တာမွေမြို့နယ်က အမျိုးသမီး နှစ်ဦးကို သတ်သွားတဲ့ သံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေပြီ

 

 

အောက်တိုဘာ ၊ ၂၁ ၊ ၂၀၂၃

SP (VOM)

 

ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်၊ ကျားကွက်သစ်ရပ်ကွက် ဓမ္မစိန္တာလမ်းနဲ့ နိဂြောဓလမ်း ထောင့်နားက တိုက်အမှတ် ၁၅ ၊ ရှစ်လွှာမှာ မနေ့ အောက်တိုဘာ ၂၀ ရက် နေ့ခင်းပိုင်းက နှစ်လောင်းပြိုင် သတ်ခံရတဲ့ ဖြစ်စဥ်မှာပြစ်မှုကျူးလွန်သူလို့ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

 

” အခင်းဖြစ်ပွားတာက ၁၉ ရက်ညက ဖြစ်တယ် ၊ မနေ့က အောက်တိုဘာ ၂၀ ရက်မှာ သူ့တို့အမျိုးက အိမ်ကိုလာလည်တော့မှ အသတ်ခံထားရတယ်ဆိုတာ စတင်သိရတယ် ၊ အဲ့ဒါကြောင့် ရဲစခန်းကို အကြောင်းကြားတယ် ၊ အဲ့ဒီ အိမ်မှာက ညီမ သုံးယောက်နေတယ် ၊ ညီမ နှစ်ယောက်က အသတ်ခံရတယ် ၊ ကျန်ညီမတယောက်က တရားစခန်းမှာ တရားသွားထိုင်နေတယ်လို့ သိရတယ် ၊ ပြစ်မှုကျူးလွန်သူလို့ သံသယရှိတဲ့လူက၊ အဲ့ဒီအိမ်မှာ ဝင်ထွက်နေသူတယောက်ဖြစ်တယ် ၊အခု သူ့ကို ဖမ်းမိထားတယ် ၊ အသတ်ခံရသူတွေက အိမ်မိုးSunshade ပြင်ပေးဖို့ သူ့ကိုယ် ခေါ်ခိုင်းတယ် ၊ ညကျတော့ အဲ့ဒီလူက အမိုးက ဖောက် ၊ အိမ်ထဲဝင်ပြီး အိမ်ရှင်နှစ်ယောက်ကို သတ်တယ် ၊ နောက်ပြီး အိမ်ရှင်တွေရဲ့ ရွှေထည် လက်ဝတ်ရတနာတွေယူပြီး ထွက်ပြေးတယ် ၊လူသတ်ရာမှာ အသုံးပြုခဲ့တဲ့ ဓားကို မလွှကုန်း ဘူတာဘက်မှာ လွင့်ပစ်ခဲ့တာလို့ ကနဦး သိရတယ် ” လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ ဒေါ်မေရီတင်နဲ့ ဒေါ်မေစန္ဒာထွေးတို့

နှစ်ယောက်က အငြိမ်းစားကျောင်းဆရာမ တယောက်နဲ့ ကုမ္မဏီ ဝန်ထမ်း တယောက်တို့ဖြစ်ပြီးအသက်အရွယ်အားဖြင့် ၆၀ ကျော်နဲ့ ၄၀ ကျော် ရခိုင်အမျိုးသမီးတွေဖြစ်ကြတယ် လို့ တာမွေမြို့ခံ တယောက်က ပြောပါတယ်။

 

တာမွေမြို့နယ်ရဲတပ်ဖွဲ့ရုံးကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး ။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက် ည ၇ နာရီဝန်းကျင်က ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့ ၊ ညစျေးမှာ ရွှေဆိုင်ပိုင်ရှင်တယောက်ဟာ ဆိုင်ပိတ်ပြီး နေအိမ်ပြန်အလာ လမ်းမှာ လူတစုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေဆိုင်ပိုင်ရှင်ကို သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ လုယူသွားတဲ့ ဖြစ်စဥ်ရှိခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း တနိုင်ငံလုံး အတိုင်းတာအနေနဲ့ လူသတ် လုယက်မှုပေါင်း ၂၀၀ ကျော်ဖြစ်ပွားပြီး အဲ့ဒီထဲက သေဆုံးရသူပေါင်း ၄၀၀ အထက်မှာ ရှိတယ်လို့ သိရပါတယ်။

 

အဲ့ဒီလို လူသတ် လုယက်မှုတွေ အများဆုံး ဖြစ်ပွားရာဒေသတွေကတော့ ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် ၊ ပခုက္ကူ ၊ရေစကြို ၊ မြောင် ၊ မုံရွာ ၊ ယင်းမာပင် ၊ ရေဦး ၊ ရွှေဘို ၊ ခင်ဦး ၊ ဝက်လက် ၊ ဒီပဲယင်း ၊ တန့်ဆည် ၊ ကောလင်း၊ ရန်ကုန် ၊ မန္တလေး စတဲ့ဒေသတွေလို့

မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ ၊ ဒေသခံ တဦး

a

#VOM #voiceofmyanmar #တာမွေ #လူသတ်မှု

Telegram Link: https://t.me/VOMNEWS2023/3103

 

Related posts

Leave a Comment

VOM News

FREE
VIEW