မနီလာ၊ အောက်တိုဘာ-၃-၂၀၂၃
မျိုးဆက်(VOM)
အမေရိကန်နဲ့ ဖိလစ်ပိုင်ရေတပ်တို့ရဲ့ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုစတင်နေပြီး ယခုနှစ်စစ်ရေးလေ့ကျင့်မှုမှာတော့ အခြားမဟာမိတ် ခုနှစ်နိုင်ငံကိုပါ ဖိတ်ခေါ်ခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့တရုတ်နိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေစဉ်မှာ အခုလိုပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်နေတာဖြစ်ပါတယ်။
မကြာသေးမီက အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်မှာ ရေပေါ်အတားအဆီးတွေကို တရုတ်နိုင်ငံကချထားခဲ့တာကြောင့် ဖိလစ်ပိုင်က ကန့်ကွက်ခဲ့ပြီး ဖယ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။
ဆမ်မာဆာမာစစ်ရေးလေ့ကျင့်မှုမှာ ဖိတ်ကြားခဲ့တဲ့ မဟာမိတ်ခုနှစ်နိုင်ငံမှာ ဂျပန်၊ ကနေဒါ၊ ဗြိတိန်နဲ့ ပြင်သစ်ရေတပ်တို့ကိုပါဝင်ပြီး လူဇွန်ကျွန်းတောင်ဘက်မှာ ၁၂ ရက်ကြာပြုလုပ်မှာဖြစ်ပြီး တပ်ဖွဲ့ဝင်ပေါင်း နှစ်ထောင်ကျော်ပါဝင်မှာဖြစ်ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မိတ်ဖက်နိုင်ငံတွေအကြား ရေရှည်တည်ခိုင်မြဲတဲ့ မိတ်ဖက်ဆက်ဆံရေးရဲ့ သင်္ကေတတခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကတိကဝတ်တွေအတွက်ဖြစ်ကြောင်း ဖိလစ်ပိုင်ရေတပ်တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်သာမက မိတ်ဖက်နိုင်ငံတွေရဲ့ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ခိုင်မာသောဆက်ဆံရေးကိုတိုးမြှင့်ဖို့ ရည်ရွယ်ကြောင်း သူကဆိုပါတယ်။
Ref: NHK
Photo:Getty Images
Telegram Link: https://t.me/VOMNEWS2023/2737