တိုကျို၊ ဒီဇင်ဘာ-၁၈-၂၀၂၃
မျိုးးဆက်(VOM)
မြောက်ကိုရီးယား ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့ကြောင်း ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။
ယခုပစ်ခတ်မှုဟာ ၂၀၂၃ ခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ အကြိမ် ၂၀ မြောက် ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာ ဖြစ်ပြီးနိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခတ်မှုလည်း ဖြစ်ပါတယ်။
ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့ဘက်ကိုဦးတည်ကာ ဒီဇင်ဘာ ၁၇ ရက်ည ၁၀ နာရီ ၃၇ မိနစ်မှာ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒုံးကျည်ဟာ အမြင့် ၅၀ ကီလိုမီတာကနေ ၄၀၀ ကီလိုမီတာအကွာအဝေးထိ ရောက်ရှိခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ ဒုံးကျည်ပစ်မှုကြောင့် ပင်လယ်ပြင်မှာ လူ သို့မဟုတ် ရေယာဉ် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုဟာ နျူကလီးယားလက်နက်အသုံးပြုတိုက်ခိုက်လာရင် ကင်ဂျုံအန်အစိုးရ အဆုံးသတ်သွားမယ်ဆိုတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း ပြသတာဖြစ်တယ်လို့ မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။
Ref:NHK
Photo: Rodong Sinmun