ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၈ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၆၆၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၀၅၀၀၀ ကျပ် ဝယ်ဈေး ၃၄၆၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ဂန့်ဂေါ – ဟားခါးကားလမ်းမှာ တိုက်ပွဲတွေဖြစ်လို့ လမ်းပိတ်

    ဒီဇင်ဘာ ၊ ၁၈ ၊ ၂၀၂၃ SP( VOM)   ချင်းပြည်နယ် ၊ ဟားခါးမြို့နယ် ၊ ဘုံဇုံး (Bungzung) ကျေးရွာမှာရှိတဲ့ နစက တပ်စခန်းကို ဒီကနေ့ မနက်ပိုင်းက ဒေသတွင်း လက်နက်ကိုင်အဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ဂန့်ဂေါ – ဟားခါး ကားလမ်း ပိတ်ထားရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။   ” ဒီမနက် အစောပိုင်းကစလို့ ပစ်နေကြတာပါ ၊ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိတယ် ၊ ရွာခံတွေက ညကတည်းက ထွက်ပြေးနေရတယ်ဆိုတော့ အရေအတွက်တော့မသိရသေးဘူး၊ ဒီမနက်ပိုင်းကစလို့ ဂန့်ဂေါ – ဟားခါး ကားလမ်းပိတ်ထားတယ် ၊ အဆင်းကားနဲ့ အတက်ကားတွေ ရာဂဏန်း နီးပါး ပိတ်မိနေတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။  …

Read More

အဆမတန်ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အခက်ကြုံနေရတဲ့ ရခိုင်ပြည်သူတွေ

  ဒီဇင်ဘာ ၁၈ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်အတွင်း နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေလမ်း သွားလာမှုတွေ ပိတ်ဆို့နေတဲ့အတွက် စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့တဲ့အတွက် အဲ့ဒီ့ဒေသက ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး လက်ကျန် ကုန်ပစ္စည်းတွေမှာလည်း စံချိန်တင် ဈေးနှုန်း မြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။ “ပစ္စည်းတွေက ရှားလွန်းအားကြီးနေတော့ လက်ထဲ ပိုက်ဆံရှိနေလို့ ဝယ်ချင်ရင်တောင် ဝယ်မရဘူး။ လက်ကျန် ပစ္စည်းတွေဆိုတာလည်း ဒီဘက်မှာ ရွှေထက်တောင် အဖိုးတန်နေတယ်။ နိုင်ငံခြားငွေနဲ့ တင်သွင်းရတဲ့ ကုန်ပစ္စည်းတွေဆိုရင်လည်း ပစ္စည်း ပြတ်နေပြီ။ အသီးအရွက်၊ စားသောက်ကုန်တွေဆိုရင်လည်း ပြည်မဘက်က…

Read More

အိန္ဒိယ ကီရာလာပြည်နယ်မှာ ကိုဗစ်မျိုးကွဲ JN.1 တွေ့ရှိပြီးနောက် ကူးစက်မှုတွေ မြင့်တက်လာ

  ဒေလီ၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေမြင့်တက်လာပြီးနောက် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ သတိပေးတိုက်တွန်းထားပါတယ်။ ကိုဗစ်-၁၉ မျိုးကွဲတခုဖြစ်တဲ့ JN.1 ကို တွေ့ရှိပြီးနောက် ပြည်နယ်အတွင်းမှာ ကူးစက်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။ အဲဒီမျိုးကွဲကို အမေရိကန်နဲ့ တရုတ်တို့မှာ ယခင်က တွေ့ရှိခဲ့ဖူးပါတယ်။ အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအားလုံးဟာ JN.1 ဗိုင်းရပ်စ်မျိုးကွဲကို ဆက်လက်ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ကူးစက်မှုတွေမြင့်တက်လာတဲ့ နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၂၄ ဦးရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ထိ လေးယောက်သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုကူးစက်မှုတွေထဲမှာ JN.1 ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုဘယ်လောက်ထိရှိနေလဲဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီးနာဂျော့ကတော့ အလွန်စိုးရိမ်ပူပန်ဖို့မလိုကြောင်းနဲ့…

Read More

မြန်မာနိုင်ငံမှာ ဆိုးရွားလာတဲ့အကြမ်းဖက်မှုတွေကို အာဆီယံဖြေရှင်းဖို့ ဖိလစ်ပိုင်သမ္မတ တိုက်တွန်း

