အိန္ဒိယ ကီရာလာပြည်နယ်မှာ ကိုဗစ်မျိုးကွဲ JN.1 တွေ့ရှိပြီးနောက် ကူးစက်မှုတွေ မြင့်တက်လာ

 

ဒေလီ၊ ဒီဇင်ဘာ-၁၈-၂၀၂၃

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေမြင့်တက်လာပြီးနောက် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ အာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ သတိပေးတိုက်တွန်းထားပါတယ်။

ကိုဗစ်-၁၉ မျိုးကွဲတခုဖြစ်တဲ့ JN.1 ကို တွေ့ရှိပြီးနောက် ပြည်နယ်အတွင်းမှာ ကူးစက်မှုတွေ မြင့်တက်လာတာဖြစ်ပါတယ်။ အဲဒီမျိုးကွဲကို အမေရိကန်နဲ့ တရုတ်တို့မှာ ယခင်က တွေ့ရှိခဲ့ဖူးပါတယ်။

အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအားလုံးဟာ JN.1 ဗိုင်းရပ်စ်မျိုးကွဲကို ဆက်လက်ကာကွယ်ပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကူးစက်မှုတွေမြင့်တက်လာတဲ့ နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ လက်ရှိမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၃၂၄ ဦးရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ထိ လေးယောက်သေဆုံးခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုကူးစက်မှုတွေထဲမှာ JN.1 ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုဘယ်လောက်ထိရှိနေလဲဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ ပြည်နယ်ကျန်းမာရေးဝန်ကြီး ဗီးနာဂျော့ကတော့ အလွန်စိုးရိမ်ပူပန်ဖို့မလိုကြောင်းနဲ့ အခြေအနေကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ကီရာလာပြည်နယ်ရဲ့ အိမ်နီးချင်းပြည်နယ်တွေဖြစ်တဲ့ ကာနာတာကာပြည်နယ်နဲ့ တမီနာဒူပြည်နယ်တို့မှာလည်း ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC

Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW