ယနေ့ ရွှေဈေး (အောက်တိုဘာ- ၂၆ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။ ” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read MoreDay: October 26, 2023
အကြီးစား နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားစစ်တပ် ထုတ်ပြန်
မော်စကို၊ အောက်တိုဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားစစ်တပ်ဟာ အကြီးစားနျူကလီးယားတိုက်ခိုက်မှုကို အစမ်းလေ့ကျင့်ခဲ့ကြောင်း ရုရှားသမ္မတနန်းတော်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီလေ့ကျင့်မှုမှာ ရန်သူရဲ့ နျူကလီးယားတိုက်ခိုက်မှုတွေကို တုံ့ပြန်တာတွေလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူကပြောပါတယ်။ နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်တာနဲ့ ပတ်သက်ပြီး သမ္မတပူတင်ကို ရှင်းလင်းတင်ပြခဲ့ကြောင်း ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။ နျူကလီးယားထိပ်ဖူးစမ်းသပ်မှုတွေအားလုံးကို တားမြစ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူစာချုပ်ကနေ ရုရှားနှုတ်ထွက်ဖို့ကို ရုရှားပါလီမန်က ထောက်ခံခဲ့ပြီးနောက် အခုလို နျူကလီးယားတိုက်ခိုက်မှု အစမ်းလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ နျူကလီးယားဆိုင်အရာ အသင့်အနေအထားရှိနေရေးကို ပုံမှန်အတိုင်းလုပ်ဆောင်နေကြပြီး ရုရှားဟာ အောက်တိုဘာလကုန်ပိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ယခုနှစ်လေ့ကျင့်မှုမှာတော့ ရန်သူတွေရဲ့ နျူကလီးယားတိုက်ခိုက်မှုကို တုံ့ပြန်ဖို့အတွက် မဟာဗျူဟာထိုးစစ်အဖွဲ့က အကြီးစားနျူကလီးယားတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ ကရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ အခြားသောလက်နက်တွေကို လက်တွေ့စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ Ref:BBC…
Read Moreအမေရိကန် လူဝစ်စတန်မြို့မှာ ပစ်ခတ်မှုကြောင့် ၂၂ ယောက်သေဆုံး၊ လွတ်မြောက်နေတဲ့ သေနတ်သမားကို အပူတပြင်းရှာဖွေနေ
ဝါရှင်တန်၊ အောက်တိုဘာ-၂၆ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မိန်းပြည်နယ် အောက်တိုဘာ ၂၅ ရက်ညပိုင်းကဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၂ ယောက်ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုဟာ မိန်းပြည်နယ်ရှိ လူဝစ်စတန်မြိုမှာ ည ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ လမ်းကြားတခုအတွင်းရှိ လူတွေကို ပစ်ခတ်ပြီးနောက် အနီးအနားရှိ ဘားနဲ့ အခြားနေရာတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ လက်ရှိမှာ သေနတ်သမားလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့ဝင်ရာနဲ့ချီပြီး အပူတပြင်းရှာဖွေနေကြပါတယ်။ မောင်းပြန်ရိုင်ဖယ်ကိုင်ဆောင်ထားတဲ့ သံသယရှိသူရဲ့ ဓါတ်ပုံကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဒေသခံတွေအနေနဲ့ နေအိမ်အတွင်းမှာ တံခါးတွေပိတ်ပြီး နေထိုင်ကြဖို့ သတိပေးထားပါတယ်။ သေနတ်သမားဟာ အသက် ၄၀ နှစ်အရွယ် ရောဘတ်ကတ်ဆိုသူဖြစ်ပြီး အန္တရာယ်ရှိသူအဖြစ် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။…
Read Moreဂါဇာမြောက်ပိုင်းကို အစ္စရေးက တင့်ကားတွေနဲ့ဝင်ပြီး တိုက်ခိုက်
တဲလ်အဗစ်၊ အောက်တိုဘာ-၂၆-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးတပ်တွေဟာ ဂါဇာမြောက်ပိုင်းကို တင့်ကားတွေနဲ့ဝင်ရောက်ပြီး ဟားမတ်စ်တွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ နောက်ထပ်တိုက်ပွဲအဆင့်တွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ဂါဇာကို များမကြာခင် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဒီအတောအတွင်း ဂါဇာမှာ လောင်စာဆီ ပြတ်လပ်မှုကြောင့် ဆေးရုံအချို့ကလွဲပြီး ကျန်တဲ့ အရေးပေါ်ဝန်ဆောင်မှုတွေ ရပ်တန့်လို့နေပါတယ်။ အစ္စရေးဟာ ဂါဇာကိုပို့မယ့် လောင်စာဆီလမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ဟားမတ်စ်တွေဟာ လောင်စာဆီတွေကို သိုလှောင်နေကြတယ်လို့ စွပ်စွဲထားပါတယ်။ ဂါဇာရှိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေမှာလည်း အလားတူလောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး လာမယ့်နာရီပိုင်းအတွင်း လုပ်ငန်းတွေရပ်ဆိုင်းရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။ ဂါဇာဒေသမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လူ ၆၅၀၀ နီးပါးသေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဟားမတ်စ်တို့ရဲ့ ကနဦးတိုက်ခိုက်မှုအတွင်း…
