ဒီပဲယင်းမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူ ၃၀ နီးပါး သတ်ဖြတ်ခံရ

 

အောက်တိုဘာ ၊ ၃၁ ၊ ၂၀၂၃

SP ( VOM)

 

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့မှာရှိတဲ့ ရွာပေါင်း ၊ ရှစ် ရွာမှာနေတဲ့ လူ ၃၀ နီးပါး ဒီရက်ပိုင်းအတွင်း သတ်ဖြတ်ခံရတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

 

“အသတ်ခံရတဲ့ လူတွေက သီတင်းကျွတ် လပြည့်နေ့ ဝန်းကျင်က သတ်ခံရတာဖြစ်တယ် ၊ သိမ္ဘာရွာက ကိုအောင်နိုင် ၃၅ နှစ် ၊ ဇော်မျိုးအောင် ၃၄ နှစ် ၊ အမည်မသိရသေးတဲ့ လူ နှစ် ယောက် ပေါင်း လေးယောက် သတ်ခံရတယ် ၊ အဲ့ဒီ အပြင် ဘုတ္ထန်းရွာက ကိုကြည်ဝင်း သတ်ခံရတယ် ၊ နောက်ပြီး ရှမ်းတောရွာမှာက ကိုငြိမ်းမင်းဦး (ပန်းပုရွာ ၊ ၃၉ နှစ် ၊ ကိုကျန်ထွန်း ၄၃ နှစ် (ကံပြားရွာ) ၊ မင်းတဲကုန်းရွာမှာ ဦးညိုဝင်း ၆၀ နှစ် အသတ်ခံရတယ် ၊ ကျွန်းတောကြီးရွာမှာ အောင်ဇင် ၊ မင်းမင်း ၊ ကျော်ထွန်း ၊ ဆန်းဦး ၊ ဝင်းခိုင် ၊ အုန်းတင်ရွာမှာက ၊နတ်စား ဆိုတဲ့ လူ တဦးသတ်ခံရတယ် ၊ နောက်ပြီး ကံပြားရွာက တရုတ်ကြီး ၊ ဝင်းဟိန်းဦး ၊ အသတ်ခံရတယ် ၊ အဲ့ဒီအပြင် ရှမ်းတောရွာက ဝင်းအောင် (၃၇)နှစ် ၊ မျိုးမြင့်ထွန်း(၃၃)နှစ် ၊ တင်မောင်လင်း(၃၃)နှစ် ၊ ရဲရင့်အောင်(၂၅)နှစ်ဟိန်းညီညီ(၁၅)နှစ် ၊ ငြိမ်းချမ်းဖြိုး(၁၈)နှစ်၊ အောင်ကို(၃၂)နှစ်မြင့်မြတ်သူ(၁၄)နှစ် ၊ သီဟကျော်(၂၀)နှစ် ၊ ချစ်စမ်းသူ(၁၈)နှစ်စိုင်းကိုဦး(၁၈)နှစ် ၊ မောင်ပို(၃၅)နှစ် သတ်ခံရတယ် ၊မင်းတဲကုန်းရွာက အောင်ကျော် ၂၉ နှစ် အသတ်ခံရတယ် ဒီရက်ပိုင်းအတွင်း ဖမ်းဆီးသတ်ခံရတဲ့သူ ၂၉ ယောက်ဖြစ်တယ် ” လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

 

ဒီပဲယင်းမြို့နယ်မှာ နေတဲ့ ဒေသခံတယောက်က ” လပြည့်နေ့က နယ်မြေရှင်းလင်းရေး စစ်ကြောင်းဝင်လာတာတော့ရှိတယ် ၊ ရွာကနေထွက်ပြေး တိမ်းရှောင်ဖို့ ပြေးရင်း လွားရင်း အသတ်ခံရတာလို့ ကြားရတယ် ၊ ဘယ်အဖွဲ့က သတ်တယ်ဆိုတာ အတိအကျမသိရသေးဘူး ၊အရင်ကလည်း အဲ့ဒီလို ပြေးလွားတိမ်းရှောင်ရင်း အသတ်ခံရတာတွေ ရှိတယ် ” လို့ ပြောပါတယ်။

 

ဒီပဲယင်းမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိတာကြောင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ မကြာခဏဝင်ရောက်လေ့ရှိတယ်လို့ သိရပါတယ်။

 

” ပြီးခဲ့တဲ့ ၂၀၂၁ က ဒီပဲယင်းနယ် ဆပ်ပြာကျင်းဘက်မှာ လူ ၄၀ ကျော် ပျောက်ဆုံးတာရှိတယ် ၊ အခုထိ ပြန်မတွေ့ရတော့ဘူး ၊ အသတ်ခံရတယ်လို့ နောက်တော့ ကြားရတယ် ၊ အခုဆိုရင် ရွာတွေမှာက လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေ မရှိကြတော့ဘူး ၊ ပြည်တွင်း ၊ ပြည်ပ ရရာအလုပ်ကိုင်တွေ သွားလုပ်ကြတော့တာ ၊ ရွာမှာနေရင် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကြောင်းကြား ၊ ကြားညှပ်ပြီး အသတ်ခံရတာတွေရှိလို့ ရွာမှာ မနေရဲတော့တာ ” လို့ တည်တောရွာခံတယောက်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ နှစ် နှစ်ကျော်ကာလအတွင်း ဒီပဲယင်းမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေကြားမှာ ကြားညှပ်ပြီး အသတ်ခံရသူ ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #VOM #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW