တိုကျို၊ ဒီဇင်ဘာ-၁၈-၂၀၂၃
မျိုးဆက်(VOM)
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ရှုတ်ချလိုက်ပြီး ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
ပိုဆိုးလာတဲ့အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်မပြုဘဲ ဒေသတွင်း တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့မရဘူးလို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။
သမ္မတမားကို့စ်ဟာ ဂျပန်-အာဆီယံ ဆက်ဆံရေးနှစ် ၅၀ ပြည့် အထူးအစည်းအဝေးတက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတာဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အသင့်ရှိသင့်ကြောင်း သူက တိုက်တွန်းထားပါတယ်။
အာဆီယံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်နဲ့အညီ ကုလသမဂ္ဂ၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်တာတို့နဲ့အတူ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မားကို့စ်က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ နေရာကို မြန်မာနိုင်ငံဆီကနေ လွှဲပြောင်းရယူထားပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းကြောင်း စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ပေမယ့် ဒီအပေါ် နစကဘက် ရှုတ်ချထားပြီး ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်သဘောထားတွေမပါဝင်ကြောင်းနဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတွေ ဝင်မစွက်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
Ref:CNN/Inqirer
Photo: AP