ဘင်္ဂလားဒေ့ရှ်မှာ ကုန်ရထားနဲ့ ခရီးသည်တင်ရထားတိုက်မိတာကြောင့် ၁၇ ယောက်သေဆုံး

 

 

ဒါကာ၊ အောက်တိုဘာ-၂၄-၂၀၂၃

မျိုးဆက်(VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းမှာ အောက်တိုဘာ ၂၃ ရက်ကဖြစ်ပွားခဲ့တဲ့ ရထားနှစ်စင်းတိုက်မိမှုကြောင့် လူ ၁၇ ယောက်သေဆုံးပြီးအများအပြားဒဏ်ရာရရှိသွားကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

 

အောက်တိုဘာ ၂၃ ရက်ကဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုဟာ ဒါကာမြို့အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀ အကွာရှိ ဘာဟာရက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရီးသည်တင်ရထားတစင်းရဲ့ နောက်ဘက်တွဲဆိုင်းတွေကိုကုန်တင်ရထားက ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

 

ရထားချင်းတိုက်မိမှုဟာ အချက်ပြစနစ်မှားယွင်းမှုကြောင့် ဖြစ်နိုင်ခြေရှိကြောင်းအမည်မဖော်လိုတဲ့ မီးရထားတာဝန်ရှိသူတယောက်ကပြောပါတယ်။

 

မတော်တဆမှုအတွင်းလူအများအပြားပိတ်မိနေခဲ့ပါတယ်။ သေဆုံးသူအများစုဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးဦးကတော့ ဆေးရုံမှာသေဆုံးခဲ့တာဖြစ်ပါတယ်။

 

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေပြီးဒဏ်ရာရသူ ၅၀ ကျော်ကိုကုသမှုများပေးနေကာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုအာဏာပိုင်တွေကစုံစမ်းစစ်ဆေးနေပါတယ်။ အခြေခံအဆောက်အအုံဆိုင်ရာအားနည်းချက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ရထားမတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

 

Ref:BBC

Photo:Reuters

 

#voiceofmyanmar #VOM #ဘင်္ဂလားဒေ့ရှ် #ရထား #မတော်တဆမှု

Telegram Link: https://t.me/VOMNEWS2023/3155?single

 

Related posts

Leave a Comment

VOM News

FREE
VIEW