စစ်ပွဲပြီးရင် ဂါဇာကမ်းမြှောင်ဒေသကို အလုံးစုံ လုံခြုံရေးတာဝန်ယူမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၈-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသအတွက် အချိန်ကန့်သတ်ချက်မရှိ အလုံးစုံလုံခြုံရေးတာဝန်ယူမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဟားမတ်စ်တို့နဲ့ စစ်ပွဲအပြီးမှာ ဂါဇာကမ်းမြှောင်ဒေသအတွက် အစ္စရေးရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး အေဘီစီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ဝန်ကြီးချုပ်နေတန်ယာဟုက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအစီအစဉ်မှာပါဝင်မယ့် လုံခြုံရေးယန္တရားက ဘယ်လိုလဲဆိုတာကိုတော့ အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။ ဂါဇာကမ်းမြှောင်ဒေသကို ၂၀၀၇ ခုနှစ်ကတည်းက အုပ်ချုပ်နေတဲ့ ဟားမတ်စ်အဖွဲ့ကို ချေမှုန်းသွားဖို့ ရည်ရွယ်ထားကြောင်း အစ္စရေးက ထုတ်ဖော်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ ဂါဇာကို မြောက်ပိုင်းနဲ့တောင်ပိုင်းပိုင်းခြားလိုက်ပြီး အစ္စရေးက ဟားမတ်စ်တွေကို ထိုးစစ်အကြီးအကျယ် ဆင်နွှဲနေပြီး ဂါဇာမြို့ကို ပိတ်ဆို့ဝိုင်းရံထားပါတယ်။

ဟားမတ်-အစ္စရေး စစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးမှာ လူ ၁၄၀၀ ကျော်သေဆုံးခဲ့ပြီး ဂါဇာမှာတော့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူတသောင်းကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW