ပေကျင်း၊ ဒီဇင်ဘာ-၂၀-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူ ၁၃၀ ကျော်ထိ မြင့်တက်လာတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပြီး ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်လိုက်ပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်ပြီးနောက်မှာ ဒဏ်ရာရသူတွေကို ကုသပေးဖို့နဲ့ အိုးအိမ်ဆုံးရှုံးသွားသူတွေကို ကူညီပေးတာတွေအပေါ် အာရုံစိုက်လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိတဲ့ မြေငလျင်ဟာ ဒီဇင်ဘာ ၁၈ ရက်ညက ဂန်ဆုပြည်နယ်မှာ လှုပ်ခတ်ခဲ့ပြီး လူ ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော ကယ်ဆယ်ရေးသမားတွေဟာ သုညအောက်ထိရောက်နေတဲ့ အေးခဲတဲ့ရာသီဥတုအောက်မှာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။
ဂန်ဆုပြည်နယ်ရဲ့တောင်ဘက် အိမ်နီးချင်း ကျင်ဟိုင်ပြည်နယ်မှာတော့ လူ ၁၆ ယောက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဂန်ဆုပြည်နယ်ထဲက ငလျင်ဒဏ်အဆိုးဆုံးခံခဲ့ရတဲ့ ဂျီရှန်ခရိုင်မှာတော့ ငလျင်ကြောင့် အဆောက်အအုံ ငါးထောင်ကျော်ထိ ပျက်စီးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။
လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ လူပေါင်း ၆၀၀ ကျော်သေဆုံးခဲ့တဲ့ တရုတ်အနောက်ပိုင်း ယူနန်ပြည်နယ်မှာ ၂၀၁၄ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ပြီးရင် အဆိုးရွားဆုံးဖြစ်တယ်လို့ သိရပါတယ်။
Ref:BBC
Photo:Getty Images