၁၀၅ မိုင်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတကားတစီး ပစ်ခံရပြီး ပြည်သူ နှစ်ယောက် ဒဏ်ရာရ

  နိုဝင်ဘာ ၃၀၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် ‌မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် မှာ ပိတ်မိ နေတဲ့ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတ ကား တစီး ပစ်ခတ်ခံရတာကြောင့် ကားပျက်သွားပြီး ပြည်သူ နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတ အသင်းတွေဆီက သိရပါတယ်။ “ဟုတ်ကဲ့ခင်ဗျ။ ပြည်သူနှစ် ယောက်ထိတယ်။ စစ်ရှောင်တွေ။ ကားလည်း မရတော့ဘူး အဲမှာ ပစ်ထား ခဲ့ရတယ်။ ကားပါ စက်နှိုး မရမရတာ။ အသင်းကတော့ ထိခိုက်တာ မရှိဘူး ပြည်သူပဲ နည်းနည်း ထိသွားတာ။” လို့ ပရဟိတ အသင်း တသင်းရဲ့ တာဝန်ရှိသူ တယောက် က ပြောပါတယ်။ စစ်မြေပြင်မှာ ပိတ်မိ‌နေတဲ့ ပြည်သူတွေ ၂၀၀ ဝန်းကျင် ကယ်ဆယ်ကာ မူဆယ်ဘက်…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၃၀ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်တဲ့ နေရာတွေထဲ စင်ကာပူ ထိပ်ဆုံးမှာ ရပ်တည်နေ

  စင်ကာပူ၊ နိုဝင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်တဲ့ နေရာတွေထဲမှာ စင်ကာပူက ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး စင်ကာပူနိုင်ငံပြီးရင် ဇူးရစ်ချ်မြို့က ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ Economist Intelligence Unit (အီးအိုင်ယူ) က ဒီနေ့ နိုဝင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ စရိတ်စက အကြီးမြင့်ဆုံးမြို့တွေထဲမှာ စင်ကာပူ ၊ ဇူးရစ်ချ်တို့ပြီးရင် ဂျီနီဗာနဲ့နယူးယောက်တို့က တတိယနေရာမှာရပ်တည်နေကာ ဟောင်ကောင်က အဆင့်ငါးနဲ့ လော့စ်အိန်ဂျလိစ်က အဆင့်ခြောက်နေရာမှာ ရပ်တည်နေပါတယ်။ အီးအိုင်ယူဟာ ပျှမ်းမျှအားဖြင့် အသုံးများတဲ့ ကုန်စည်နဲ့ဝန်ဆောင်မှု ၂၀၀ ကျော်အတွက် ပြည်တွင်းသုံးငွေကြေးသတ်မှတ်ချက်အရ ပျှမ်းမျှဈေးနှုန်းတွေကို အခြေခံကာ အဆင့်သတ်မှတ်တာဖြစ်ပြီး တနှစ်ထက်တနှစ် ၇ ဒသမ ၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူဟာ ကုန်စည်နဲ့ ဝန်ဆောင်မှုအမျိုးအစားများစွာမှာ ဈေးနှုန်းမြင့်မားမှုကြောင့် ကမ္ဘာပေါ်မှာ လူနေမှုစရိတ်ကြီးမြင့်မှုအဆင့်သတ်မှတ်ချက် ၁၁…

Read More

ရေဇွာမြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထား

  နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP (VOM) ချင်းပြည်နယ် တောင်းပိုင်း ၊ မတူပီမြို့နယ် ၊ ရေဇွာမြို့နယ်ခွဲမှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား နှစ်ရက်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မနေ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းကစလို့ ရေဇွာမြို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး ရေဇွာမြို့ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်လိုက်တယ် ၊ တပ်စခန်း ၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေပါ လူမရှိတော့ဘူး ၊ ရေဇွာမှာ နှစ်ရက်ကြာတိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ နောက်ပြီး စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးခံထားရတယ် ” လို့ ရေဇွာမြို့ခံ ဘာသာရေးခေါင်းဆောင်တယောက်က ပြောပါတယ်။…

Read More

ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဟန်နရီကစ်ဆင်ဂျာ ကွယ်လွန်

  ဝါရှင်တန်၊ နိုဝင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဟောင်း ဟန်နရီကစ်ဆင်ဂျာဟာ ကွန်နက်တီကတ်ရှိ နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင့် သူ့မိသားစုက အတည်ပြုပြောဆိုပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ကစ်ဆင်ဂျာဟာ ၁၉၆၈ ခုနှစ် သမ္မတရစ်ချက်နစ်ဆင်လက်ထက်မှာ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ၁၉၇၃ ခုနှစ်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာခဲ့ပြီး သမ္မတနစ်ဆင်နဲ့ သမ္မတဂျရယ်ဖို့ဒ်လက်ထက်ထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမှုထမ်းခဲ့ပါတယ်။ ကစ်ဆင်ဂျာဟာ အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုရှိနေချိန် ၁၉၇၁ ခုနှစ်မှာ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒအပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း တရုတ်နိုင်ငံသတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ဗီယက်နမ်မှာ အမေရိကန်ရဲ့ စစ်ရေးပါဝင်ပတ်သက်မှုကို တရားဝင်အဆုံးသတ်နိုင်ခဲ့တဲ့ ပါရီငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ပါဝင်ကူညီမှုတွေကြောင့် ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံ့ခဲ့ရပါတယ်။ ကစ်ဆင်ဂျာဟာ မကြာသေးမီအချိန်ကထိ အမေရိကန်ရဲ့ သံတမန်ရေးရာမှာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး အမေရိကန်နဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (နိုဝင်ဘာ-၃၀ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၃၉၀ ကျပ် ဝယ်ဈေး – ၃၃၄၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၈၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၀၀ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၃ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၃ ကျပ် ဝယ်ဈေး – ၄၆၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (နိုဝင်ဘာ- ၃၀ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၄၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၁၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၁၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

တန့်ဆည်မှာ တိုက်ပွဲပြင်းထန်လို့ နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေရှိ

  နိုဝင်ဘာ ၊ ၃၀ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၂၉ ရက်နေ့အထိ နှစ်လအတွင်း တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တန့်ဆည်မြို့ခံတွေဆီက သိရပါတယ်။ ” တန့်ဆည်မြို့မှာ မနေ့ နိုဝင်ဘာ ၂၉ ရက် မနက်အစောပိုင်း ၁ နာရီလောက်ကနေ တနေကုန် တိုက်ပွဲဖြစ်တယ် ၊ လေကြောင်း ပစ်ကူတွေနဲ့ တိုက်တယ် ၊ ရဟတ်ယာဥ် နှစ်စီးနဲ့ ဂျက်ဖိုက်တာ တစီးပါတယ်၊ တန့်ဆည်မှာက ပြီးခဲ့တဲ့ နှစ်လအတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်တယ် ၊ ပထမအကြိမ်က ပြီးခဲ့တဲ့ စက်တင် ဘာ ၂၂ ရက် မနက် ၁…

Read More

နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်မှာ မြောက်ကိုရီးယားစစ်သားတွေ လက်နက်ပြန်လည် ကိုင်ဆောင်နေ

  ဆိုးလ်၊ နိုဝင်ဘာ-၃၀-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားအကြား ပိုင်းခြားထားတဲ့ ပူးတွဲလုံခြုံရေးနယ်မြေဖြစ်တဲ့ စစ်မဲ့ဇုန်မှာ စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ သဘောတူညီချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားစစ်သားတွေဟာ လက်နက်တွေကိုင်ဆောင်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနဲ့ သဘောတူထားတဲ့ ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို လိုက်နာမှာမဟုတ်တော့ကြောင်း မြောက်ကိုရီးယားက ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ကြေညာပြီး လက်နက်ပြန်လည်ကိုင်ဆောင်လာတာဖြစ်ပါတယ်။ စစ်မဲ့ဇုန်ဖြစ်တဲ့ ပန်မွန်ဂျုံဒေသမှာ တပ်စွဲထားတဲ့ မြောက်ကိုရီးယားစစ်သားတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းကစပြီး ပစ္စတိုသေနတ်တွေကို ကိုင်ဆောင်နေကြတာကို တွေ့ရှိရတယ်လို့ တောင်ကိုရီးယားစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပူးတွဲစစ်ရေးသဘောတူညီချက်အရ နယ်မှာ လက်နက်ဖြုတ်သိမ်းဖို့ သဘောတူထားတာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်းဆက်ဖြစ်နေတယ်ဆိုရင် တောင်ကိုရီးယားစစ်တပ်ဟာလည်း နယ်စပ်မှာ လက်နက်တွေ ပြန်လည်တပ်ဆင်နိုင်တယ်လို့ ယွန်ဟတ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မှုနဲ့ပတ်သက်ပြီး ၂၀၁၈ ခုနှစ် စစ်ရေးသဘောတူညီချက်ကို တောင်ကိုရီးယားက နိုဝင်ဘာ ၂၂ ရက်မှာ တစိတ်တပိုင်း…

Read More

This Day in History

  Voice of Myanmar အမေရိကန်၏ ၄၁ ယောက်သမ္မတ ဂျော့ချ်ဒဗလျုဘုရှ်သည် အသက် ၉၄ နှစ်အရွယ် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌ ကွယ်လွန်ခဲ့သည်။  

Read More
VOM News

FREE
VIEW