ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်တဲ့ နေရာတွေထဲ စင်ကာပူ ထိပ်ဆုံးမှာ ရပ်တည်နေ

 

စင်ကာပူ၊ နိုဝင်ဘာ-၃၀-၂၀၂၃

မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်တဲ့ နေရာတွေထဲမှာ စင်ကာပူက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး စင်ကာပူနိုင်ငံပြီးရင် ဇူးရစ်ချ်မြို့က ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ Economist Intelligence Unit (အီးအိုင်ယူ) က ဒီနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စရိတ်စက အကြီးမြင့်ဆုံးမြို့တွေထဲမှာ စင်ကာပူ ၊ ဇူးရစ်ချ်တို့ပြီးရင် ဂျီနီဗာနဲ့နယူးယောက်တို့က တတိယနေရာမှာရပ်တည်နေကာ ဟောင်ကောင်က အဆင့်ငါးနဲ့ လော့စ်အိန်ဂျလိစ်က အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။

အီးအိုင်ယူဟာ ပျှမ်းမျှအားဖြင့် အသုံးများတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှု ၂၀၀ ကျော်အတွက် ပြည်တွင်းသုံးငွေကြေးသတ်မှတ်ချက်အရ ပျှမ်းမျှဈေးနှုန်းတွေကို အခြေခံကာ အဆင့်သတ်မှတ်တာဖြစ်ပြီး တနှစ်ထက်တနှစ် ၇ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

စင်ကာပူဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုအမျိုးအစားများစွာမှာ ဈေးနှုန်းမြင့်မားမှုကြောင့် ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်မှုအဆင့်သတ်မှတ်ချက် ၁၁ နှစ်တာကာလအတွင်း ထိပ်ဆုံးမှာ ကိုးနှစ်တိုင် ရပ်တည်နေပါတယ်။ စင်ကာပူဟာ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုမှာလည်း ကမ္ဘာ့ဈေးအမြင့်ဆုံးဖြစ်ပြီး အဝတ်အစား၊ ကုန်ခြောက်နဲ့ အရက်တွေလည်း ဈေးအကြီးဆုံးဖြစ်တယ်လို့ အီးအိုင်ယူရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူနေမှုစရိတ်ကြီးမြင့်မှု ဒုတိယနေရာမှာရပ်တည်နေတဲ့ ဇူးရစ်ချ်မြို့ကတော့ ကုန်ခြောက်တွေ၊ အိမ်သုံးပစ္စည်းတွေနဲ့ အပန်းဖြေဝန်ဆောင်မှုတွေအတွက် မြင့်မားတဲ့ဈေးနှုန်းတွေကြောင့် ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: Reuters

Photo: Reuters

 

Related posts

Leave a Comment

VOM News

FREE
VIEW