ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၅ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၇၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဗီယက်နမ်မှာ ရေဘေးကြောင့် လူ ၂၀၀၀ ကျော်ပျောက်ဆုံး၊ ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းမြို့ တမြို့လုံးရေလွှမ်း

  ဟနွိုင်း၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံရှိ ကမ္ဘာလှည့်ခရီးသွားတွေအကြား ရေပန်းစားတဲ့ ကမ္ဘာ့အမွေအနှစ်မြို့ဖြစ်တဲ့ လျူမြို့ဟာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေနစ်မြုပ်နေကြောင်း တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့မှာရှိတဲ့ နေအိမ်ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် အဝေးပြေးကားလမ်းမကြီးတွေကိုလည်း ပိတ်ထားရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ အင်္ဂါနေ့ညကတည်းက ရေတွေအရမ်းတက်လာပြီး မြို့ရဲ့နေရာတိုင်းမှာ ရေကြီးနေပြီး လျှပ်စစ်ဓါတ်အားလည်း ပြတ်တောက်နေတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တနင်္လာနေ့ကစပြီး ကမ်းရိုးတန်းတလျှောက်က ပြည်နယ်အများအပြားမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ခေါင်ထရီပြည်နယ်မှာတော့ လူ ၂၀၀၀ ကျော်ပျောက်ဆုံးနေပြီး ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၅ ရက်မှာ အမိန့်ထုတ်ထားပါတယ်။ ရေကြီးရေလျှံမှုကြောင့် ဗီယက်နမ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးရဲ့ တစိတ်တစ်ပိုင်းလည်း ပိတ်ထားရပါတယ်။ ဗီယက်နမ်နိုင်ငံမ ဇွန်လမှ နိုဝင်ဘာလအတွင်း မိုးရာသီကာလမှာ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။…

Read More

အေပက် ထိပ်သီးအစည်းအဝေးတက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင် အမေရိကန်ရောက်ရှိ

  ဝါရှင်တန်၊ နိုဝင်ဘာ-၁၅-၂၀၂၃ မျိုးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ အေပက်ထိပ်သီးအစည်းအဝေးတက်ရောက်မယ့် အပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့လည်း သီးခြား ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့မှာတော့ သမ္မတဂျိုးဘိုင်ဒင်လည်း ဆန်ဖရန်စစ္စကို ကိုရောက်ရှိနေပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေစဉ် အခုလိုတွေ့ဆုံဖို့ဖြစ်လာတာပါ။ တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့ဟာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၅ ရက်မှာ ဆန်ဖရန်စစ္စကိုမှာပဲတွေ့ဆုံဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က အတည်ပြုထားပါတယ်။ “ ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို ကျဉ်ဖယ်ဖို့ မကြိုးစားဘဲ…

Read More

ရခိုင်မြောက်ပိုင်းမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ ခုနှစ်ယောက်သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ဆင်ကြီးပြင်ရွာမှာ မနေ့ နိုဝင်ဘာ ၁၄ ရက်က ရွာထဲကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ အရပ်သားတွေ သေဆုံး ၊ ဒဏ်ရာရတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ဆင်ကြီးပြင်ရွာမှာ လက်နက်ကြီး ရှစ်လုံး ကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ကိုဆွေယောတ်ဟူဆာ ၂၀ နှစ် ၊ ကိုမာမောက်အာလောမ် ၂၅ နှစ် နဲ့ ဒေါ်ဆော်မူဒါ ၅၅ နှစ် တို့ သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေး လေးယောက်အပါအဝင် ရှစ်ယောက်ကျော် လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရတယ် ၊…

Read More

ဖလမ်းမြို့နယ် သီးဘွာလ် ရှေ့တန်း ကင်းစခန်း တိုက်ခိုက်ခံရ ၊ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်

  နိုဝင်ဘာ ၊ ၁၅ ၊ ၂၀၂၃ SP ( VOM) ချင်းပြည်နယ် မြောက်ပိုင်း ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့နယ်မှာရှိတဲ့ သီးဘွာလ် စခန်းကို မနေ့ နိုဝင်ဘာ ၁၄ ရက် ည ၁၁ နာရီက စတင်ပြီး ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်တာ ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့ည ၁၁ နာရီ ဝန်းကျင်လောက်က စတင် တိုက်ခိုက်ခံရတယ် ၊ ဒီကနေ့ မနက် ၅ နာရီအထိ တိုက်နေတာ ဖြစ်တယ် ၊ နှစ်ဘက် ထိခိုက်ကျဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဲ့ဒီ တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်တာ မရှိသေးဘူး…

