ယူကရိန်စစ်ပွဲအရေး ဂျိုးဘိုင်ဒင် နဲ့ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်

 

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၁-၂၀၂၃

မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သမ္မတနှစ်ယောက်ဟာ ဒီဇင်ဘာ ၁၂ ရက်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြပါတယ်။

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းနဲ့ ယူကရိန်းပြည်သူတွေအတွက် အမေရိကန်ရဲ့ မယိုင်လဲတဲ့ ကတိကဝတ်တွေကို ထပ်မံအတည်ပြုဖို့ အတွက် ယူကရိန်းသမ္မတကို ဖိတ်ကြားခဲ့တာလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ လက်ရှိမှာတော့ အာဂျင်တီးနားနိုင်ငံကို ရောက်ရှိနေပါတယ်။ ရုရှားဟာ ယူကရိန်းကို ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေချိန်မှာ ယူကရိန်းအတွက် အရေးပေါ်လိုအပ်ချက်တွေနဲ့ အမေရိကန်ရဲ့ ဆက်လက်ပံ့ပိုးကူညီမယ့် ကိစ္စရပ်တွေအပေါ် ဂျိုးဘိုင်ဒင်နဲ့ ဇီလန်စကီးတို့ ဆွေးနွေးဖွယ်ရှိနေပါတယ်။

ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေကို ကွန်ဂရက်က အတည်ပြုမပေးဘူးဆိုရင် အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ကူညီထောက်ပံ့မှုတွေဟာ ယခုနှစ်ကုန်မှာ ကုန်ဆုံးတော့မယ်လို့ အမေရိကန်အစိုးရက ပြောကြားထားပါတယ်။

ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တစ်တွေအကြား သဘောထားကွဲလွဲမှုတွေကြောင့် အရေးပေါ်အသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်း လွှတ်တော်တွင်းဆွေနွေးမှုတွေကို လက်ရှိမှာတော့ ရပ်တန့်ထားပါတယ်။

Ref:NHK

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW