ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓါးစာခံတွေ သောကြာနေ့မတိုင်ခင်ထိ လွတ်မြောက်ဖွယ်မရှိကြောင်း အစ္စရေးပြော

 

တဲလ်အဗစ်၊ နိုဝင်ဘာ-၂၃-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာမှာဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေကို သောကြာနေ့မတိုင်ခင်ထိ ဟားမတ်စ်တို့က လွှတ်ပေးမှာမဟုတ်ကြောင်း အစ္စရေးအစိုးရတာဝန်ရှိသူတယောက် ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် ကြာသပတေးနေ့ကစပြီး တိုက်ပွဲတွေကို ခေတ္တရပ်နားဖို့ မျှော်လင့်ထားပေမယ့် အစ္စရေးအစိုးရ သတင်းရင်းမြစ်တယောက်ကတော့ ဒီကိစ္စနှောင့်နှေးနေသေးတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာ ပထမဆုံသော ဓါးစာခံတွေ လွတ်မြောက်လာဖို့မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

နှစ်ဘက်အကြား သဘောတူညီချက်အရ ဟားမတ်စ်တွေဟာ ဖမ်းဆီးထားတဲ့ အစ္စရေးဓါးစာခံတွေထဲက အယောက် ၅၀ ကိုပြန်လွှတ်ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အစ္စရေးအကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း ၁၅၀ ကိုလည်း အစ္စရေးက ပြန်လွှတ်ပေးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသမှာ မြေပြင်နဲ့ ဝေဟင်ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး ဟားမတ်စ်တွေကို အလုံးစုံချေမှုန်းမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကတိပြုပြောဆိုထားပါတယ်။

အစ္စရေး-ဟားမတ်စ ပဋိပက္ခစတင်ချိန်ကစပြီး အစ္စရေးမှာ လူ ၁၂၀၀ နဲ့ ဂါဇာမှာတော့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၄၀၀၀ ကျော်ထိ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:BBC

Photo:AP

 

Related posts

Leave a Comment

VOM News

FREE
VIEW