ဆိုမာလီယာမှာ နှစ်ပေါင်း ၁၀၀ အတွင်း ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေနဲ့ ရင်ဆိုင်နေရ

 

 

မိုဂါဒစ်ရှူး၊ နိုဝင်ဘာ-၁၁-၂၀၂၃

မျိုးဆက်(VOM)

ဆိုမာလီယာနိုင်ငံမှာ မကြာသေးမီက ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေကြောင့် လူ ၁ ဒသမ ၆ သန်းကျော် ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန်လိုက်ပါတယ်။

အခုလို ပုံမှန်မဟုတ်တဲ့မိုးရွားသွန်းမှုဟာ ရာစုနှစ်တခုအတွင်း မကြုံစဖူးဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုထားပြီး ဆိုမာလီယာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၂၅ သန်း ထောက်ပံ့ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၂၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပြည်သူသုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ စိုက်ပျိုးမြေ ဧက ၃ ဒသမ ၇ သန်းကျော် ပျက်စီးဖွယ်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

အယ်လ်နီညိုအန္တရာယ်နဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဆိုမာလီယာနဲ့ အခြားနေရာဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂအကူအညီပေးရေး တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဆိုမာလီယာမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေနှောင့်နှေးနေပါတယ်။ ဆိုမာလီယာနဲ့ အရှေ့အာဖရိကရှိ အိမ်နီးချင်းနိုင်ငံတွေမှာ အောက်တိုဘာအစောပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့တာဖြစ်ပါတယ်။

Ref:BBC

Photo:Reuters / AFP

Related posts

Leave a Comment

VOM News

FREE
VIEW