ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၃-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထောက်ခံမဲပေးခဲ့ကြပါတယ်။
ဒီအတောအတွင်း ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အစ္စရေးဟာ ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှု ဆုံးရှုံးနိုင်တယ်လိုပ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးပြောကြားထားပါတယ်။
လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှာရှိတဲ့ ခန်ယွန်နစ်မြို့ကို အဓိက ထိုးစစ်ဆင်နေပြီး အီဂျစ်နယ်စပ်အနီး ရာဖာမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဂါဇာမှာရှိတဲ့ ဆေးရုံ ၃၆ ရုံဟာ ၆၆ ရက်အတွင်း လုပ်ငန်းလည်ပတ်တဲ့ဆေးရုံ ၁၁ ရုံသာရှိတော့ကာ ကျန်းမာရေးစနစ် ပြိုလဲလုဖြစ်နေပါတယ်။
သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင်မှာလည်း အစ္စရေးရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ခြောက်ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်မှာ အစ္စရေးကို ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂၀၀ သေဆုံးပြီး ၂၄၀ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း ဂါဇာမှာ လူပေါင်း ၁၈၂၀၀ သေဆုံးပြီး ငါးသောင်းကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
Ref:BBC
Photo:AP