ယူကရိန်စစ်ပွဲအရေး ဂျိုးဘိုင်ဒင် နဲ့ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်

  ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သမ္မတနှစ်ယောက်ဟာ ဒီဇင်ဘာ ၁၂ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းနဲ့ ယူကရိန်းပြည်သူတွေအတွက် အမေရိကန်ရဲ့ မယိုင်လဲတဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ အတွက် ယူကရိန်းသမ္မတကို ဖိတ်ကြားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ လက်ရှိမှာတော့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေပါတယ်။ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာ ယူကရိန်းအတွက် အရေးပေါ်လိုအပ်ချက်တွေနဲ့ အမေရိကန်ရဲ့ ဆက်လက်ပံ့ပိုးကူညီမယ့် ကိစ္စရပ်တွေအပေါ် ဂျိုးဘိုင်ဒင်နဲ့ ဇီလန်စကီးတို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေကို ကွန်ဂရက်က အတည်ပြုမပေးဘူးဆိုရင် အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေဟာ ယခုနှစ်ကုန်မှာ ကုန်ဆုံးတော့မယ်လို့…

Read More

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်သင်္ဘောတိုက်မိ ၊ မတည်မငြိမ်လုပ်ရပ်တွေ ရှောင်ရှားဖို့ အမေရိကန် တိုက်တွန်း

  ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောနဲ့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ တိုက်မိပြီးနောက် တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်က ဒီဇင်ဘာ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၁၀ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ သင်္ဘောတိုက်မိမှုအပြီးမှာ ဖိလစ်ပိုင်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက အပြန်အလှန်ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်တို့အတွက် အဓိကအချက်အချာကျတဲ့ စပရက်တလေကျွန်းစုရှိ စကင်းသောမတ်စ် သဲသောင်ပြင်အနီးမှာ ဖြစ်ပွားခဲ့တာပါ။ တရုတ်ကမ်းခြေစောင့် သင်္ဘောတွေဟာ ဖိလစ်ပိုင်သင်္ဘောတွေကို ရေအမြောက်တွေ မဆင်မချင်ပစ်ခတ်ခြင်းအပါအဝင် တရားဝင်ထောက်ပံ့ရေးမစ်ရှင်တွေ ဆာင်ရွက်နေတဲ့ ဖိလစ်ပိုင်သင်္ဘောတွေကို ထိခိုက်စေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောပါတယ်။ ဒီလုပ်ရပ်သည် ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းရေးနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုံခြုံမှုကို ဂရုမစိုက်ဘဲ နိုင်ငံတကာ ဥပဒေတွေကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၁ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၄၉၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၅၇၅ ကျပ် ဝယ်ဈေး – ၂၅၂၅ ကျပ် -ယူရို ရောင်းဈေး – ၃၇၅၂ ကျပ် ဝယ်ဈေး – ၃၆၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၇.၅၆ ကျပ် ဝယ်ဈေး – ၉၅.၆၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး – ၄၆၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၁ ရက်၊ နံနက် ၁၀ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

ဂါဇာ အပစ်ရပ်ရေး အခွင့်အလမ်းနည်းနေတယ်လို့ ကာတာဝန်ကြီးချုပ်ပြော

  ဒိုဟာ၊ ဒီဇင်ဘာ-၁၁-၂၀၂၃ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးသစ်အတွက် အခွင့်လမ်း နည်းပါးစေတယ်လို့ ကာတာဝန်ကြီးချုပ်က ပြောပါတယ်။ ကာတာအနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆက်လက်ဖိအားပေးသွားမယ်လို့ သူကဆိုပါတယ်။ ဓါးစာခံတွေကို လွတ်မြောက်လာခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တပတ်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကာတာဟာ အဓိကကြားဝင်ခဲ့သူဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဂါဇာမှာ စစ်ပွဲကို အပြည့်အဝဆင်နွှဲနေကြောင်းနဲ့ မကြာသေးမီရက်ပိုင်းအတွင်း ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ အများအပြား လက်နက်ချခဲ့ကြတယ်လို့ ပြောပါတယ်။ ဒါဟာ ဟားမတ်စ်တွေအဆုံးသတ်ဖို့ နိဒါန်းတခုပဲလို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့က အယ်လ်ဂျားဇီးယား သတင်းဌာနကို ပေးပို့ခဲ့တဲ့ အသံဖိုင်မှာတော့ ပြီးခဲ့တဲ့ ယာယီအပတ်ရပ်စဲရေးဟာ သူတို့အပေါ် ယုံကြည်ရတယ်ဆိုတာ သက်သေပြခဲ့တာဖြစ်ပြီး အစ္စရေးက ဆွေးနွေးမှုမပြုမချင်း နောက်ထပ်ဓါးစာခံတွေကို ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဂါဇာမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားနေပြီး ပဋိပက္ခစတင်ပြီးနောက်…

Read More

This Day in History

  Voice of Myanmar ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ အာဟာရနှင့် အထွေထွေလိုအပ်ချက်များကို မြှင့်တင်ပေးရန် ရည်ရွယ်သည့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကို ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။  

Read More

ရွှေစျေး ၃၇သိန်းကြား ဝဲလည်နေ ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၀ ရက်၊ ညနေ ၄ နာရီ)

  Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၀၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့တွေမှာ ၉ ရက်အတွင်း လက်နက်ကြီး ကျည်ထိမှန်လို့ ၉ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

  ဒီဇင်ဘာ ၁၀၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့တွေမှာ ဒီဇင်ဘာ ၂ ရက် နေ့ကနေ ၉ ရက်နေ့လက်နက်ကြီး ကျည်ထိမှန်ကာ ၉ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ‌ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ကွတ်ခိုင်မြို့မှာတော့ ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်အတွင်း မြို့ထဲ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး ကလေး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “၈ ရက်နေ့က ရပ်ကွက် ၂ က ၂ ယောက်ထိတယ်။ ရပ်ကွက် ၁ က နေအိမ် တစ်အိပ်ပေါ်လည်းကျတယ်။…

Read More

လူထုဦးလှ၊ ပေါ်ဦးသက် ဝင်းဖေ နှင့် ဟံသာဝတီဦးဝင်းတင်

ဆူးငှက်     မန္တလေးက ထုတ်ဝေခဲ့တဲ့ ပုဂ္ဂလိက လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့စာပေဂုဏ်ဒြပ်တွေ လည်းဖြစ်တဲ့ အခြေခံလယ်သမားအလုပ်သမားအရေး၊ အမျိုးသားအရေး၊ စာပေယဉ်ကျေးမှု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးစံတွေကိုကိုင်စွဲခဲ့တယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာ သမိုင်းမှာ “သိက္ခာရှိသောသတင်းစာ” အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။   အစဉ်အလာကြီးမားခဲ့တဲ့ လူထုသတင်းစာမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဆောင်းပါးရှင် တွေ သာမကပန်းချီဆရာ ကာတွန်းဆရာ လူငယ်လေးတွေကိုလည်း သတင်းစာရဲ့မူဝါဒအပေါ် ယုံကြည်လက်ခံသူမှန်ရင် လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီး မြေတောင်မြှောက်ပေးတယ်။ အထူးသဖြင့် လူထုသတင်းစာရဲ့ အခါကြီးရက်ကြီး တွေဆိုရင် ထူခြားဆန်းသစ်တဲ့ ပန်းချီကားမျက်နှာဖုံးတွေနဲ့ ထုတ်ဝေခဲ့တာ ပြောစမှတ်ဖြစ်လောက် အောင်ပါပဲ။ ဒီအထူးထုတ် သတင်းစာ က ပန်းချီဆရာတွေထဲမှာ…

Read More
VOM News

FREE
VIEW