ဆူးငှက်
မန္တလေးတွင် အလှူခံ တီးဝိုင်းများခတ်စားခဲ့ဖူးသည်။ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲ အတွက်ဆွမ်းလောင်းသင်း အတွက် စသည်ဖြင့် တီးဝိုင်းများဖြင့် မြို့လုံးပတ်လည် အလှူခံ ထွက်ကြသည်။ထိုတီးဝိုင်းများက လျှပ်စစ်အော်ဂင်ပါသည်။ ဒိုးချောင်ပါသည်။ အုပ်စုံပါသည်။ ပုလွေပါသည်။ေလမှုတ်တူရိယာက ၂လက်လောက်လည်း ပါသည်။ အမျိုးသား အမျိုးသမီး အဆိုတော်တွေလည်းပါသည်။
တီးဝိုင်းအဖွဲ့တွင် တီးမှုတ်သူ အချို့က ပညာရှင်ေကြးစားများဖြစ်သော်လည်းအဆိုတော်များအပါအဝင် အများစုက အရပ်သားများဖြစ်သည်။ ထိုတီးဝိုင်းများတွင်ေရှ့က ဆိုက်ကားပေါ်တွင် တီးဝိုင်းဆိုင်းဘုတ်နှင့် ခြေလျင်လိုက်သည်။ ေအာ်လံပါသည်။ ေနာက်က ဆိုက်ကားမှာ မီးစက် အသံချဲ့စက်ပစ္စည်းများတင်သည်။ ေနာက်က ဆိုက်ကားပေါ်မှာ တစ်ဘက်က ဒိုးချောင်နှင့် တစ်ဖက်က အုပ်စုံပါသည်။ ေနာက်ကဆိုက်ကားမှာေအာ်ဂင် တင်သည်။တီးခတ်သူတွေက ထိုဆိုက်ကားများနှင့် ယှဉ်ပြီးခြေလျင်လိုက်သည်။ ထို့အတူပုလွေေလမှုတ်အဖွဲ့နှင့် အဆိုတော်များကလည်း တစ်အုပ်တမကြီးခြေလျင်လိုက်ကြသည်။ထိုတီးဝိုင်းများကတော့ အများဆုံးသီဆိုကြတာ မန္တလေးသီချင်းများဖြစ်သည်။
မန္တလေးသီချင်းဆိုသည်လျှင်ပင် ေအာင်မင်္ဂလာ မြမန်းဂီရိ မန်းတောင်လက်ျာ မှ အစ လက်ရေတပြင်တည်း ၊ ေရွှမင်းဂံ၊ ပဉ္စသိင်္ခ ၊ထပ်တရာလန်း မှသည် ေလဘာတီ မမြရင်သီချင်းများအထိ ပိုင်နိုင်သည်။ စလွယ်နီတဲ့၊စလွယ်စိမ်းတဲ့၊ မန်းဟေမာတဲ့၊ မိတ္တတဲ့၊ ထင်ရှားသည့် အလှူခံ တီးဝိုင်းအဖွဲ့ နာမည်များ ဖြစ်သည်။
ထိုသို့သော သီချင်းသီဆို တီးမှုတ် အလှူခံသော အဖွဲ့များနှင့် မတူသော အလှူခံ တီးဝိုင်းအဖွဲ့တစ်ဖွဲ့လည်းရှိသည်။ ထိုအဖွဲက တီးဝိုင်းပစ္စည်း အစုံအလင် ပါရှိသည်။ သို့သော် ထိုအဖွဲ့ကသီချင်းမဆို။ ထိုအဖွဲ့က ပါတော်မူဇာတ်ထုပ်ကို တီးဝိုင်းနှင့်အတူ အစအဆုံး အသံဖြင့်ခင်းကျင်းခြင်းဖြစ်သည်။ ပါဝင်ခင်းကျင်းကြသူအများစုက လူငယ်ပညာတတ်များဖြစ်သည်။ ဇာတ်ဝင် ဇာတ်ပို့တီးလုံးအခန်းပြောင်း တီးလုံးများနှင့်အတူ ဇာတ်ဟန်အတိုင်း အနုပညာမြောက်စွာ တင်ဆက်ကြသည်။
အထူးသဖြင့် သူတို့က ပါတော်မူဇာတ်ကို အဆိုအငိုများဖြင့် ထိုးဇာတ်မဟုတ်ဘဲ သမိုင်းအမှန်နှင့် အနီးစပ်ဆုံးဇာတ်ညွှန်းရေးကာအသံဖြင့် သရုပ်ဆောင်ကြသည်။ ထိုပါတော်မူဇာတ်တွင် ပရိသတ် စိတ်အဝင်စားဆုံး ဇာတ်ကောင်က ကင်းဝန်မင်းကြီးဖြစ်ပြီးကင်းဝန်မင်းကြီးက အင်္ဂလိပ်သံပြင်သစ်သံများနှင့် အင်္ဂလိပ်လို ပီပြင်စွာပာတာ၊ တိုင်းတာမင်းကြီးနှင့်တိုင်းရေးပြည်ရာများပာတာ စသည့် ထိုအခန်းရောက်လျှင် အင်္ဂလိပ်စကားပြောကောင်းသောကင်းဝန်မင်းကြီးကိုမြင်ဖူးရန် တိုးဝှေ့ကြည့်ရသည်။ ဇာတ်ထုပ်အဆုံး ပါတော်မူသီချင်းကိုအရှိုက်အငင်များနှင့် အပီအပြင်သီဆိုသော အရွယ်ကောင်းေကျာင်းသူလေးကိုလည်း ပရိသတ်က မျက်ရည်သုတ်ရင်းအားပေးကာ အလှူငွေ ထည့်ကြသည်။ ထိုအဖွဲ့က မှတ်မိသလောက် အနောက်ပြင် ပုလင်းဝင်းဘက်ကတဲ့။ပုလင်းဝင်းကဖြင့် စွာပါပေ့၊ဒဿဂီရိ သံချပ်ကအစ ပါတော်မူအလှူခံအလယ် နိုင်ငံရေးအဆုံး အားလုံး မခေသူများဖြစ်သည်။
ထိုအလှူခံအဖွဲ့များက အသင်းတည်ရာ ရပ်ကွက်မှ မနက်ပိုင်းကတည်းက စတင်ထွက်ကြပြီးေဈးချိုဝန်းကျင်အလှူခံကြပြီးထမင်းစားချိန်ရာက်လျှင် သကျသီဟဘုရားဖြစ်စေ၊ အိမ်တော်ရာဘုရားမှာဖြစ်စေနားကြသည်။ ထိုအခါ ရပ်ကွက်က နားသည့်ဘုရားသို့ လိုက်၍ အိုးကြီးအိုးငယ်များနှင့်ထမင်းလိုက်ကျွေးကြ၏။ ထိုသို့ ထမင်းစား နားနေပြီးေနချိုချိန်မှ တစ်ကြော့ပြန်ထွက်၍ ရပ်ကွက်အနှံ့ လှည့်လည် အလှူခံကြတာ ညာဉ့်နက်သန်းခေါင် တိုင်တော့သည်။
ထိုစဉ်ကာလ မန္တလေး၏ေဟာ်တယ်များတွင် တည်းခိုကြသူ အများစုက မြန်မာစကားရေရေလည်လည်မတတ်သူနှင့် မြန်မာရေဝကာေန့ချင်းညချင်း ချမ်းသာကြသူတွေဖြစ်သည်။ သူတို့ကေဟာ်တယ်များတွင် တစ်လကိုးသီတင်းေနထိုင်ကြသူများလည်းဖြစ်သည်။ ေဟာ်တယ်အသီးသီး၌ ဧည့်သည်များရက်ရှည်တည်းကြသည့် ကာလရောက်သောအခါ အလှူခံတီးဝိုင်းများက ရပ်ကွက်အသီးသီးသို့ လှည့်လည် အလှူခံသည်ထက် ေဟာ်တယ်ကြီးများရှေ့ ေကျာက်ချ ရပ်နား ကာ ဧည့်သည်တော်ကြီးများတာင်းဆိုသည့် သီချင်းများကိုပဲ သူတို့တောင်းဆိုသည့်အဆိုတော်များက အလှည့်ကျ (သို့မဟုတ်) အကြိမ်ကြိမ်ေကျာ့ကာကျော့ကာ သီဆိုဖျော်ဖြေရတာ မိုးလင်းမှပန်ရသတဲ့။ အလှူငွေကလည်း ရပ်ကွက်ထဲ လှည့်လည်အလှူခံတာထက် အဆများစွာ ပိုရသတဲ့။ သူတို့ကြိုက်သည့် သီချင်းဆိုလျှင် တစ်ပုဒ်ကိုအလှူငွေ ၁၀၀ကျပ်ထည့်ပြီး အကြိမ်ကြိမ် ေတာင်းဆိုကြသည်။
ထို့ကြောင့် အလှူခံ တီးဝိုင်းများက လက်ရေတပြင်တည်းတွေ ေရွှမင်းဂံတွေထပ်တရာလန်းတွေနှင့် အဆင်မပြေတော့။ ေနကာ မျက်မှန်လေးတို့၊ စနေနေ့ည ကိုးနာရီတို့၊ မချစ်စု တို့၊ ပုစွန်ဆိတ်ကလေးတို့၊ဒဿလိုအချစ်တို့၊ ေနာ်ကိုကိုနော်တို့၊ သမီးရဲ့ဦး တို့၊ ေလာပန်းလောင်းတို့ ကိုပိုင်နိုင်နေရတာ့သည်။ အထူးသဖြင့်လာပန်းလောင်း ကတော့ ညာဉ့်နက်လာလို့ ဧည့်သည်များေရချိန်ကိုက်လေေတာင်းဆိုလေဖြစ်သည်။ သည်ကြားထဲ ဧည့်သည်တော် များက ပိုက်ဆံ အုပ်လိုက်ကိုင်ကာဖလားထဲထည့်အကြိမ်ကြိမ်လှူရင်း မိုက်ကိုင်ကာ ကိုယ်တိုင်ဟဲတော့၏။
ထိုစဉ်ကာလများက သီချင်းနားထောင်ချင်လို့ဖြစ်စေ၊ ကိုယ်တိုင်သီဆိုချင်လို့ဖြစ်စေ ညနေစောင်းတာနှင့်အလှူခံတီးဝိုင်း အသံကို နားစွင့် ေမျှာ်လင့်နေမိတော့သည်။
ဆူးငှက်