ဖျာပုံခရိုင် တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတဲ့ လူငယ် ခုနှစ်ယောက်ကို သေဒဏ်ချ

အောက်တိုဘာ ၂၁-၂၀၂၃
MM(VOM)
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ တရားရုံးက အကြမ်းဖက် ဥပဒေနဲ့ ဖမ်းဆီး အမှုဖွင့်ခံထားရတဲ့ လူငယ် ခုနှစ်ယောက်ကို မနေ့ အောက်တိုဘာ ၂၀ ရက်ကသေဒဏ်အမိန့် ချလိုက်တယ်လို့သိရပါတယ်။
”ပြီးခဲ့တဲ့ နှစ်က အဖမ်းခံရတာ တရားမဝင်အဖွဲ့အစည်းတွေနဲ့ ပတ်သက် ဆက်သွယ်တယ်ဆိုပြီး၊ အဖမ်းခံရတာက အားလုံး ၁၅ ယောက် ၊ အခု ခုနှစ်ယောက်ကိုသေဒဏ်အမိန့်ချတာ၊ရာဇသတ်ကြီး ၃၀၂ (၁)(ခ)၁၀၉ အရသေဒဏ်ချတာလို့သိရတယ်၊သေဒဏ်ချ ခံရတဲ့သူတွေက သူရဖြိုး၊ ကိုကိုအောင်၊ အေးမင်းသူ၊ ထွန်းထွန်း ဦး၊ ကျော်ဆန်းဦး၊ ကိုစံလင်းစံနဲ့ ကိုဝဏ္ဏထွန်း တို့ပါ ။”လို့ တရား ရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက် ကပြောပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ လူငယ်(၇)ယောက်ကို မနေ့ အောက်တို ဘာ ၂၀ ရက်က ပုသိမ်အကျဉ်းထောင်ကို နေ့ချင်းပို့လိုက်တယ် လို့သိရပြီး အဲ့ဒီ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်ခုနှစ်ယောက်ဟာ အသက် ၂၀ ကျော်လေးယာက်နဲ့ အသက် ၃၀ ကျော်သုံးယောက် ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်ကလည်း ဖျာပုံခရိုင် တရားရုံး က ဘိုကလေးမြို့နယ်မှာနေတဲ့ အမျိုးသမီး တယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ် ဖြတ်တယ်လို့ဆိုကာ စွပ်စွဲ ဖမ်းဆီးခံ ထားရတဲ့ လူငယ်လေးယောက်ကို သေဒဏ်ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်ကလည်းဘိုကလေး မြို့နဲ့ မအူပင်မြို့တို့က အကြမ်းဖက် ပုဒ်မတွေနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ အမျိုးသားသုံးယောက်ကို ဖျာပုံခရိုင် တရားရုံးက သေဒဏ်အမိန့်ချခဲ့သေးတယ်လို့သိရပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ကနေ ၂၀၂၃ စက်တင်ဘာ ၁၃ ရက်အထိ နိုင်ငံအဝှမ်းမှာ သေဒဏ်ပေခံရသူပေါင်း ၁၅၀ ကျော်ရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW