တာမွေမြို့နယ်က အမျိုးသမီး နှစ်ဦးကို သတ်သွားတဲ့ သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေပြီ

    အောက်တိုဘာ ၊ ၂၁ ၊ ၂၀၂၃ SP (VOM)   ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်း ထောင့်နားက တိုက်အမှတ် ၁၅ ၊ ရှစ်လွှာမှာ မနေ့ အောက်တိုဘာ ၂၀ ရက် နေ့ခင်းပိုင်းက နှစ်လောင်းပြိုင် သတ်ခံရတဲ့ ဖြစ်စဥ်မှာပြစ်မှုကျူးလွန်သူလို့ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။   ” အခင်းဖြစ်ပွားတာက ၁၉ ရက်ညက ဖြစ်တယ် ၊ မနေ့က အောက်တိုဘာ ၂၀ ရက်မှာ သူ့တို့အမျိုးက အိမ်ကိုလာလည်တော့မှ အသတ်ခံထားရတယ်ဆိုတာ စတင်သိရတယ် ၊ အဲ့ဒါကြောင့် ရဲစခန်းကို အကြောင်းကြားတယ် ၊ အဲ့ဒီ အိမ်မှာက ညီမ သုံးယောက်နေတယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၁ ရက်)

    Voice of Myanmar   -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၀၀ ကျပ် ဝယ်ဈေး – ၃၂၅၀ ကျပ်   -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၂၀ ကျပ် ဝယ်ဈေး – ၂၃၆၀ ကျပ်   -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၁ ကျပ်   -ထိုင်းဘတ် ရောင်းဈေး – ၉၀.၉၀ ကျပ် ဝယ်ဈေး – ၈၉.၂၈ ကျပ်   -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၅ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ်   -တရုတ်ယွမ် ရောင်းဈေး – ၄၅၄…

Read More

This Day in History

  Voice of Myanmar   ဒိုင်းနမိုက်နှင့် အခြားသောအစွမ်းထက်ဖောက်ခွဲရေးပစ္စည်းများကို တီထွင်ခဲ့ပြီး နိုဘယ်လ်ဆုဖောင်ဒေးရှင်းကို တည်ထောင်ခဲ့သူ ဆွီဒင်ဓါတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်လ်ကို ၁၈၃၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် စတော့ဟုမ်းမြို့၌ မွေးဖွားခဲ့သည်။   #voiceofmyanmar #VOM #ThisDayInHistory #October21st Telegram Link : https://t.me/VOMNEWS2023/3107

Read More

ပြည်ပရောက် မြောက်ကိုရီးယားအိုင်တီလုပ်သားတွေ နျူကလီးယားလက်နက်အစီအစဉ်အတွက် ထောက်ပံ့ငွေတွေပြန်ပို့

    ဝါရှင်တန်၊ အောက်တိုဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM)   မြောက်ကိုရီးယားဟာ နိုင်ငံရပ်ခြားကုမ္ပဏီတွေဆီမှာ အို်င်တီလုပ်သားထောင်ပေါင်းများစွာကို စေလွှတ်ခဲ့ပြီး သူတို့တွေဟာ နိုင်ငံရဲ့နျူကလီးယား လက်နက်အစီအစဉ်အတွက် ထောက်ပံ့ဖို့ ငွေတွေပြန်ပို့ခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်ပါတယ်။   မြောက်ကိုရီးယား အိုင်တီလုပ်သားတွေဟာ နိုင်ငံရပ်ခြားကုမ္ပဏီတွေမှာ အလုပ်ရရှိဖို့အတွက် မြောက်ကိုရီးယားနိုင်ငံသားဖြစ်ကြောင်းကိုဖုံးကွယ်ခဲ့ကြတယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။   သူတို့ဟာ တရုတ်နဲ့ရုရှားတို့မှာ အဓိကအလုပ်လုပ်ကိုင်နေကြပေမယ့် အလုပ်ရှင်တွေကို လှည့်စားဖို့ အမေရိကန်မှာ အလုပ်လုပ်နေသူတွေလို့ထင်မြင်စေဖို့ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။   လှည့်ဖြားမှုရဲ့ တစိတ်တပိုင်းအဖြစ် သူတို့အသုံးပြုခဲ့တဲ့ ဝက်ဘ်ဆိုက် ၁၇ ခုကိုလည်း အမေရိကန်တာဝန်ရှိသူတွေက သိမ်းဆည်းထိန်းချုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယား အိုင်တီလုပ်သားတွေဟာ အွန်လိုင်ငွေပေးချေမှု ဝန်ဆောင်မှုတွေနဲ့ တရုတ်ဘဏ်အကောင့်တွေကနေ မြောက်ကိုရီးယားကို ဒေါ်လာသန်းပေါင်းများစွာ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။   မြောက်ကိုရီးယားအိုင်တီ လုပ်သားတွေကို အလုပ်ခန့်ထားမိတာမျိုးတွေ မဖြစ်စေဖို့ ပုဂ္ဂလိက…