  တိုကျို၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ရှုတ်ချလိုက်ပြီး ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်မှုတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။ ပိုဆိုးလာတဲ့အကြမ်းဖက်မှုနဲ့ မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေတယ်ဆိုတာကို အသိအမှတ်မပြုဘဲ ဒေသတွင်း တည်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေးကို ဆွေးနွေးလို့မရဘူးလို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ သမ္မတမားကို့စ်ဟာ ဂျပန်-အာဆီယံ ဆက်ဆံရေးနှစ် ၅၀ ပြည့် အထူးအစည်းအဝေးတက်ရောက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေတာဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ အသင့်ရှိသင့်ကြောင်း သူက တိုက်တွန်းထားပါတယ်။ အာဆီယံအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်နဲ့အညီ ကုလသမဂ္ဂ၊ အာဆီယံ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်တာတို့နဲ့အတူ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ မားကို့စ်က ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ…

Read More

သရုပ်ဆောင် ဇဏ်ခီရဲ့မိခင်ကွယ်လွန်

  မန္တလေး၊ ဒီဇင်ဘာ – ၁၈- ၂၀၂၃ မန္တလေးမြို့မှာနေထိုင်တဲ့ နန်းရှေ့ဒေါနဘွားရပ်နေ (ဦးကြည်စိုး) ၏ ဇနီး သရုပ်ဆောင် ဇဏ်ခီ၏ မိခင်နူရ်ဂျန်းဘီဘီ (ခ) ဒေါ်ခင်ဝင်းရီ(ခ) မဒေါ်လီ အသက် ၇၂ နှစ်ဟာ ဒီကနေ့မနက်မှာ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် ကျောက်ဗလီလီမှာ ဇဟိုရ်နမားဇ်အပြီး ဂျနာဇဟ်ဖတ်မယ်လို့ ကျောက်ဗလီ လူမှုဆောင်ရွက်ရေးအသင်းကနေသိရပါတယ်။ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာ ကျောက်ဗလီကနေ အေးရိပ်ငြိမ် မွတ်စ်လင်မ် ကဘရ်စတန် ဥယျာဥ်တော်ကိုပို့ဆောင်ပြီး ဒဖွနာမည်ဖြစ်တယ်လို့ သိရပါတယ်။

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဒီဇင်ဘာ- ၁၈ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၂၅ ကျပ် ဝယ်ဈေး – ၃၄၆၅ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၀၁ ကျပ် ဝယ်ဈေး – ၂၅၅၁ ကျပ် -ယူရို ရောင်းဈေး – ၃၇၈၉ ကျပ် ဝယ်ဈေး – ၃၆၉၈ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၅၂ ကျပ် ဝယ်ဈေး – ၉၆.၁၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၃၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၆ ကျပ် ဝယ်ဈေး – ၄၆၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဒီဇင်ဘာ- ၁၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၂၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၆၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၄၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယခုနှစ်အတွင်း အကြိမ် ၂၀ မြောက် ဒုံးကျည်ပစ်ခတ်မှု မြောက်ကိုရီးယား ပြုလုပ်

  တိုကျို၊ ဒီဇင်ဘာ-၁၈-၂၀၂၃ မျိုးးဆက်(VOM) မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့ကြောင်း ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ ယခုပစ်ခတ်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ အကြိမ် ၂၀ မြောက် ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာ ဖြစ်ပြီးနိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခတ်မှုလည်း ဖြစ်ပါတယ်။ ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့ဘက်ကိုဦးတည်ကာ ဒီဇင်ဘာ ၁၇ ရက်ည ၁၀ နာရီ ၃၇ မိနစ်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒုံးကျည်ဟာ အမြင့် ၅၀ ကီလိုမီတာကနေ ၄၀၀ ကီလိုမီတာအကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဒုံးကျည်ပစ်မှုကြောင့် ပင်လယ်ပြင်မှာ လူ သို့မဟုတ် ရေယာဉ် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုဟာ နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်လာရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားမယ်ဆိုတဲ့…

Read More

This Day in History

  Voice of Myanmar အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၃ ကြိမ်မြောက် ပြင်ဆင်ချက်အရ ကျွန်ပြုခြင်း သို့မဟုတ် ကျွန်စနစ်ကို တားမြစ်ခြင်း ၁၈၆၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် တရားဝင်စတင်သက်ဝင်ခဲ့သည်။

Read More
VOM News

FREE
VIEW