Read More

ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်

  နိုဝင်ဘာ ၁၅ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ငပလီကမ်းခြေမှာ ပိတ်မိနေတဲ့ ခရီးသွားတွေထဲက ကိုယ်ပိုင်ကားနဲ့ လာရောက် လည်ပတ်နေသူတွေကို ဒီနေ့ ပြန်ခွင့်ပေးမယ်လို့ သံတွဲခရိုင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ မြို့နယ်တွေမှာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ပြည်နယ် နစက က ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးကို နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်လိုက်တဲ့အတွက် ငပလီကမ်းခြေမှာ အပန်းဖြေလာရောက်နေတဲ့ ခရီးသွားဧည့်သည်တွေ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ ခရီးသွားတွေထဲကမှာ ကိုယ်ပိုင်ကားနဲ့ လာရောက်သူတွေကိုတော့ ဟိုတယ်/ခရီး (သံတွဲ) က ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အရေအတွက် စိစစ်ပြီး ပြန်ခွင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ “စိစစ်မယ်ဆိုတာက…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၁၅ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၄၅၀ ကျပ် ဝယ်ဈေး – ၂၄၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၉၈ ကျပ် ဝယ်ဈေး – ၃၆၁၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၆.၁၅ ကျပ် ဝယ်ဈေး – ၉၃.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၄၀ ကျပ် ဝယ်ဈေး – ၇၂၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၄ ကျပ် ဝယ်ဈေး – ၄၆၄ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၁၅ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၆၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးလျက်ရှိနေတယ်လို့ သိရပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

This Day in History

  Voice of Myanamar ပါလက်စတိုင်း လွတ်မြောက်အရေးအဖွဲ့ဥက္ကဌ ယာဆာအာရဖတ်၏ တိုက်တွန်းချက်အရ ပါလက်စတိုင်းအမျိုးသားကောင်စီသည် အယ်လ်ဂျီးရီယားတွင် ဆွေးနွေးပြီးနောက် အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသကို လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအဖြစ် ၁၉၈၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် လွတ်လပ်ရေး ကြေညာခဲ့သည်။  

Read More

တွန်းကန်အားမြင့် ဒုံးကျည်အင်ဂျင်သစ် မြေပြင်စမ်းသပ်မှုအောင်မြင်ကြောင်း မြောက်ကိုရီးယားထုတ်ပြန်

  ပြုံးယမ်း၊ နိုဝင်ဘာ ၁၅-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ တာလတ်ပစ်ဒုံးပျံသစ်အတွက် အသစ်တီထွင်ထားတဲ့ တွန်းကန်အားမြင့်ဒုံးကျည်အင်ဂျင် ပထမဆုံးမြေပြင်စမ်းသပ်မှုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုရီးယား ဒုံးကျည်ဗျူရိုဟာ အဲဒီဒုံးပျံအင်ဂျင် ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၄ ရက်တို့တွင် စမ်းသပ်ခဲ့တာဖြစ်ဖြစ်ကြောင်း အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မန်သတင်းစာက ရေးသားဖော်ပြထားပါတယ်။ မြောက်ကိုရီးယားရင်ဆိုင်နေရတဲ့ ဆိုးရွားပြီး မတည်ငြိမ်တဲ့ လုံခြုံရေးဝန်းကျင်နဲ့ ရန်သူတွေရဲ့ ပိုမိုဆိုးရွားလာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကြောင့် နိုင်ငံရဲ့ မဟာဗျူဟာမြောက် ထိုးစစ်စွမ်းရည်ကို ပိုမိုမြင့်တင်ထားကြောင်း ဒုံးကျည်ဗျူရိုက အလေးပေးပြောဆိုပါတယ်။ ပဲ့ထိန်းဒုံးကျည်တွေ တည်ထွင်ထုတ်လုပ်ရေးဟာ မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ လောင်စာခဲသုံး ဒုံးကျည်တွေဟာ အရည်လောင်စာသုံးဒုံးကျည်တွေထက် ပိုမိုလျှင်မြန်စွာ ပစ်ခတ်နိုင်ပါတယ်။ မြောက်ကိုရီးယားဟာ လောင်စာခဲသုံး တာဝေးပစ်ဒုံးကျည်နဲ့ တာတိုးပစ်ပဲ့ထိန်းဒုံးကျည်တွေကိုလည်း တီထွင်နေပါတယ်။…

Read More
VOM News

FREE
VIEW