ပါရီ၊ နိုဝင်ဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)
၁၉ ရာစုက ပြင်သစ်အင်ပါယာကို အုပ်စိုးခဲ့တဲ့ ပြင်သစ်ဘုရင် နပိုလီယံဘိုနာပတ်ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ ဦးထုပ်တလုံးကို ပြင်သစ်နိုင်ငံ ပါရီမှာ ပြုလုပ်တဲ့ လေလံပွဲမှာ ဒေါ်လာ ၂ ဒသမ ၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။
ဒီဦးထုပ်ဟာ နပိုလီယံဝတ်ဆင်နေကြ ရိုးရာပုံစံဖြစ်ပြီး လေလံတင်ရောင်းချခဲ့တဲ့ ဦးထုပ်ဟာ နပိုလီယံပြည်နှင်ဒဏ်ခံခဲ့ရတဲ့ အယ်လ်ဘာကျွန်းကနေ မြေထဲံပင်လယ်ကို ဖြတ်ကျော်လွတ်မြောက်လာပြီးနောက် အာဏာရလာတဲ့ ၁၈၁၅ ခုနှစ်မှာ သူကိုယ်တိုင်ရေးထိုးထားတဲ့ တံဆိပ်တခုလည်း ပါဝင်ပါတယ်။
နပိုလီယံဟာ ဦးထုပ်မျိုး ၁၂၀ ပိုင်ဆိုင်တယ်လို့ ယုံကြည်ရပြီး ဒီထဲက ဦးထုပ်အလုံး ၂၀ ဟာ ယနေ့ခေတ်မှာ ကျန်ရှိနေသေးတယ်လို့ ယုံကြည်ရကာ အများစုကတော့ ပုဂ္ဂလိက စုဆောင်းသူတွေဆီမှာဖြစ်ပါတယ်။
လက်ရှိရောင်းချခဲ့တဲ့ဦးထုပ်ရဲ့ ဈေးနှုန်းဟာ ၂၀၁၄ ခုနှစ်မှာ ယူရို ၁ဒသမ ၈၈ သန်းရရှိခဲ့တဲ့ နပိုလီယံရဲ့ အခြားဦးထုပ်တလုံးထက် ဈေးနှုန်းစံချိန်တင်ရရှိခဲ့ကြောင်း လေလံပွဲတာဝန်ရှိသူတွေကပြောပါတယ်။
ဦးထုပ်ကို ယမန်နှစ်ကကွယ်လွန်ခဲ့တဲ့ စက်မှုလုပ်ငန်းရှင်တဦး စုစည်းထားတဲ့ နပိုလီယံရဲ့အမှတ်တရတွေနဲ့ အတူ ရောင်းချခဲ့ခြင်းဖြစ်ပြီး အမည်မဖော်လိုသူတဦးက ဝယ်ယူသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။
Ref:NHK
Photo:Getty Images