Read More

ဂါဇာကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ကမ္ဘာတဝန်းက မွတ်ဆလင်တွေ တောင်းဆိုဆန္ဒပြ

  တူနစ် ၊ အောက်တိုဘာ-၂၁-၂၀၂၃ မျိုးဆက်(VOM)   ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တွေကို အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးခဲ့ပြီးနောက် ကမ္ဘာ့တဝန်းမှာရှိတဲ့ မွတ်ဆလင်တွေဟာ ဆန္ဒပြမှုတွေ ပြုလုပ်နေကြပြီး ဂါဇာကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုနေကြပါတယ်။   အစ္စရေးကို အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုကြောင့် လူ ၁၄၀၀ ကျော်သေဆုံးပြီး ဓါးစာခံတွေ ဖမ်းဆီးခံရပြီးနောက်ဂါဇာက ဟားမတ်စ်တွေကို ချေမှုန်းဖို့အတွက် အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှု စတင်ဖို့ ပြင်ဆင်နေပါတယ်။   အနောက်နိုင်ငံအစိုးရတွေကတော့ အစ္စရေးရဲ့ စစ်ဆင်ရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုနေကြပေမယ့် မွတ်ဆလင်နိုင်ငံအများအပြားကတော့ ဂါဇာကမ်းမြှောင်ဒေသရဲ့ လက်ရှိအခြေအနေအပေါ် အမျက်ထွက်နေကြပြီး ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်ကြောင်းပြသကာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေကြပါတယ်။   ဂျော်ဒန်မြို့လယ်မှာတော့ ပါလက်စတိုင်းဆန္ဒပြသူ ၆၀၀၀ ကျော်ဟာ အစ္စရေးသံရုံးအနီးမှာ ဆန္ဒပြခဲ့ကြပြီး ဟားမတ်စ်အဖွဲ့ကို ထောက်ခံကြောင်း၊…

Read More

ဖျာပုံခရိုင် တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတဲ့ လူငယ် ခုနှစ်ယောက်ကို သေဒဏ်ချ

အောက်တိုဘာ ၂၁-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ တရားရုံးက အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ လူငယ် ခုနှစ်ယောက်ကို မနေ့ အောက်တိုဘာ ၂၀ ရက်ကသေဒဏ်အမိန့် ချလိုက်တယ်လို့သိရပါတယ်။ ”ပြီးခဲ့တဲ့ နှစ်က အဖမ်းခံရတာ တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပတ်သက် ဆက်သွယ်တယ်ဆိုပြီး၊ အဖမ်းခံရတာက အားလုံး ၁၅ ယောက် ၊ အခု ခုနှစ်ယောက်ကိုသေဒဏ်အမိန့်ချတာ၊ရာဇသတ်ကြီး ၃၀၂ (၁)(ခ)၁၀၉ အရသေဒဏ်ချတာလို့သိရတယ်၊သေဒဏ်ချ ခံရတဲ့သူတွေက သူရဖြိုး၊ ကိုကိုအောင်၊ အေးမင်းသူ၊ ထွန်းထွန်း ဦး၊ ကျော်ဆန်းဦး၊ ကိုစံလင်းစံနဲ့ ကိုဝဏ္ဏထွန်း တို့ပါ ။”လို့ တရား ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက် ကပြောပါတယ်။ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်(၇)ယောက်ကို မနေ့ အောက်တို ဘာ ၂၀ ရက်က ပုသိမ်အကျဉ်းထောင်ကို နေ့ချင်းပို့လိုက်တယ် လို့သိရပြီး အဲ့ဒီ…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၇၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၂၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #October21st

Read More
VOM News

FREE
VIEW