီး ၆၀ ကျော် တင်ပို့နိုင်ကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေရဲ့ စာရင်းဇယားအရ သိရပါတယ်။
ပို့ကုန်တွေထဲမှာ ဂဏန်း၊ ငါးရှဉ့်၊ ဖရဲ၊ ကြက်သွန်နီ၊ ရာဘာနဲ့ အခြား ကုန်မျိုးစုံ ပါဝင်တာကို တွေ့ရပါတယ်။
တစ်ပတ်အတွင်း သွင်းကုန်ကား စုစုပေါင်း ၆၇၀ ကျော်ရှိပြီး ခါလီ နဲ့ စက်ယန္တယား အသစ်တွေ အပါအဝင် ပျမ်းမျှ တစ်ရက်ကို အစီ ၁၁၀ ကျော် တရုတ်ဘက်ကနေ မြန်မာဘက်ထဲ ဝင်ရောက်ကြောင်း သိရပါတယ်။
သွင်းကုန်တွေထဲမှာ စက်သုံးဆီတွေဖြစ်တဲ့ ဒီဇယ်၊ ဓာတ်ဆီ၊ စက်ယန္တယားတွေဖြစ်တဲ့ ကား အသစ်၊ Loader, ဘက်ဟိုး၊ Dump Truck, နောက်တွဲ၊ တွဲခေါင်း၊ BOXER, ဆီတိုင်ကီနဲ့ အခြားကုန်မျိုးစုံ ပါတာကိုတွေ့ရပါတယ်။
ပို့ကုန်၊ သွင်းကုန်ကားတွေထဲမှာ ၆ ဘီးကား၊ ၁၂ ဘီးကား၊ တွဲကား၊ တွဲ Box တွေ နဲ့ တင်ပို့တာကို တွေ့ရပါတယ်။
စက်တင်ဘာလ ၁၉ ရက်နေ့ကနေ ၂၅ ရက်အထိ အရင် တပတ် အတွင်း ပို့ကုန်၊ သွင်းကုန်ကား စုစုပေါင်း အစီးရေ ၁၂၇၀ ကျော် ရှိခဲ့ပြီး အခုတပတ်နဲ့ နှိုင်းယှဉ်ရင် အခုတပတ်မှာ ပို့ကုန်၊ သွင်းကုန်ကား အစီး ၆၀ ကျော် လျော့သွား တာကိုတွေ့ရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်း ငွေလဲလှယ်နှုန်းကတော့ တရုတ် ယွမ်ပေး၊ မြန်မာကျပ်ယူ ၁ ယွမ်ကို ၄၅၂ ကျပ် ပေါက်ဈေးရှိနေပါတယ်။
တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေ အရသိရပါတယ်။
ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီ ကုန်သွယ်ရေးစခန်း အနေနဲ့ စက်တင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်ပတ်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေ အရသိရပါတယ်။
Telegram link: https://t.me/VOMNEWS2023/2736