နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၃ SP ( VOM) ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းကလေယာဥ်မှူး နှစ်ဦး မောင်းနှင်တဲ့ တိုက်ခိုက်ရေးသုံးလေယာဥ်တစီး စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။ ” ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဥ် တစ်စီး စက်ချို့ယွင်းစွာ ပျက်ကျသွားတယ် ၊လေယာဥ်မှူးနဲ့ တွဲဘက်လေယာဥ်မှူးနဲ့ ဆက်သွယ်မှုရရှိထားပြီဖြစ်တယ် ” လို့ သတင်းမီဒီယာတွေကို ဖြေထားပါတယ်။ ဖရူဆိုဒေသခံတွေဆီတယောက်ကလည်း သိရသလောက်ကို ခုလိုပြောပါတယ်။ ” ညနေ ၅ နာရီဝန်းကျင်လောက်မှာ လေယာဥ်ပျက်ကျတာဖြစ်တယ် ၊ အဲ့ဒီ လေယာဥ်ပေါ်မှာ လေယာဥ်မှူး…
Read MoreDay: November 11, 2023
ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ ဆီပြတ်လပ်မှု ဖြစ်ပေါ်
နိုဝင်ဘာ ၁၁ – ၂၀၂၃ SN (VOM) ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင် အများစုမှာ မနေ့ နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ ဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ အငှားယာဉ်မောင်းတွေဆီက သိရပါတယ်။ “အခု လိုက်ရှာထည့်နေတာ။ နေရာတော်တော်များများ မရဘူး။ မနေ့ကမနက် ၉ နာရီလောက်ကတည်းက ဖြစ်နေတာ။ ဒီကို ဆီမရောက်လို့ ဆီပြတ်နေတာလို့လည်း ပြောကြတယ်။ ကျွန်တော့်အထင်တော့ ဆီဈေးကျနေလို့ ရှိရဲ့သားနဲ့ မရောင်းတာ ဖြစ်နိုင်တယ်” လို့ မြောက်ဒဂုံမြို့နယ်က အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။ စက်သုံးဆီ အရောင်းဆိုင်အများစုမှာ 92 အောက်တိန်းနဲ့ 95 အောက်တိန်း စက်သုံးဆီတွေ ပြတ်တောက်နေတာဖြစ်ပြီး ဆီရရှိနိုင်မယ့်နေရာတွေမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းကာ တန်းစီဝယ်ယူရမှုတွေ ပြန်လည် ဖြစ်ပေါ်နေသလို ပိတ်ထားရတဲ့ ဆီဆိုင်တွေလည်း ရှိတယ်လို့ သိရပါတယ်။…
Read Moreဆိုမာလီယာမှာ နှစ်ပေါင်း ၁၀၀ အတွင်း ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေနဲ့ ရင်ဆိုင်နေရ
မိုဂါဒစ်ရှူး၊ နိုဝင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) ဆိုမာလီယာနိုင်ငံမှာ မကြာသေးမီက ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှုတွေကြောင့် လူ ၁ ဒသမ ၆ သန်းကျော် ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန်လိုက်ပါတယ်။ အခုလို ပုံမှန်မဟုတ်တဲ့မိုးရွားသွန်းမှုဟာ ရာစုနှစ်တခုအတွင်း မကြုံစဖူးဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုထားပြီး ဆိုမာလီယာနိုင်ငံအတွက် အကူအညီ ဒေါ်လာ ၂၅ သန်း ထောက်ပံ့ထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် လူ ၂၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ပြည်သူသုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကာ စိုက်ပျိုးမြေ ဧက ၃ ဒသမ ၇ သန်းကျော် ပျက်စီးဖွယ်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အယ်လ်နီညိုအန္တရာယ်နဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကြောင့် ဆိုမာလီယာနဲ့ အခြားနေရာဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလိုအပ်နေကြောင်း ကုလသမဂ္ဂအကူအညီပေးရေး တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဆိုမာလီယာမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့်…
Read Moreဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ အမေရိကန်မှာ ထိပ်သီးဆွေးနွေးမယ်
ဝါရှင်တန်၊ နိုဝင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ လာမယ့်သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာ ထိပ်သီးဆွေးနွေးကြမယ်လို့ အမေရိကန်တာဝန်ရှိသူနှစ်ဦးက အတည်ပြုပြောဆိုပါတယ်။ နိုဝင်ဘာ ၁၅ ရက်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲဟာ ဂျိုးဘိုင်ဒင်ရဲ့ သမ္မတသက်တမ်းအတွင်း ရှီကျင်းပငနဲ့ ဒုတိယအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ထိုင်ဝမ်အရေး၊ ယူကရိန်းစစ်ပွဲနဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်-တရုတ်ဆက်ဆံရေးမှာ မဟာဗျူဟာဦးတည်ချက်နဲ့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ရေးတို့ကိုလည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။ သမ္မတနှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးလျှက်ရှိပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာလည်း ထိပ်သီးဆွေးနွေးပွဲအတွက် အောက်တိုဘာနှောင်းပိုင်းမှာ အမေရိကန်ကို သွားရောက်ခဲ့ပါတယ်။ Ref:BBC Photo:Reuters
Read MoreThis Day in History
Voice of Myanmar မဟာမိတ်နိုင်ငံများနှင့် ဂျာမနီတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက် နံနက် ၅ နာရီတွင် ပထမကမ္ဘာစစ် အဆုံးသတ်ခဲ့သည်။
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၁ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၁၀ ကျပ် ဝယ်ဈေး – ၃၂၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၂၀ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၂၈ ကျပ် ဝယ်ဈေး – ၃၄၆၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၁.၇၄ ကျပ် ဝယ်ဈေး – ၉၀.၀၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၀၆ ကျပ် ဝယ်ဈေး – ၆၉၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၅၇ ကျပ် ဝယ်ဈေး – ၄၄၇ ကျပ် -ဂျပန်ယန်း ရောင်းဈေး…
Read Moreယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read More