မုံးကိုးနဲ့ မိုင်ဖန်ရွာက စစ်တပ်စခန်းတွေဆုတ်ခွာသွားပေမယ့် ဒေသခံတွေ ဆက်လက်တိမ်းရှောင်နေရ

 

နိုဝင်ဘာ ၈၊ ၂၀၂၃

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ မုံးကိုးမြို့က စစ်တပ် ဗျူဟာစခန်းနဲ့ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ရှိ မိုင်ဖန် စစ်တပ်စခန်းတွေ နိုဝင်ဘာ ၆ ရက်ညနဲ့ ၇ ရက် မနက်မှာ ဆုတ်ခွာ သွားပြီဖြစ်ပေမယ့် ဒေသခံတွေ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စုံးရိမ်နေတယ်။ ရွာဘက်တော့ ဘယ်သူမှ မပြန်ဘူး။ ခဏ တဖြုတ် ဝက်စာသွားကျွေး တာကလွဲလို့ မပြန်ကြသေးဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒီကနေ့ကစ တမြို့လုံးမှာ ကိုးကန့် MNDAA တွေ ရှိနေပြီဖြစ်ပြီး စစ်ရှောင်‌ တွေကိုလည်း လာကြည့်ကြောင်း သူက ပြောပါတယ်။

မိုင်ဖန်ရွာရှိ စစ်တပ်စခန်းလည်း နိုဝင်ဘာ ၇ ရက်နေ့မနက်အစောပိုင်းက ဆုတ်ခွာသွားပြီ ဖြစ်ပေမယ့် ဒေသခံတွေ အနေနဲ့ လက်ရှိမှာ တောဘက်ထဲ ရှောင်တိမ်းနေရဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်ကုန်းမှာတော့ ကိုးကန့်တွေ ရောက်နေပြီ။ တိုက်ပွဲတော့ မရှိတော့ဘူး။ ဒါပေမယ့် စစ်တပ်က လေယာဉ် ဗုံးလာကြဲမှာ ကြောက်လို့ ရွာထဲ မပြန်ရဲဘူး။ ခဏ တဖြုတ် ဝက်စာ လာကျွေးတာ လောက်ပဲ ပြန်တယ်။ လေယာဉ်ဗုံးထိထားတဲ့ အိမ်တွေလည်း ၇ လုံးလောက်ရှိတယ်။ ကျည်စထိ မထိတဲ့ အိမ်တော့ မရှိသလောက်ပဲ။ အကုန်ထိထားတယ်။ မီးလောင်ပြာကျနာ နှစ်အိမ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

စစ်တပ်ဘက်က ယမန်နေ့ မနက် ၂ နာရီ အချိန်ခန့်အထိ ကိုးကန့် MNDAA ဘက်က ဒရုန်းနဲ့ လာပစ်ချိန် ပြန်ပစ်တာရှိပေမယ့် မိုးလင်းလက်မှာတော့ ဒရုန်းနဲ့ အများအပြား လာပစ်ပေမယ့် တန်ပြန် ပစ်ခတ်တာမရှိတော့တာကြောင့် ကိုးကန့် MNDAA ဘက် သွားရောက် စစ်ဆေးချိန်မှာ စစ်သားတွေ မရှိ‌ တော့ဘူးလို့ သိရတယ်လို့ ဆိုပါတယ်။

တောဘက်ထဲ တိုက်ပွဲရှောင်နေသူတွေ ဖျားလာသူတွေများလာပြီး မိုင်ဖန်ရွာ အပါအဝင် မုံးပေါ်ဒေသမှာတော့ ဖုန်းလိုင်းပါ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေနဲ့ အဆက်အသွယ်ရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

Photo Crd# CJ

Related posts

Leave a Comment

VOM News

FREE
VIEW