Read Moreမကွေးတိုင်းမှာ ဒီရက်ပိုင်းအတွင်း နေအိမ်တရာကျော် မီးရှို့ခံရလို့ မီးဘေးဒုက္ခသည်တွေ အခက်ခဲဖြစ်
အောက်တိုဘာ ၊ ၂၆ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲ ရေစကြိုနဲ့ ပေါက်မြို့တွေမှာ ဒီရက်ပိုင်းအတွင်း လူနေအိမ် တရာကျော် မီးရှို့ခံရပြီး အဝတ်အထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ရေစကြိုမြို့နယ်မှာ နေတဲ့ နေအိမ် မီးရှို့ခံရသူ တယောက်က ” အခုလ ၁၇ ရက်က ရေလယ်ကျွန်း ဒေသဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ငါးရက်ကြားတယ်၊ အဲ့ဒီ အချိန်မှာ ရေလယ်ကျွန်း ဒေသတခုလုံး ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ကူနီရွာမှာ နေအိမ် ခုနှစ်လုံး ၊ ကျွန်းကလေးရွာမှာ နှစ်လုံး ၊ လှေခုတ်ရွာမှာ လေးလုံး ၊ ကျွန်းညိုရွာမှာ သုံးလုံး ၊ နွယ်နီရွာမှာ နှစ်လုံး ၊…
Read MoreThis Day in History
Voice of Myanamr တောင်ကိုရီးယားသမ္မတ ပတ်ချောင်ဟီနှင့် သက်တော်စောင့်များအပါအဝင် ငါးဦးကို ၎င်း၏မိတ်ဆွေရင်းဖြစ်သူ ထောက်လှမ်းရေးအကြီးအကဲ ကင်ဂျေးကျူက ၁၉၇၉ ခုနှစ် အောက်တိုဘာ ၂၆ တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။
Read Moreယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၂၆ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၈၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #October26th #ရွှေစျေး Telegram Link: https://t.me/VOMNEWS2023/3183
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၂၆ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၂၅၀ ကျပ် ဝယ်ဈေး – ၃၂၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၃၇၀ ကျပ် ဝယ်ဈေး – ၂၃၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၄၆၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၀.၀၀ ကျပ် ဝယ်ဈေး – ၈၈.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၅ ကျပ် ဝယ်ဈေး – ၆၉၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၄၆ ကျပ် ဝယ်ဈေး – ၄၃၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreအရုဏ်တော် အလှူခံ တီးဝိုင်းများ
ဆူးငှက် မန္တလေးတွင် အလှူခံ တီးဝိုင်းများခတ်စားခဲ့ဖူးသည်။ ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲ အတွက်ဆွမ်းလောင်းသင်း အတွက် စသည်ဖြင့် တီးဝိုင်းများဖြင့် မြို့လုံးပတ်လည် အလှူခံ ထွက်ကြသည်။ထိုတီးဝိုင်းများက လျှပ်စစ်အော်ဂင်ပါသည်။ ဒိုးချောင်ပါသည်။ အုပ်စုံပါသည်။ ပုလွေပါသည်။ေလမှုတ်တူရိယာက ၂လက်လောက်လည်း ပါသည်။ အမျိုးသား အမျိုးသမီး အဆိုတော်တွေလည်းပါသည်။ တီးဝိုင်းအဖွဲ့တွင် တီးမှုတ်သူ အချို့က ပညာရှင်ေကြးစားများဖြစ်သော်လည်းအဆိုတော်များအပါအဝင် အများစုက အရပ်သားများဖြစ်သည်။ ထိုတီးဝိုင်းများတွင်ေရှ့က ဆိုက်ကားပေါ်တွင် တီးဝိုင်းဆိုင်းဘုတ်နှင့် ခြေလျင်လိုက်သည်။ ေအာ်လံပါသည်။ ေနာက်က ဆိုက်ကားမှာ မီးစက် အသံချဲ့စက်ပစ္စည်းများတင်သည်။ ေနာက်က ဆိုက်ကားပေါ်မှာ တစ်ဘက်က ဒိုးချောင်နှင့် တစ်ဖက်က အုပ်စုံပါသည်။ ေနာက်ကဆိုက်ကားမှာေအာ်ဂင် တင်သည်။တီးခတ်သူတွေက ထိုဆိုက်ကားများနှင့် ယှဉ်ပြီးခြေလျင်လိုက်သည်။ ထို့အတူပုလွေေလမှုတ်အဖွဲ့နှင့် အဆိုတော်များကလည်း တစ်အုပ်တမကြီးခြေလျင်လိုက်ကြသည်။ထိုတီးဝိုင်းများကတော့ အများဆုံးသီဆိုကြတာ မန္တလေးသီချင်းများဖြစ်သည်။ မန္တလေးသီချင်းဆိုသည်လျှင်ပင် ေအာင်မင်္ဂလာ…
Read More